မြန်မာနိုင်ငံကို ပြန်ခွင့်ရရေး ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာတွေ ဆန္ဒပြနေကြ

ဒါကာ၊ ဇွန်-၂၀-၂၀၂၂
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရ်ှအရှေ့တောင်ပိုင်း ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းက ရိုဟင်ဂျာထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံကို ဘေးကင်းစွာပြန်နိုင်ရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက စီစဉ်ပေးဖို့ ဇွန် ၁၉ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Ukhiya နဲ့ Teknaf ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ ဇွန် ၁၉ ရက်မနက်ပိုင်းမှာ စုဝေးပြီး တပြိုက်နက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုမှာ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ကမ္ဘာကသိရှိဖို့တွက် ဒီလိုဆန္ဒပြတောင်းဆိုရတာဖြစ်ကြောင်း၊ နေရပ်ကို ဘေးကင်းလုံခြုံစွာ မပြန်မီမှာ နိုင်ငံသားဖြစ်ခွင့်လိုအပ်တယ်လို့ ပွဲစီစဉ်သူ Ansar Ali က ပြောပါတယ်။

ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ချက်ချင်းလုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရိုဟင်ဂျာတွေက တောင်းဆိုခဲ့ပြီး “ အိမ်ပြန်ကြစို” “ ညှဉ်းပန်းနှိပ်စက်ခံရသော ရိုဟင်ဂျာ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တောင်းဆိုချက် ၁၉ ချက်ကို သူတို့က တောင်းဆိုခဲ့ကြပြီး ဒါတွေကိုဖြည့်ဆည်းပေးမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်လာနိုင်ပြီး ဘေးကင်းလုံခြုံစွာနေထိုင်ခွင့်ရမှာပါလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Ref: Anadolu
Photo:bdnews24
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW