ဖားကန့် မှော်စီစာမှာ ကြိုးတုပ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

ဇွန် ၊ ၂၀ ၊ ၂၀၂၂
SP(VÒM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မှော်စီစာရွာ ဆိုင်းဘုတ်နားမှာ ဒီကနေ့ ဇွန်လ ၂၀ မနက်ပိုင်း ၄ နာရီဝန်းကျင်က ကြိုးတုပ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းကို ဒေသခံတွေက တွေ့ခဲ့ရတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေ ကူညီရကြောင်း သိရပါတယ်။

” မှော်စီစာ ဆိုင်းဘုတ်နားမှာ စွန့်ပစ်ထားတာပါ ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာ မသိရသေးဘူး ၊ အလောင်းကောက်ပြီး ဖားကန့်ဆေးရုံပို့ဖို့ စီစဥ်နေတယ် ” လို့ နယ်ခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ရုံးကတော့ ” မှော်စီစာမှာ ၃ လောင်းပြိုင် စွန့်ပစ်ထားတာတွေ့ရတယ်လို့ ကနဦးကြားရတာရှိတယ် ၊ အလောင်းရောက်လာပြီးဆိုရင် အမှုဖွင့်မှာပါ ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီမနက် မှော်စီစာ ဆိုင်းဘုတ်နားမှာ စွန့်ပစ်ထားတကို တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်း ၃ လောင်းဟာ အမျိုးသား လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်ကြပြီး ကြိုးတုပ် ပစ်သတ်ထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုတာလည်း ရှိပါတယ်။

ဒါ့အပြင် ဒီလ ၁ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့်မြို့နယ် ၊ ဆိတ်မူကျေးရွာအုပ်စု ၊ ဆွတ်အောင်ကျေးရွာက အမှိုက်ပစ်တဲ့ တံတားအောက် အမှိုက်ပုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်သတ်ထားတဲ့ လူသေ ရုပ်အလောင်း ၄ လောင်းစွန့်ပစ်ထားတာကို ေတွ့ရတယ်လို့ ဆိတ်မူးကျေးရွာနယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လူသေအလောင်း၃လောင်းတွေ့ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW