နေပြည်တော်မှာ ကျောင်းဆရာ ၃ ဦး သေနတ်နဲ့ပစ်ခံရပြီး ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

ဇွန် ၊ ၂၇-၂၀၂၂
KT+SP(VOM)

နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဥ်းမနားမြို့နယ် ၊ အလယ်ချောင်း (အောက်)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှာ မနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာ ကျောင်းဆရာ၃ဦး သေနတ်နဲ့ပစ်ခံရပြီး ၁ ဦးသေဆုံကာ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အလယ်ချောင်းရွာ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

” ဖြစ်တာက ၂၅ ရက်ညအကုန် ၂၆ ရက်အကူး ဝန်းကျင်မှာဖြစ်တာပါ ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်တာ ၊ ဆရာ ဦးနေဝင်းထွန်း နဲ့ ဆရာဦးလှိုင်မင်းထွန်း တို့ ၃ ဦးဟာ ကျောင်းဝန်းထဲက ဝန်ထမ်းအိမ်ယာ လိုင်းခန်းမှာ ထမင်းစားနေတဲ့အချိန် သေနတ်သမား လူ ၂ ယောက်က ဝင်ရောက် ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ဆရာ နေဝင်းထွန်းဟာ နေရာမှာတင် သေဆုံးသွားခဲ့တယ် ၊ ဆရာ လှိုင်မင်းထွန်းကတော့ ပြင်းထန်ဒဏ်ရာရခဲ့တာ ” လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။

ဦးလှိုင်မင်းထွန်းက ပေါင်နဲ့ဝမ်းဗိုက်မှန် ဒဏ်ရာ(မစိုးရိမ်)ရနဲ့ နေပြည်တော် ခုတင် ၁၀၀၀ မှာ ဆေးကုသမှုခံယူလျက်ရှိပြီး ဦးနေဝင်းထွန်းကတော့ ဘယ်ဘက်ရင်ဗိုက်(နှလုံး) ထိမှန် သေဆုံးခဲ့ကာ ခုတင် ၁၀၀၀ ဆေးရုံ ရင်ခွဲရုံမှာ ထားရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်မှာ သေဆုံးသွားတဲ့ ဆရာ နေဝင်းထွန်း အသက် ၃၃ နှစ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ နေ့လယ် ၁ နာရီနောက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့လည်း သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်သွားတဲ့ လူ ၂ ယောက်ကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေပြီး အမှုဖွင့်အရေးယူဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW