အရည်အချင်းမရှိ အာဏာစွဲလမ်းနေတယ်ဆိုကာ စစ်ဗိုလ်ချုပ်ဟောင်း ထိုင်း၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း

ဘန်ကောက်၊ ဇွန်-၁၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းအတိုက်အခံပါတီတွေဟာ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာနဲ့ အခြား၀န်ကြီး ၁၀ ဦးကို အယုံအကြည်မရှိအဆို တင်သွင်းလိုက်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်ဟာ နိုင်ငံကိုအုပ်ချုပ်ရာမှာ အရည်အချင်းမပြည့်မီကြောင်း ပြသခဲ့ပြီးအာဏာကိုစွဲလမ်းနေသူဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌထံတင်သွင်းတဲ့ အယုံအကြည်မရှိအဆိုမှာ ဖော်ပြထားပါတယ်။

အဲဒီအယုံအကြည်မရှိအဆိုကို လာမယ့်ငါးရက်အကြာမှာ ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။ ဒီဆွေးနွေးမှုဟာ လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း အာဏာရညွှန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစုရှိနေတာကြောင့် အဆိုကို အတည်ပြုကတော့ ခက်ခဲမှာဖြစ်ပါတယ်။ လွှတ်တော်နေရာ ၄၇၇ နေရာမှာ အတိုက်အခံတွေက ၂၀၈ နေရာသာရှိပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ရဲ့ ထိုင်းအစိုးရဟာ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံတွေနဲ့ ပွတ်တိုက်မှုတွေအပြင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်မြို့တော်၀န်ရွေးကောက်ပွဲကို နိုင်ငံလုံးဆိုင်ရာ မဲပေးမှုရဲ့ ပြယုဒ်အဖြစ် ရှုမြင်ခဲ့ကြပြီး ရွေးကောက်ပွဲမှာတော့ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးဟောင်တဦးက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ပရာယွတ်စစ်တပ်အကြီးအကဲအဖြစ်တာ၀န်ထမ်းဆောင်စဉ်က ခန့်အပ်ထားတဲ့ မြို့တော်၀န်က ရှုံးနိမ့်ခဲ့ပါတယ်။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW