ယူကရိန်းစစ်ပွဲ ကာလရှည်ကြာနိုင်တာကြောင့် ကြိုတင်ပြင်ထားဖို့ နေတိုးအကြီးအကဲ သတိပေး

ဘရပ်ဆယ်၊ ဇွန် ၁၉-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲဟာ ကာလရှည်ကြာနိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်းအကဲကသတိပေးလိုက်ပါတယ်။

ယူကရိန်းဟာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ကြောင်း အီးယူကထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားရဲ့ထိုးစစ်တွေအချိန်မြင့်လာချိန်မှာ နေတိုးအဖွဲ့အကြီးအကဲကအခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

ယူကရိန်းကိုခေတ်မီလက်နက်တွေထောက်ပံ့ပေးခြင်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှားရဲ့သိမ်းပိုက်မှုကနေ လွတ်မြောက်ဖို့အတွက်အခွင့်အလမ်းပိုများစေတယ်လို့နေတိုးအကြီးအကဲကပြောပါတယ်။

ယူကရိန်းစစ်ပွဲဟာနှစ်ချီ ပြီးကြာမြင့်နိုင်တဲ့အတွက် ဒီအတွက်ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီးယူကရိန်းအတွက်ထောက်ပံ့မှုတွေကိုလက်လွတ်မခံသင့်ဘူးလို့သူကပြောပါတယ်။

နှစ်ကာလရှည် ကြာမယ့်ယူကရိန်းစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ယူကရိန်းကို မနေ့က သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ အလားတူသတိပေးပြောဆိုပါတယ်။

ဒါကဘာကိုဆိုလိုလဲဆိုရင်ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားထက်ပိုပြီး ယူကရိန်းအတွက် လက်နက်ခဲယမ်းမီးကျောက်တွေလေ့ကျင့်တွေပိုမိုလိုအပ်တယ်ဆိုတဲ့ သဘောဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #ဘရပ်ဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW