ရေတာရှည်မြို့နယ်မှာ တရက်တည်းရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အသတ်ခံရ

ဇွန် ၂၀-၂၀၂၂
GG(VOM)

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်မှာ တရက်တည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူတွေတော့ ရေတာရှည်မြို့ ၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်ဆိုသူ နဲ့ ရေနီမြို့၊ ရဲကုန်း ကျေးရွာအုပ်စု၊ ဝါးရုံလဲကျေးရွာ ရာအိမ်မှူးအေးမင်းဆန်း ဆိုသူတို့ဖြစ်ပြီး နှစ်ယောက်လုံးဟာ မနေ့ ဇွန် ၁၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

” အုပ်ကြီးက အရင်ကလည်း သူ့အိမ်ဗုံးခွဲခံရတယ်။သူ့ကို မုန်းတဲ့သူအတော်လေးများတယ်။ အခုအပစ်ခံရတာလည်း သူ့ကွမ်းယာဆိုင်မှာပဲ။နေရာမှာ ပွဲချင်းပြီးပဲ”လို့ ဒေသခံတဦးကပြောပါတယ်။

အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာရပ်ကွက်နဲ့ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့ ဒီနေ့အထိ အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း သတင်းပေးဒလန်လို့ နာမည်ထွက်သူ ဆံရှည်ဆိုသူ ဓားနဲ့ဝိုင်းခုတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဥ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေတာရှည် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW