နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်မယ့် နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေ စစ်ဆေးမှုပိုးမတွေ့ရင် ကွာရန်တင်းဝင်စရာမလိုတော့

ဇွန် ၁၆-၂၀၂၂
VOM ( GG)

နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားအပါအဝင် ပြည်ပခရီးသွားဧည့်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးလက်မှတ်ပြသနိုင်သူတွေ RDT စစ်​ဆေးမှု ပိုးမတွေ့ပါက ကွာရန်တင်းဝင်ဖို့မလိုအပ်တော့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

” လေဆိပ်ကနေဝင်လာမယ့်သူက ကာကွယ်ဆေး မထိုးထားသူဆိုရင် ၄၈နာရီ အတွင်းဆေးစစ်ထားတဲ့အဖြေကိုပေးကို ပေးရမယ်၊အဲ့ဒါကွာမယ်။နယ်စပ်ဂိတ်ကကျ ကာပကွယ်ဆေးလက်မှတ် မပြနိုင်တဲ့သူတွေကအသွားအလာကန့် သတ်ခြင်းလုပ်မယ်။ ၃ရက်မြောက်မှာပိုးစစ် မယ်။မတွေ့ရင်ခရီးဆက်နိုင်မယ်။ နယ်စပ်မှာက ၄၈ နာရီအတွင်းဆေးစစ်ထားတဲ့ လက်မှတ်ပြနိုင်ဖို့ကတော်တော်ခဲယဉ်းတယ်ဒါ ကြောင့်ကျနော်တို့ကဆေးထိုးတဲ့ဟာနဲ့ပဲ ဖြတ်လိုက်တာ။တခြားနိုင်ငံမှာ အလုပ်လုပ်ကြတယ် တခြားနိုင်ငံကဓာတ်ခွဲခန်းမှာ ဆေးစစ်ဖို့ကခက်ခဲတယ် ဒါကြောင့်ကိုယ့်နိုင်ငံသားတွေအဆင်ပြေဖို့ လုပ်လိုက်တာပါ ၄၈ နာရီကျော်လို့လည်းမရ၊ မယ်စပ်ဂိတ်ကနေဝင်ဒါကိုပြဆိုတာက တော်တော်များများအဆင်မပြေဘူး။ “လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ကာကွယ်ဆေးက မြန်မာနိုင်ငံကို ရောက်တဲ့နေ့ မတိုင်မီ ၁၄ ရက်ကျော်က ထိုးနှံထားတာ ဖြစ်ရမှာဖြစ်ပြီး လက်မှတ်မပြနိုင်ပါက အသွားအလာကန့်သတ်ကာ ၃ ရက်မြောက်နေ့မှာ RT-PCR နဲ့ ကိုဗစ်-၁၉ စစ်ဆေးကာ ပိုးမရှိမှ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လေဆိပ်ကနေဝင်လာမယ့်သူတွေဟာ ကာကွယ်ဆေး မထိုးထားပါက ၄၈နာရီအတွင်း ဆေးစစ်ထားတဲ့အဖြေကိုပြသရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်ပိုးတွေ့သူတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တေးရုံ၊ဟိုတယ်၊ကွာရန်းတင်းစင်တာတွေမှာနေထိုင်ရမယ်လို့သိရပါတယ်။

RDT နည်းနဲ့ ကိုဗစ်ပိုးရှိမရှိစစ်ဆေးခြင်းအတွက်ကုန်ကျစရိတ်က တစ်ယောက်ကို ၁၅၀၀၀ကျပ်ဖြစ်ပြီး ခရီးသည်က ကျခံရမှာဖြစ်ကြောင်း၊ဓာတ်ခွဲအဖြေကိုတော့ နှာခေါင်းတို့ဖတ်ရယူပြီး ၁ နာရီအတွင်း ခရီးသည်ကိုအသိပေးမှာဖြစ်တယ်။နိုင်ငံခြားသားတွေအနေနဲ့လည်း RT -PCR ဓာတ်ခွဲစစ်ဆေးမှုကုန်ကျစရိတ်ကို ကျခံရမယ်လို့ သိရပါတယ်။

နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းကနေ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူရမှာဖြစ်သလို နိုင်ငံခြားသားသံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းနဲ့ မိသားစုဝင်တွေကတော့ သက်ဆိုင်ရာနိုင်ငံ​က​နေဝယ်ယူထားတဲ့ကျန်းမာရေးအာမခံတင်ပြရမယ်လို့ သိရပါတယ်။

သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာရမှာဖြစ်ပြီး၊လိုက်နာဖို့ပျက်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျန်းမာရေး #ခရီးသွား #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW