ဖျာပုံမြို့က ဒေသခံ ၅ ဦးကို စစ်ဆေးဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွား

ဖျာပုံ ၊ ဇွန်၂၃-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်က ဒေသခံ ၅ ယောက်ကို ရဲတပ်ဖွဲ့က မနေ့ဇွန် ၂၂ရက် ညသန်းခေါင်းကျော်လောက်မှာ လုံခြုံရေးကိစ္စနဲ့မသင်္ကာလို့စစ်ဆေးဖို့ဆိုပြီး လာရောက်ဖမ်းသွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။

”ညသန်းခေါင်းယံအချိန် လာဖမ်းသွားတာပါ။ မာဂလမ်းနဲ့ ပဒုံမာလမ်းမှာနေထိုင်တဲ့လူငယ်တွေကို ဖမ်းသွားတာ။စစ်ကြောရေးကိုခေါ်သွားတာ စိတ်ပူတယ် အပြစ်ဘာမှမလုပ်ထားဘဲ ရုတ်တရက်လာဖမ်းသွားတာ။”လို့ ပတ်ဝန်းကျင်မှ မျက်မြင်တွေ့ရှိသူတယောက်ကပြောပါတယ်။

အဲ့ဒီအဖမ်းခံရသူတွေဟာ လူလတ်ပိုင်းအမျိုးသား
၃ ယောက်နဲ့ လူငယ်ပိုင်းအမျိုးသား ၂ ယောက်ဖြစ်ပြီး လက်တွေကိုကြိုးတုပ်ဖမ်းသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က”စစ်ကြောရေးကိုခေါ်သွားတာလို့သိရတယ်။ဘာကြောင့်ဖမ်းဆီးတာလည်းဆိုတာကတော့ မပြောတတ်ဖူး အပြစ်မလုပ်ထားရင် စိတ်မပူဖို့ ပြောချင်တယ်။စစ်ဆေးဖို့ဖြစ်လိမ့်မယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ဖျာပုံမြို့ပေါ်မှာ ရဲနဲ့စစ်တပ်က လှည့်လည်စစ်ဆေးတာတွေလည်းလုပ်နေပြီး လူစိမ်းတွေ တွေ့ရင် ချက်ချင်းအကြောင်းကြားဖို့ နဲ့ လက်ခံမထားဖို့
အသိပေးပြောသွားတယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ်မှာတော့ ၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း အဖမ်းခံရသူအယောက် ၈၀၀ ကျော်လောက်ရှိပြီး ပြန်လွတ်လာသူ ၁၀၀ ကျော်နဲ့ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိတယ်လို့သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ #ဖမ်းဆီမှု

Related posts

Leave a Comment

VOM News

FREE
VIEW