ရုရှားလက်နက်သိုလှောင်ရုံကို အမေရိကန်ပေးတဲ့ ဒုံးကျည်တွေနဲ့ ယူကရိန်းတိုက်ခိုက်ဖျက်ဆီး

ကိယက်ဗ်၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းဟာ အမေရိကန်ထောက်ပံ့ပေးတဲ့ ဒုံးကျည်တွေနဲ့ Nova Kakhovka မြို့မှာရှိတဲ့ ရုရှားရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားစစ်သားဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယခုတိုက်ခိုက်မှုကို အမေရိကန်ကထောက်ပံ့ပေးထားတဲ့ Himars ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစစ်အင်အားကြီး ရုရှားအတွက် အမှန်တကယ်ထိခိုက်စေခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့လက်ထောက် Mykhaylo Podolyak ကပြောပါတယ်။ ရုရှားကတော့ ယူကရိန်းဟာ အမေရိကန်ရဲ့လက်နက်တွေနဲ့ ငြိမ်းချမ်းတဲ့မြို့တွေကို တိုက်ခိုက်နေတာလို့ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာရှိနေတဲ့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ လက်နက်သိုလှောင်ရုံတခုကို ထိမှန်ပျက်စီးခဲ့တယ်လို့ သူတို့က ပြောဆိုထားခြင်းမရှိဘဲ ဓါတ်မြေသြဇာနဲ့ ယမ်းစိမ်းတွေပါ၀င်တဲ့ ဂိုထောင်ကို ထိမှန်ခဲ့တာသာဖြစ်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းကို စတင်ကျူးကျော်ပြီး ပထမပတ်အတွင်း ခါဆွန်ဒေသက နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပေမယ့်လည်း ယူကရိန်းအရှေ့ပိုင်းကို စစ်ဆင်ရေးတွေအာရုံစိုက်နေချိန်မှာ ယူကရိန်းတပ်တွေက ခါဆွန်ဒေသမှာ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ Ref:BBC…

Read More

Kaung For You တည်ထောင်သူ ဖမ်းခံရတဲ့သတင်းထွက်နေပြီး အဆက်အသွယ်ပြတ်နေ

ဇူလိုင် ၁၃-၂၀၂၂ KK(VOM) အွန်လိုင်းအခြေပြု ပညာရေးအဖြစ်ပြုလုပ်နေတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်နေပြီး အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။ မြစ်သားမြို့နယ်ပညာရေးမှုးရုံးက CDM ပြုလုပ်ထားတဲ့ လက်ထောက်ပညာရေးမှူး ဦးကောင်းသိုက်စိုးကို ဒီကနေ့မနက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ “သတင်းကတော့ ပျံ့နေပြီ၊ အတည်ပြုဖို့ပဲ ခက်နေတာ၊ ကျွန်တော်တို့လည်း စိတ်ပူနေတာ “လို့ သူကပြောပါတယ်။ Kaung For You Education ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့မနက် ၆နာရီခွဲက “ဆရာကောင်း အဖမ်းခံရ”ဆိုတဲ့ ပိုစ့်တစ်ခုတင်ပြီးနောက် စိတ်ပူနေခဲ့ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ “အဖမ်းခံရတယ်ဆိုပြီး ကျောင်းကစပြီး Post တင်တယ်၊ ပြီးတော့ အဖမ်းမခံရဘူးလုပ်တယ်၊ အဖမ်းမခံရဘူးဆိုရင် Live လွှင့်ပြီး ရှင်းပြသင့်တယ်၊ အကုန်လုံးက စိတ်ပူလို့ပြောနေတာ”လို့ ပြောပါတယ်။ အဲ့ဒီလို…

Read More

သီရိလင်္ကာသမ္မတ နိုင်ငံတွင်းကနေ စစ်လေယာဉ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးပြီ

ကိုလံဘို၊ ဇူလိုင်-၁၃-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံံ့စီးပွားရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး လူထုဆန္ဒပြမှုတွေဖြစ်ပွားနေချိန်မှာ နိုင်ငံတွင်းကနေ စစ်လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ်သမ္မတဟာ သူ့ရဲ့ဇနီး ၊ လုံခြုံရေးအရာရှိနှစ်ဦးနဲ့အတူ မော်လ်ဒိုက်ကို ထွက်ပြေးသွားခဲ့ကြောင်း သီရိလင်္ကာလေတပ်က အတည်ပြုပြောဆိုပါတယ်။ သူတို့ဟာ မော်လ်ဒိုက်နိုင်ငံမြို့တော် မာလေးသို့ ဒေသစံတော်ချိန် နံနက် သုံးနာရီမှာ ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ သမ္မတရာဂျာပက်ဆာ ထွက်ပြေးမှုဟာ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့တဲ့ သူ့ရဲ့မိသားစုအုပ်စိုးခြင်းကို အဆုံးသတ်သွားစေခဲ့ပါတယ်။ မစ္စတာရာဂျာပက်ဆာသည် မော်လ်ဒိုက်မှာ အမြဲနေထိုင်မှာမဟုတ်ဘဲ တတိယနိုင်ငံကို သွားရောက်ဖို့ ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်တဦးကပြောပါတယ်။ သူ့ရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးလ်ရာဂျာပက်ဆာဟာလည်း သီရိလင်္ကာမှထွက်ပြေးကာ အမေရိကန်သို့ သွားရောက်နေတယ်လို့သိရပါတယ်။ ဇူလိုင် ၉ ရက်မှာ ဆန္ဒပြလူအုပ်ကြီးဟာ သမ္မတရဲ့နေအိမ်ကို ၀င်ရောက်စီးနှင်းခဲ့ပြီနောက် သမ္မတဟာ လုံခြုံတဲ့နေရာမှာ ပုန်းအောင်းနေခဲ့ပြီး ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ နှုတ်ထွက်မယ်လို့…

Read More

ဧရာဝတီတိုင်းမှာ ၁ လကျော်အတွင်း သဘာဝဘေးအန္တရာယ်၂၃ ခါဖြစ်ပွားပြီး ၃ ယောက်သေဆုံး၊ ၃ ဦးဒဏ်ရာရှိခဲ့

ဇူလိုင် ၁၃ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ ၁လကျော်ကာလအတွင်း သဘာဝဘေးအန္တရာယ် ၂၃ ခါဖြစ်ပွားခဲ့ပြီး လူ ၃ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ ”ဧရာဝတီတိုင်းမှာ ၁လကျော်ကာလအတွင်း သဘာဝဘေးအန္တရာယ်ပေါင်းစုံ ၂၃ ခါဖြစ်ပါတယ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရသူ ၃ ယောက်ရှိပြီး ဒဏ်ရာရရှိတဲ့သူကလည်း ၃ ယောက်ရှိတယ်၊ လိုအပ်တာတွေ ပံ့ပိုးပေးထားတယ်။”လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလတာဝန်ရှိသူတဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ဇွန်လ ၂ ရက်ကနေ ဇူလိုင် ၁၂ ရက်ကာလအတွင်းမှာ သဘာဝဘေးအန္တရာယ်၂၃ ခါဖြစ်ပွားခဲ့ရာ မီးဘေး ၂ ခါ၊လေပြင်းတိုက်ခတ်မှု ၇ ခါ၊မိုးကြိုးဘေး ၃ ခါ၊ကမ်းပြိုဘေး ၈ ခါ၊တောဆင်ရိုင်းတိုက်ခိုက်ခံရမှု ၂ ခါ၊ မိကျောင်းအကိုက်ခံရမှု ၁ ခါဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့သဘာဝဘေးအန္တရာယ်တွေထဲကမှ မိုးကြိုးဘေးကြောင့် သေဆုံးသူ ၃…

Read More

ရွှေဘိုမြို့က စီးပွားရေးလုပ်ငန်းရှင် ၂ ဒါဇင်ကျော် အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးခံထားရ

ဇူလိုင် ၊ ၁၃ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ၂၀ ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးခံထားရတယ်လို့ ရွှေဘိုမြို့ခံ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အသက်ဝမ်းမွေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတာ ၂ ဒါဇင်ကျော်လောက်ရှိနေပြီ ” လို့ ဒေသခံ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။ အဲ့ဒီလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” နိုင်ငံပိုင် သတင်းဌာနတွေကနေ နေ့စဥ် အသိပညာပေး ထုတ်ပြန်ပြီးဖြစ်တယ် ၊ အကြမ်းဖက်မှုဆိုင်ရာကိစ္စတွေနဲ့ မပတ်သက်ဖို့ တားမြစ်ထားတဲ့ကြားက ပတ်သက်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးတာပါ ၊ အဲ့ဒီလို မဆင်မခြင်ရပ်တည်မှုကြောင့် အဖမ်းခံထားရတဲ့သူ အရေအတွက်များတယ်”လို့ ပြောပါတယ်။…

Read More

ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ခရီးသည်တင် ကား မိုင်းထိပြီး ၁ ဦးသေ ၊ ၈ ဦး ဒဏ်ရာရ

ဇူလိုင် ၊၊ ၁၃ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ်မှာ မနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည်တချို့ ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက မနက် ၁၀ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မြစ်ကြီးနား မန္တလေး ခရီးသည်တင် မှန်လုံကား ကောင်းမြတ်ဟိန်း မိုင်းထိမှန်ပြီး ခရီးသည်တွေ ဒဏ်ရာရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ခရီးသည်တင်ကား မိုင်းထိမှန်တာနဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့…

Read More

အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီးမောင်သာနိုး ကွယ်လွန်

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် စာရေးဆရာကြီးမောင်သာနိုးဟာ ဒီကနေ့ ညနေ ၆ နာရီခွဲက ရန်ကုန် SSCဆေးရုံမှာ ကွယ်လွန်သွားတယ်လိို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။ စာရေးဆရာ ကဗျာဆရာကြီး မောင်သာနိုးကို ၁၉၃၄ ခုနှစ် မတ်လ ၁၆ ရက်က အဖဦးခင်မောင်လေး အမိဒေါ်စံမြင့်တို့က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းအစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သလို ရန်ကုန်တက္ကသိုလ်မှလည်း မြန်မာစာနဲ့မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါသေးတယ်။ ဆရာမောင်သာနိုးဟာ အထက်တန်းကျောင်းသားဘဝကပင် စာပေများ စတင်ရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ရန်ကုန်ကို ၁၉၆၇…

Read More

ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းအစုံ…

ဆူးငှက် သန်းခေါင်လေ မူးပါလို့ စမ်းရောင်ဖြူး ကြည်လို့လင်း မန်းတောင်ပေါ်ရိုးဆီက ဖိုးခေါင် ကျူးသာလှထင် (မြို့မငြိမ်း) မိုးဦးရာသီတွင် မန္တလေးသည် အလှကြီး လှနေသည်။ မိုးဦးက အထနှေးပေမယ့် ယာဉ်ရထား အသွားအလာ ကန့်သတ်ထားသည့်ကာလမို့ ကာဗွန် မီးခိုးအိတ်ဇောအငွေ့နှင့် ဆူညံအသံ နည်းပါးနေသောကြောင့် မြင်မြင်သမျှ အသစ်ရောင် လွှမ်းနေသည်။ မြို့စွန် မဟုတ်မူဘဲ မြို့နယ်နိမိတ်ထဲ လုံးလုံးရောက်ရှိနေသော မန္တလေးတောင်တော်က စိမ်းနု၊ စိမ်းရင့် ဆံကေသာတို့ဖြင့် သျှောင်ထုံးရန်ပြင်ဆင်နေချေပြီ။ သူ့ဆံကေသာမှာ မွေတော်ဓာတ်တော် ဆံထိုးရွှေရောင်၊ ဆံထိုးငွေရောင်တို့ အနှံ့အပြားထိုးစိုက်ထားချေ၏။ သည်တောင်သည် မန္တလေးကို အရှေ့မြောက်အရပ်မှ အုပ်ဆီးငုံ့ကြည့်နေသလို ရတနာပုံမ် မန္တလေးဟူသော မြို့ပြ၏မိခင်သဖွယ်လည်းဖြစ်ချေ၏။ ဤနေရာတွင် မြို့ပြမခေါ်မီကတည်းက ဤတောင်တော် တည်ရှိခဲ့သည်။ ဤစန္ဒမုခိ ဘီလူးမက ရှင်တောင်မြတ်ဘုရားထံသူ၏ ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းစုံကို ပေးလှူခဲ့သည် မဟုတ်လား..။ ရှင်တော်မြတ်ဘုရားကလည်း ဤနေရာတွင် မြို့ပြကြီးတည်ထောင်နိုင်မည်ဟု…

Read More

နစကဥက္ကဋ္ဌ ရုရှားနိုင်ငံ မော်စကို ရောက်ရှိနေ

မော်စကို၊ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) နစကကောင်စီဥက္ကဋ္ဌဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတယ်လို့ ရုရှားသတင်းဌာနတွေက ဇူလိုင် ၁၂ ရက်မှာ ဖော်ပြထားပါတယ်။ သူဟာ ရုရှားနိုင်ငံကို အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂလိက အလည်အပတ်ကိစ္စနဲ့ ရောက်ရှိနေတာဖြစ်တယ်လို့ ရုရှားသံရုံးက အင်တာဖက်စ်သတင်းဌာနကို ပြောပါတယ်။ သူဟာ မြန်မာယဉ်ကျေးမှု စင်တာဖွင့်ပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ရုရှား အာကာသနဲ့ နျူကလီးယားအေဂျင်စီ တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိအားဆက်လက်ပေးသွားမယ်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့တွေ့ဆုံစဉ်မှာ ကတိပြုပြောဆိုပြီး နှစ်ရက်အကြာမှာ အခုခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ဖမ်းဆီးခံရသလို လူသန်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ Ref: Moscow Times Photo: Russia Defense…

Read More

မုံရွာမြို့မှာ ဥပုသ်ကျောင်းပြန်တွေကို လမ်းကနေ လုယက်ဓားပြတိုက်နေတဲ့ လူ ၁၁ ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၁၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သာစည်လမ်းပေါ်မှာ သွားလာနေတဲ့ သူတွေဆီကနေ သေနတ်အတုနဲ့ အုပ်စုဖွဲ့ပြီး လိုက်လံလုယက်နေသူ ၁၁ ဦးကို ဒီကနေ့ နေ့လယ်၂ နာရီဝန်းကျင်က အရပ်ဝတ်လုံခြုံရေးတွေက ဖမ်းဆီးသွားတယ်လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” ဝါဆိုလပြည့်နေ့ဆိုတော့ လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး ဘုရားသွား ကျောင်းတက်လုပ်တဲ့သူတွေများတယ် ၊အဲ့ဒီလူတွေဆီက ပိုက်ဆံအိတ်၊ ဖုန်း၊ ဆိုင်ကယ်နဲ့ လက်ဝတ်လက်စားတွေကို ဓားပြတိုက်လုယူနေတဲ့ သူတွေ ဖမ်းမိတာ “လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ဒေသခံ တယောက်က ပြောပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်ကလည်း” လမ်းပေါ်မှာ သေနတ်အတုနဲ့ အုပ်စုဖွဲ့လုယက်နေတဲ့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖမ်းမိထားတယ် ၊ အခု ညနေပိုင်းက ဖမ်းမိတာပါ…

Read More
VOM News

FREE
VIEW