မြစ်ကြီးနားမှာ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

ဇွန် ၂၇-၂၀၂၂
KK(VOM)

မြစ်ကြီးနားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မြို့နယ်အ
ထောက်အကူပြုအဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ဒီကနေ့ မနက်ကိုးနာရီက မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်က ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေတဲ့အချိန် အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်၊ စော်ဂျွန်းလမ်းမပေါ်က ဆီဆိုင်ရှေမှာ ပစ်သွားတာ ဒလန်ဆိုပြီးတော့၊ ပစ်တဲ့သူကလည်း ဆိုင်ကယ်နဲ့ပဲ ပွဲချင်းပြီးသေသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၃)၊ ရှမ်းရွာ မှာနေထိုင်တဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုအဖွဲ့ဝင်တဦးဖြစ်သူ ဦးညွန့်ဝေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရလို့ ဝဲဘက်ကျောဖောက်ဝင်၊ ယာရင်အုံ ဖောက်ထွက်ဒဏ်ရာ၁ ချက်၊ ယာနဖူးဖောက်ဝင် နောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက သေနတ်နဲ့ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူနဲ့ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #မြို့နယ်ထောက်ကူအဖွဲ့ဝင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW