ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရွှေ့ပြောင်း

နေပြည်တော်၊ ဇွန်-၂၂-၂၀၂၂
VOM

ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းကြည်ကို ပြီးခဲ့တဲ့ နာရီပိုင်းက နေပြည်တော် အချုပ်ထောင်ကို ရွေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း လုံခြုံရေးအသိုင်းအဝိုင်းက သိရသလို NLD ပါတီဝင်တွေဆီကလည်းသိရပါတယ်။

မနက်ဖြန် ဇွန်လ၂၃ ရက်နေ့ ရုံးချိန်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင် အထူးတရားရုံးမှာ ရွှေ့ပြောင်းရုံးထုတ်မယ်လို့လည်း တရားသူကြီးက ဒီနေ့ရုံးထုတ်မှာ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရပြီးဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #နေပြည်တော်အချုပ်ထောင်

Related posts

Leave a Comment

VOM News

FREE
VIEW