မုံရွာမြို့ပေါ်ကို တိုက်ပွဲရှောင်လာတဲ့ လက်ပံတောင်းတောင်ဒေသခံ သောင်းနဲ့ချီပြီးရှိလာ

ဇွန် ၊ ၂၇ ၊ ၂၀၂၂
SP(VOM)

ဇွန်၂၀ ရက်နေ့ နောက်ပိုင်းကစလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် လက်ပံတောင်းတောင် ဘက်က ဒေသခံတွေဟာ မုံရွာကိုရောက်လာတာ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” မုံရွာဘက်ကမ်းကို ကူးလာပြီး တိမ်းရှောင်လာတဲ့သူတွေက သက်ကြီးရွယ်အိုတွေ ၊ နာမကျန်းတဲ့သူတွေ ၊ ကလေးသူငယ်တွေနဲ့ ကြေးနီစီမံကိန်းက Non CDM မိသားစုတွေ ပါဝင်တယ် ” လို့ ချင်းတွင်းမြစ်ကူး ၊ ကတို့လုပ်သား တယောက်က ပြောပါတယ်။

ဒါအပြင် ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ဒေသခံ တစ်ဦးပြောတာက ” ဒီတပတ်ထဲမှာ မိုးကြိုးပြင် မြောက်ရွာနဲ့ လင်းစာကျက်ရွာတွေ မီးရှို့ခံရတယ် ၊ နောက်ပြီး တုံ ၊ ရွာမ ၊ တောကျောင်း၊ ဖောင်းကထာ စတဲ့ ရွာဘက်က အိမ်တချို့လည်း မီးရှို့ခံရတယ် ၊ အသတ်ခံရလို့ လူသေဆုံးမှုတွေ မြင့်တက်လာတဲ့အခါ ရွာတွေမှာ မနေရဲတဲ့အတွက် ပြေးကုန်ကြတာ ” လို့ ပြောပါတယ်။

အဲ့ဒီလို နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ ရွာတွေကတော့ ၊ ဖောင်းကား ၊ ဝါးတန်း ၊ ရာဇကျော် ၊ မိုးကြိုးပြင် တောင်ရွာ မြောက်ရွာ အလယ်ရွာ ၊ လင်းစာကျက် ၊ ခြောက်တင်းကျ ၊ ကျောက်ဖြူတိုင် ၊ ဆည်တည်း ရွာဟောင်း ၊ ဖောင်းကတာ ၊ တောကျောင်း ၊ တုံရွာမ ၊ ရွာရှည် ၊ ညောင်ပင်ကြီး စတဲ့ ရွာတွေဘက်က ဖြစ်တယ်လို့ သိရပါတယ်။

.” နယ်မြေရှင်းလင်းရေး လုပ်ရတာက မုံရွာ ပုသိမ်ကားလမ်း ၊ မုံရွာ ညောင်ပင်ကြီး ယင်းမာပင်လမ်း ၊ ဆားလင်းကြီး လင်ငေါက်လမ်း ၊ ဆားလင်းကြီး ညောင်ပင်ကြီးလမ်းတွေမှာ မိုင်းထောင်ဖောက်ခွဲတယ် ၊ နောက်ပြီး ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ လျှပ်စစ်တာဝါတိုင်တွေကို မိုင်ခွဲဖျက်စီးတယ် ၊ နိုင်ခြားရင်းနှီးမြုတ်နှံမှု စီမံကိန်းလုပ်ငန်းတွေရဲ့ အလုပ်ဆိုက်ဘက်ကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ် အဲ့ဒါကြောင့် ဆားလင်းကြီးနယ်ဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ရတာပါ ” လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်ကို ညအချိန် လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး မြို့နားက အမ်ပီတီ ၊ တယ်လီနော ၊ အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင် ၃ တိုင်ကို မိုင်းခွဲဖျက်စီးပြီး ဖြတ်တောက်ယူဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

အဲ့ဒါအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဘက်ကို လက်လုပ် စိန်းပြောင်းတွေနဲ့ ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံံ့ထွက်ပေါ်လာပါတယ်။

အဲ့ဒီနောက် ညောင်ပင်ကြီး ပင်မ ဓာတ်အားခွဲရုံကနေကုမ္မဏီဘက်ကို ပေးပို့တဲ့ ဓာတ်အားလိုင်း တာဝါတိုင် မိုင်းခွဲဖျက်စီးခံရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #မုံရွာ #လက်ပံတောင်း

Related posts

Leave a Comment

VOM News

FREE
VIEW