ဥရောပသို့ ရုရှားရဲ့ ဓါတ်ငွေ့ထောက်ပံ့မှု ရပ်ဆိုင်းသွားနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ သတိပေး

ဘရပ်ဆဲလ်၊ ဇွန်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံဟာ ယခုနှစ်ဆောင်းရာသီမှာ ဥရောပသို့ ဓါတ်ငွေ့ထောက်ပံ့မှု ရပ်တန့်သွားနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။

ဒီလိုအလုံးစုံရပ်တန့်လိုက်တာဟာ ဖြစ်နိုင်ခြေအရှိဆုံးအခြေအနေမဟုတ်ဘူးလို့ ယူဆရပေမယ့်လည်း ဥရောပဒေသ နိုင်ငံတွေအနေနဲ့ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားဖို့ အစီအစဉ်တွေလိုအပ်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အကြီးအကဲFatih Birol ကပြောပါတယ်။

မကြာသေးမီ ရက်တ္တပတ်တွေအတွင်း ဥရောပနိုင်ငံအများအပြားဟာ ရုရှားရဲ့ ဓါတ်ငွေ့ကို မျှော်လင့်ထားတာထက် သိသိသာသာလျော့နည်းရရှိနေတယ်လို့ ဥရောပနိုင်ငံအများအပြားက ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားတာ၀န်ရှိသူတွေကတော့ ဒါဟာတမင်သက်သက်မဟုတ်ကြောင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ ဥရောပဒေသဟာ ရုရှားဆီက ဓါတ်ငွေ့ ၄၀ ရာခိုင်နှုန်းတင်သွင်းခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ၂၀ ရာခိုင်နှုန်းကျဆင်းသွားပြီဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW