ရုရှားရဲ့ ရေနံတွေ တရုတ်နိုင်ငံကို လျှော့စျေးနဲ့ ရောင်းချနေ

မော်စကို၊ ဇွန်-၂၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းအရေးကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆိုမှုတွေရှိနေပေမယ့် ရုရှားဟာ ရေနံစိမ်းတွေကို တရုတ်နိုင်ငံသို့ စျေးလျှော့ရောင်းချနေတာကြောင့် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံတင်သွင်းသူဖြစ်လာပါတယ်။

ရုရှားရဲ့ရေနံတင်သွင်းမှုဟာ အစောပိုင်းကထက် ၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော ရေနံတင်သွင်းသူ ဆော်ဒီအာရေဗျထက်ပိုပြီး မေလအတွင်းမှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကန့်သတ်ချက်တွေ၊ စီးပွားရေးနှေးကွေးမှုတွေကြောင့် ၀ယ်လိုအားကျဆင်းနေပေမယ့် ရုရှားဆီက ရေနံတွေကိုတော့ အရှိန်မြှင့်၀ယ်ယူလျှက်ရှိပါတယ်။

အရှေ့ဆိုက်ဘေးရီးယား ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ပိုက်လိုင်း အပြင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအပါအ၀င် တရုတ်နိုင်ငံသို့ ရုရှားရဲ့ ရေနံတင်ပို့မှုဟာ မေလအတွင်းမှာ တန်ချိန် ၈ ဒသမ ၄၂ သန်းနီးပါးရှိကြောင်း တရုတ်အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ယခင်က တရုတ်နိုင်ငံရဲ့ အများဆုံးရေနံတင်သွင်းတဲ့ ဆော်ဒီအာရေဗျဟာ ရေနံတင်သွင်းမှု တန်ချိန် ၇ ဒသမ ၈၂ သန်းနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW