ကချင်ပြည်နယ်ထဲကို ရောက်လာတဲ့ စစ်ကိုင်းတိုင်းသားအများစု ဖမ်းဆီးထောင်ချခံနေရ

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ်ထဲကို ရောက်လာတဲ့ စစ်ကိုင်းတိုင်းသား ၂ ရာကျော်ဟာ ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက လူတချို့ဟာ ထောင်ဒဏ်တွေချမှတ် ခံထားရတယ်လို့ မြစ်ကြီးနား နိုင်ငံရေးအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ” ဂိတ်တွေမှာ အဖမ်းခံရတာပါ ၊ ပြည်နယ်ဂိတ်အားလုံးနီးပါးက မှတ်ပုံတင် စစ်ဆေးတဲ့အခါ စစ်ကိုင်းတိုင်းသား (၅/ ) တွေဆိုရင် လူရော ဖုန်းပါ အသေးစိတ်စစ်တယ် ၊ ဖုန်းထဲမှာ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ပို့စ်တွေ ၊ ရှယ်ယာတွေ ၊ မန့်တွေ နဲ့ ဓာတ်ပုံတွေ တွေ့ရင် အမေးအမြန်းမရှိ ဖမ်းတယ် ၊ အဲ့ဒီလို အဖမ်းခံထားရတဲ့ စစ်ကိုင်းတိုင်းသား ( ၅ / ) ၂ ရာဝန်းကျင်ရှိမယ် ၊ တချို့လည်း…

Read More

ရန်ကုန်မြို့တော်ခန်းမဂိတ် ဗုံးပေါက် ၊ ငါးဦးဒဏ်ရာရပြီး ဖမ်းဆီးခံရသူအချို့ရှိ

ရန်ကုန်၊ဇူလိုင် ၃၀၊၂၀၂၂ KK(VOM) ရန်ကုန်၊ ကျောက်တံတားမြို့နယ် ၃၄ လမ်း ရန်ကုန်မြို့တော်ခန်းမအနောက်ဖက်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရသူအချို့ရှိတယ် လို့ ပတ်ဝန်းကျင်နေသူတွေဆီက သိရပါတယ်။ မြို့တော်ခန်းမ အနောက်ဖက်ဂိတ်မှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ဗုံးနဲ့အပစ်ခံရကာ ဂိတ်တွင်လုံခြုံရေးစောင့်နေတဲ့ စစ်သားသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့တာဖြစ်တ ယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ဗုံးပေါက်ပြီးတော့ လူနာတင်ယာဥ်တွေရောက်လာတယ်သယ်သွားတာ ငါးဦးတွေ့တယ် လူအချို့လည်းဖမ်းထားတာတွေ့တယ်”လို့ သူက ပြောပါတယ်။ ဗုံးပေါက်ကွဲမှု့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး၊စည်ပင်ဝန်ထမ်းတဦးနဲ့လမ်းလျှောက်လာသူတဦးစုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​အုပ်ချုပ်ရေးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။ “ငါးဦးဒဏ်ရာရတယ် သိပ်မစိုးရိမ်ရဘူး အခုဆေးရုံပို့ထားတယ် ဖမ်းဆီးရမိသူတွေရှိတယ် စစ်ဆေးနေတယ်”လို့ပြောပါတယ်။ လက်တလောမှာ ဆူးလေနဲ့ မဟာဗန္ဓုလပန်းခြံ တစ်ဝိုက်မှာ စစ်တပ်နဲ့ရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့…

Read More

ဟစ်တလာရဲ့နာရီကို ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ လေလံတင်ရောင်းချ

၀ါရှင်တန်၊ ဇူလိုင်-၃၀-၂၀၂၂ မျိုးဆက်(VOM) နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ နာရီတလုံးကို ဇူလိုင် ၂၉ ရက်က အမေရိကန်မှာပြုလုပ်တဲ့ လေလံပွဲတခုမှာ ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အမည်မဖော်လိုသူ လေလံဆွဲသူတဦးထံရောင်းခဲ့တဲ့ အဲဒီနာရီမှာ နာဇီအမှတ်သင်္ကေတနဲ့ ဟစ်တလာ၏ရဲ့ အမည်အတိုကောက် အေအိတ်ခ်ျဆိုတဲ့ စာလုံးလဲပါ၀င်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ ဂျာမနီ အဓိပတိဖြစ်လာတဲ့ ဟစ်တာလရဲ့မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖွယ်ရှိကြောင်း နာရီနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ကတ်တလောက်မှာ ဖော်ပြထားတယ်လို့ လေလံပွဲတာ၀န်ရှိသူတွေကပြောပါတယ်။ မေရီလန်းမှာ ပြုလုပ်တဲ့လေလံပွဲမှာ အဲဒီနာရီကို လေလံတင်ရောင်းချခြင်းမပြုမီ လေလံတင်ရောင်းချမယ့်ကိစ္စကို ဂျူးခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခင်ကနာဇီအမှတ်တရပစ္စည်းတွေကို ရောင်းချခဲ့တဲ့ လေလံပွဲရဲ့ ရည်ရွယ်ချက်ဟာ သမိုင်းဆိုင်ရာပစ္စည်းတွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း လေလံပွဲတာ၀န်ရှိသူတွေကပြောပါတယ်။ အဒေါ့ဖ်ဟစ်တလာဟာ ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း နာဇီဂျာမနီကို ဦးဆောင်ခဲ့ပြီး…

Read More

ကာလုံခေါ်ပြီး နစက သက်တမ်း နောက်ထပ် ၆ လ ထပ်တိုးမယ်

နေပြည်တော် ၊ ဇူလိုင်၊ ၃၀၊ ၂၀၂၂ KT(VOM) မကြာခင်ရက်ပိုင်းအတွင်းမှာ ကာလုံလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အဲဒီကာလုံကနေ နစကကို နောက်ထပ် ၆ လ သက်တမ်းတိုးမယ့်အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြတာက ” ထုံးစံပဲလေ ၁ နှစ်နဲ့ ၆ လ ပြည့်ပြီးဖြစ်တာကြောင့် နောက်ထပ် ကျနော်တို့ စည်းမျဥ်း စည်းကမ်းအတိုင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်ရမှာပေါ့ ခေါ်ပြီး ကျနော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က (သြဂုတ်)နောက်လ ၁ ရက်နေ့နဲ့ ၁ ရက်နေ့မတိုင်ခင် ခေါ်ဖြစ်သွားမှာပါ”လို့ VOM ကို ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ကာလုံမှာ ပါဝင်ရမယ့် အရေအတွက် ၁၁ ဦးရှိပေမယ့် တပ်မတော်အာဏာထိမ်းစဉ်က ပထမကာလုံအစည်းအဝေးမှာ ဒုသမ္မတ ဦးမြင့်ဆွေတက်ရောက်ခဲ့ပြီး နစကကို…

Read More

အာဖရိကဒေသပြင်ပ စပိန်နဲ့ဘရာဇီးမှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွား

မဒရစ်၊ ဇူလိုင်-၃၀-၂၀၂၂ မျိုးဆက်(VOM) အာဖရိကဒေသပြင်ပနိုင်ငံတွေဖြစ်တဲ့ စပိန်နှင့်ဘရာဇီးတို့မှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှုတွေ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံမှ အသက် ၄၁ နှစ်အရွယ်အမျိုးသားတဦးဟာ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးသူဖြစ်လာပါတယ်။ ဘရာဇီး နိုင်ငံမှာ လက်ရှိချိန်ထိ မျောက်ကျောက်ရောဂါကူးစက်မှု ၁၀၆၆ ဦးရှိနေပါတယ်။ ဒါ့အပြင် သံသယလူနာ ၅၁၃ ဦးရှိပြီး ကူးစက်မှု၏ ၉၈ ရာခိုင်နှုန်းကျော်ဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဖြစ်ကြောင်း ဘရာဇီးကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံမှာလည်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုကို မကြာသေးမီက ကြေညာခဲ့ပြီး ဒါဟာ ဥရောပဒေသမှာ ပထမဆုံးဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ရောဂါကူးစက်ခံထားရသူ ၃၇၅၀ ဦးရှိပြီး သူတို့ထဲက ၁၂၀ ဦး သို့မဟုတ် ၃ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆေးရုံတင်ထားရကြောင်း စပိန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မျောက်ကျောက်ရောဂါဟာ ကျန်းမာရေးဆိုင်ရာ…

Read More

ကျောက်ဖြူမှာ ရဲအုပ်ဖြစ်သူကို ရဲတပ်သားက ပစ်သတ်ပြီး သေနတ်နဲ့အတူ ထွက်ပြေးသွား

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂ SP (VOM) ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ ကျောက်ဖြူမြို့မရဲစခန်းမှာ နယ်ထိန်းခေါင်းဆောင်တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်ကို မနေ့ ဇူလိုင် ၂၉ ရက် ည ၁၀ နာရီဝန်းကျင်က ရဲတပ်သားဖြစ်သူကနေ သေနတ်နဲ့ ပစ်သတ်လို့ သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ရဲတပ်သားစိုးလင်းအောင် ဆိုသူက သူ့ရဲ့အထက်အရာရှိ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အုန်းကျော်ဌေးကို သေနတ်နဲ့ပစ်သတ်ပြီး ပစ်သတ်တဲ့ ရဲတပ်သားက လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ် ” လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ညက ၁၀ နာရီခွဲဝန်းကျင်မှာ ကျောက်ဖြူစခန်းထဲမှာ သေနတ်သံ ၅ ချက်ကြားရပြီးနောက် နယ်ထိန်းခေါင်းဆောင် ရဲအုပ်…

Read More

ဒေးဒရဲမှာ ဗုံးပေါက်ကွဲမှုကိစ္စနဲ့ NLD တိုင်းလွှတ်တော်အမတ်ရဲ့သား ၁ ဦးနဲ့ လူငယ် ၇ ဦး ဖမ်းဆီးခံထားရ

ဇူလိုင် ၃၀၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး NLD တိုင်းလွှတ်တော်အမတ်ရဲ့ သားဖြစ်သူ ၁ ဦးနဲ့မြို့ခံ ၇ ဦးကို ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”၂၈ ရက်က ၇ ဦးအဖမ်းခံထားရပြီး မနေ့က ဇူလိုင် ၂၉ ရက်က ၁ ဦးထပ်အဖမ်းခံရတာ၊ ၂၆ ရက်ကနေ့က ဗုံးလုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်တယ် ဆိုပြီးဖမ်းတာ၊NLD ပါတီကဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ရဲ့သားအပါအဝင် အဖမ်းခံရတာ လူငယ် ၈ ဦးအထိရှိလာပြီ လက်ပြန်ကြိုးတုတ်ဖမ်းသွားတာ၊ လူငယ်တွေဆိုတော့ ပြောတာဆိုတာမှားရင် ရိုက်နှက်နှိပ်စက်မှာစိုးရိမ်တယ်”လို့ မိသားစု၀င်နဲ့ရင်းနှီးတဲ့ ဒေသခံတဦးကပြောပါတယ်။ ဒေးဒရဲမြို့အဝင်ဂိတ် ၂ ခုရှိတဲ့အထဲက ရန်ကုန်တိုင်း ဘက်ကိုသွားတဲ့ ဒေးဒရဲမြစ်ကူးတံတားစစ်ဆေးရေး ဂိတ်အနီးမှာ ဇူလိုင် ၂၆ ရက် ည…

Read More

မုံရွာမြို့နယ်မှာ ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦး အပါအဝင် လူ ၄ ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက ခဝဲကျင်းရွာမှာ မနေ့ ဇူလိုင် ၂၉ ရက် ၊ နေ့လယ်ပိုင်းက စစ်သား ၁ ဦး အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး လင်းမယားပါ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက နမခ လေယာဥ်ကွင်းနားက ခဝဲကျင်းရွာမှာ ဖြစ်တယ် ၊ သေဆုံးသူတွေက အမှတ် ၇၂၇ ထပရ တပ်က တပ်သား ထွန်းနိုင်ဝင်း နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် နဲ့ သူ့မိန်းမ ဒေါ်အေးဌေး တို့ ၃ ယောက်ဖြစ်တယ်…

Read More

ပခုက္ကူခရိုင်မှာ လုယက်၊ လူသတ်မှုတွေကြောင့် အသွားအလာ အတော်ကျဲပါး

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူ ခရိုင်တခုလုံးကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေဟာ ပေါက်ကွဲမှု၊ လူသတ်လုယက်မှုတွေကြောင့် အသွားအလာမရှိသလောက်ကျဲပါးသလို ခြိမ်းခြောက်ငွေတောင်းခံတာတွေကြောင့် သီးနှံပွဲရုံတချို့ ပိတ်ထားရတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပခုက္ကူ မြိုင်လမ်းပိုင်းက လေညှင်းတောင်နား တဝိုက်မှာ တိုက်ပွဲဖြစ်တယ် ၊ ကျောက်ဆောက်ဆို မီးရှို့ခံရတယ်။ ပခုက္ကူ ပေါက်လမ်းဘက်မှာလည်း ပစ်ခတ်တာတွေရှိတယ် ၊ တခါ ပခုက္ကူ မြစ်ခြေ ဆိပ်ဖြူ လမ်းပိုင်းဘက်မှာလည်း မိုင်းတွေရှိတယ် ၊ အန္တရာယ်ဖြစ်နိုင်လို့ မသွားရဲဘူး ၊ ရေစကြို ပခုက္ကူလမ်းပိုင်းက လည်း မိသားစုကားတချို့ကလွဲ အသွားလာ အတော်ကျဲတာ ၅ရက်လောက်ရှိပြီ ” လို့ ပခုက္ကူမြို့ခံ ကားသမား တယောက်က ပြောပါတယ်။ ဒါ့အပြင် ပခုက္ကူခရိုင်တွင်းမှာ ကားလုယူခံရတဲ့…

Read More

အင်းစိန်ထောင် နှင့် လှိုင်သာယာမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့

ဇူလိုင် ၃၀၊၂၀၂၂ KK(VOM) အင်စိန်အကျဥ်းထောင်နှင့်လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်တို့မှာ မနေ့ ဇူလိုင် ၂၉ရက် ညပိုင်းက ဗုံးပေါက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မင်းစေတီဝင်ပေါက်အနီးကို ဆိုင်ကယ်စီးလားတဲ့အမည်မသိအမျိုးသားတွေက လက်ပစ်ဗုံးနဲ့လာရောက်ပစ်ခတ်ခဲ့လို့ ဗုံးပေါက်ကွဲမှု ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးနဲ့ပစ်တာ မီးကလာပျက်နေတော့ အော်ဟစ်ဆူညံသံတွေကြားရတယ်၊ အုံးဆိုပြီး နှစ်ခါတောင် ထပေါက်တယ်၊ စစ်တပ်တွေရော ရောက်လာတယ်”လို့ ပြောပါတယ်။ အင်းစိန်အကျဥ်းထောင်ကို ဗုံးနှစ်လုံးနဲ့ပစ်ခတ်ခံရသည်မှာမှန်ကန်ပြီး လိုင်းခန်း မြေကွက်လပ်ရှေ့နဲ့လူသွားလမ်းပေါ် ကျရောက်ပြီး မပေါက်ကွဲခဲ့ကြောင်း အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ “လက်ပစ်ဗုံးနဲ့ပစ်တာ လီဗာတံတော့ ပြုတ်တယ် မပေါက်ကွဲသေးဘူး၊ အဲ့ဒါကြောင့် တပ်က ယမ်းကပ်ဖောက်ခွဲပစ်လိုက်တယ်၊ ပေါက်တဲ့အသံကတော့ တပ်က ယမ်းကပ်ပြီးခွဲတဲ့အသံ”လို့ ရှင်းပြပါတယ်။ အလားတူ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၆ရပ်ကွက်၊ ချမ်းမြေ့ (၂)လမ်းမှာရှိတဲ့ အဆောင်တစ်ခုရဲ့ အနောက်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး…

Read More
VOM News

FREE
VIEW