မြင်းမူမြို့နယ်မှာ တောင်သူ ၂ ဦး အသတ်ခံရ

ဇွန် ၊ ၂၅ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ အလ္လကပ္ပကျေးရွာနားက ယာခင်းတောမှာ ၊ မနေ့ ဇွန် ၂၄ ရက် ညနေပိုင်းက ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ယာခင်းတောထဲမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသတ်ခံရတာဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်း ၂ လောင်းကိုလည်း လူမှုကူညီရေးအဖွဲ့က မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦး​က ” သေဆုံးသူ ၂ ယောက်က အလ္လကပ္ပရွာက ကိုမောင်ဇော်နဲ့ သူ့မိန်းမ မစုမြတ်တို့ဖြစ်တယ် ၊ ရွာထဲမနေရဲတဲ့အတွက် ယာခင်းတောကို စောင့်ရင်း တောပြောင်းနေတဲ့အခါ အသတ်ခံရတာပါ ၊ အမှုဖွင့်စစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ဒီလ ၂၃ ရက်ည ၈ နာရီဝန်းကျင်ကလည်း မြင်းမူမြို့ ၊ အရှေ့ပိုင်းရပ်ကွက် ၊ ညောင်ဦးဖီးရပ်ထဲမှာ ၊ အောင်ဇေယျ ရပ်ကွက်သား ကိုကျော်နိုင်ဆိုတဲ့သူ အသတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် မြင်းမူမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂ ရက်ဆက်တိုက် လူသတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းမူ #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW