ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား တဦး ဖမ်းဆီးခံရ၊ စုစုပေါင်း ဖမ်းဆီးခံထားရသူ ၁၆ ဦးအထိရှိနေ

ဇူလိုင် ၃ -၂၀၂၂
VOM (GG)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား ကိုဉာဏ်ဝင်းထက်ဆိုသူ ဖမ်းဆီးခံရပြီး စစ်ကြောရေးကို့ ပို့လိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဆီကနေ သိရပါတယ်။

ကိုဥာဏ်ဝင်းထက်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာအထူးပြုဘာသာရပ်ဒုတိယနှစ်ကျောင်းသား​ ဖြစ်ပြီး အသက် ၂၁ နှစ်ဖြစ်တယ်လို့သိရပါတယ်။

” ဒေါပုံမှာ ဇွန် ၃၀ရက် ညဘက်ကြီးအဖမ်းခံလိုက်ရတယ်၊ အခုစစ်ကြောရေးကိုပို့လိုက်ကြတယ်။ အရင်တခါ သူ့အိမ်မှာလာဖမ်းတုန်းကလည်း သူ့ကိုမတွေ့သွားဘူး။ အခု ဒုတိယအကြိမ်မှာ ဖမ်းမိသွားတာ၊ မနေ့ကမှ သိရတာ”လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း ကိုဉာဏ်ဝင်းထက်ကို နေအိမ်မှာ လာရောက်ရှာဖွေခဲ့ရာ မတွေ့သဖြင့် မိသားစုဝင်တွေကို ခေါ်ဆောင်သွားကာ ၂ရက်အကြာမှ ပြန်လွှတ်ပေးခဲ့တာ​ဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသူ မရွှေရည်ဝင်းနဲ့သူရဲ့ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး စစ်ကြောရေးကိုပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အတွင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ၁၆ ဦး ဖမ်းဆီးခံထားရပြီး ၂ ဦးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေထဲမှာ ထောင်ဒဏ် ၂ နှစ်ချခံထားရသူ ၅ ဦး၊ ထောင်ဒဏ် ၆ နှစ်ချခံထားရသူက ၁ဦး၊ထောင်ဒဏ် ၃ နှစ်ချခံထားရသူက ၂ ဦးရှိပြီး ကျန်သူတွေက သတင်းစုံစမ်းနေဆဲရှိသလို၊စစ်ကြောရေးမှာရောက်နေပြီး အဆက်သွယ်မရသူတွေ၊ တရားရင်ဆိုင်နေရဆဲသူတွေလည်းရှိတယ်လို့ သိရပါတယ် ။

ကျောင်းသားအချို့မှာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပဒေပုဒ်မ ၅ဝ(က)(ဈ)၊၅၁(ဂ) တွေနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW