မလေးရှားမှာ မတော်တဆမှုကြောင့် ၁လအတွင်း မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦးသေဆုံး

ဇွန် ၂၃-၂၀၂၂
VOM ( GG)

မလေးရှားနိုင်ငံ ၊ပီနန်းဘာတာဝပ်​မြို့မှာ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၄ နှစ် အရွယ် မပြည်ခင်မယ် ဆိုသူဖြစ်ပြီး ဇာတိက ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ် ၊ နတ္တလင်းရွာကဖြစ်တယ်လို့ သိရပါတယ်။

” လမ်းဖြတ်ကူးတာမှာ ကားတိုက်ခံရတာ ။မနက်ဖြန်မှာ သဂြိုလ်မှာပါ။ သူသေဆုံးသွားတော့ အလုပ်သမားတယောက်ရပိုင်ခွင့်တွေကို ဆက်လုပ်ပေးသွားမယ် “လို့ အလုပ်သမားအရေးလုပ်ကိုင်နေသူတဦးကပြောပါတယ်။

မပြည်ခင်မယ် ရုပ်အလောင်းကို စူဘာရမ်ဂျာယာဆေးရုံအအေးတိုက်မှာပို့ဆောင်ထားပြီး ဇွန်လ ၂၅ ရက်နေ့ ဘာရပ်ပစ်သုသာန်မှာသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့သလို ငါးဖမ်းစက်လှေပေါ်မှာမတော်တဆဖြစ်ပြီးလည်း မြန်မာအလုပ်သမားတဦး သေဆုံးတဲ့​ဖြစ်စဥ်ရှိ ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မလေးရှား #မြန်မာလုပ်သား #သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW