သီရိလင်္ကာသမ္မတ ဒူဘိုင်းကိုထွက်ပြေးဖို့ကြိုးစားမှု လေဆိပ် လ.ဝ.ကကြောင့် မအောင်မြင်

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံတွင်းကထွက်ပြေးဖို့ ကြိုးပမ်းရာမှာ လေဆိပ်၀န်ထမ်းတွေက ဖိအားပေးတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ သူ့ကို ရာထူးကနေဆင်းပေးဖို့ လပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သမ္မတဟာ ဇူလိုင် ၁၁ ရက်မှာ ဒူဘိုင်းကို ထွက်ပြေးဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လေဆိပ်လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေက သူ့ရဲ့ပတ်စ်ပို့ကို တံဆိပ်တုံးထုဖို့အတွက် VIP နေရာကိုလာခွင့်မပြုခဲ့ကြောင်း၊ သမ္မတဟာ လူထုအုံကြွမှုကို ကြောက်တာကြောင့် သာမန်တန်းစီရတဲ့နေရာကိုလည်း ဖြတ်သန်းမှာမဟုတ်ဘူးလို့ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီအတွက်ကြောင့် သမ္မတရာဂျာပက်ဆာဟာ ဒူဘိုင်းကိုသွားမယ့် လေယာဉ်ကို လွဲချော်ခဲ့ပြီး ဇနီးဖြစ်သူနဲ့အတူ အနီးနားရှိ စစ်အခြေစိုက်စခန်းကိုပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း သမ္မတရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးရာဂျာပက်ဆာကိုလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်တားမြစ်ထားကြောင်း လူ၀င်ကြီးကြီးကြပ်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရဲထိပ်တန်းတာ၀န်ရှိသူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မပေးရေးအတွက် လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေအပေါ် ဖိအားကျရောက်နေကြောင်း လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းများအသင်းတာ၀န်ရှိသူတွေက ပြောပါတယ်။…

Read More

ဒေါက်တာအေးဇံ ထောင်ဒဏ်၂ နှစ် ထပ်ချခံရ

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို မနေ့ ဇူလိုင် ၁၁ရက်က မော်လမြိင်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချမှတ်တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ “မော်လမြိုင်မြို့နယ်တရားရုံးမှာ မနေ့ မနက်ပိုင်းက ဒေါက်တာအေးဇံကို ပုဒ်မ ၁၃၀ -က နဲ့ ​ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ သူတို့ကတော့ ချနိူင်သလောက် အမိန့်တွေချနေမှာပဲ၊ အခုချတဲ့ပုဒ်မက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စွဲထားအမှုကို အမိန့်ချတာ”လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ကျိုက်မရော ဗဟိုအကျဉ်းထောင်အတွင်း အထူးတရားရုံးမှာ ပုဒ်မ ၅၅ နဲ့စွဲထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း…

Read More

သီရိလင်္ကာသမ္မတသစ်အဖြစ် ရွေးချယ်ခံဖို့ အတိုက်အခံခေါင်းဆောင် စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေဆင်းတာနဲ့ သမ္မတနေရာအတွက် ရွေးချယ်ခံဖို့ ရည်မှန်းထားကြောင်း အဓိကအတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ဇူလိုင် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ အက်စ်ဂျေဘီပါတီဟာ ဒီကိစ္စအတွက် ထောက်ခံမှုရရှိဖို့ မဟာမိတ်တွေနဲ့ ဆွေးနွေးပြီးနောက် ဆာဂျစ်ပရီမာဒါဆာက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ မကြုံစဖူး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး မတ်လမှစတင်ကာ ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သမ္မတရာဂျာပက်ဆာဟာ ယခုသီတင်းပတ်အတွင်း ရာထူးကနေနှုတ်ထွက်ဖို့ စီစဉ်ထားကြောင်း ကြေညာထားပြီး ဇူလိုင် ၂၀ ရက်မှာ သမ္မတသစ်ကို လွှတ်တော်အမတ်တွေက ရွေးချယ်မှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌက ထုတ်ဖော်ပြောဆိုထားပါတယ်။ လစ်လပ်နေရာတစ်ခုဖြစ်လာပါက မိမိကိုသမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်းအတွက် မိခင်ပါတီနဲ့မဟာမိတ်တွေက သဘောတူထားကြောင်း မစ္စတာပရီမာဒါဆာက ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မစ္စတာပရီမာဒါဆာအနေနဲ့ သမ္မတရာထူးအတွက် အစိုးရ မဟာမိတ်အမတ်တွေရဲ့ ထောက်ခံမှုရရှိဖို့…

Read More

ရန်ကုန်မှာ ဒီကနေ့ ဗုံး၂ကြိမ်ပေါက်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိ

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) ရန်ကုန်က စမ်းချောင်းမြို့နယ်နဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ပေါက်ကွဲမှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဂုံးတံတားနဲ့ပန်းခြံအနီးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အမျိုးသားနှစ်ဦးကိုတော့ လူနာတင်ယာဥ်နဲ့တင်သွားတယ်ပြောတယ်၊ ကျွန်မတို့မြင်တာ မိန်းကလေးတယောက်သွေးတွေ အရမ်းထွက်နေတယ်”လို့ ပြောပါတယ်။ အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၂ ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းကားလမ်းဘေးရှိ ပန်းခြံအတွင်း ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ပန်းခြံအတွင်း မြောက်ဘက်ခြမ်းမှာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးပေါက်တော့ အကုန်ထပြေးရော လူငယ်နှစ်ယောက်ထိသွားတယ် လူနာတင်ကားနဲ့ တင်သွားတာတွေ့တယ်၊ အခုတော့ စစ်တပ်ရော ရဲတွေရော အများကြီးပဲ”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ…

Read More

အိန္ဒိယက တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မယ်

ကုလသမဂ္ဂ၊ ဇူလိုင်-၁၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမှာဖြစ်ပြီး နိုင်ငံ့လူဦးရေဟာ ၁ ဒသမ ၄ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံကိုကျော်တက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ယခုနှစ် နို၀င်ဘာလမှာ ကမ္ဘာ့လူဦးရေဟာ ရှစ်ဘီလီယံထိ ရှိလာမှာဖြစ်ပေမယ့် လူဦးရေတိုးပွားမှုနှုန်းဟာ ယခင်ကလောက် မြန်ဆန်မှုမရှိကြောင်း ကုလသမဂ္ဂကဆိုပါတယ်။ ဒါဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အနှေးကွေးဆုံးဖြစ်ပြီး ၂၀၈၀ ပြည့်နှစ်တွေမှာတော့ ကမ္ဘာ့လူဦးရေဟာ ၁၀ ဒသမ ၄ ဘီလီယံခန့်ရှိလာမယ်လို့ လူဦးရေဆိုင်ရာ ပညာရှင်တွေက ယုံကြည်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေဟာ မညီမညာတိုးပွားနေပြီး လာမယ့်နှစ် ၃၀ အတွင်းတွေ့ရှိရမယ့် လူဦးရေတိုးပွားမှုရဲ့ ထက်၀က်ကျော်ဟာ ကွန်ဂို၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ တန်ဇန်းနီးယားနိုင်ငံတို့့ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံအချို့မှာ…

Read More

ပေါင်မြို့နယ်မှာ ဆွမ်းပို့သွားတဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး

ဇူလိုင် ၊ ၁၂-၂၀၂၂ SP(VOM) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဖလပ်ကျေးရွာ ၊ အဝေးပြေးကားလမ်းမကြီးဘေးက မြေတူးထားတဲ့ ရေအိုင်ထဲမှာ ဘုန်းကြီးကျောင်း ဆွမ်းပို့သွားတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တဲ့နေရာက အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၆၉ / ၁ နားက ကျောက်တူးထားတဲ့ ရေအိုင်ထဲမှာဖြစ်တာပါ ၊ ဒီမနက် ၈ နာရီနဲ့ ၉ နာရီကြားဖြစ်မယ်၊ သေဆုံးသူတွေကတော့ မစိုးပြည့်ပြည့်စံ ၁၁နှစ် ၊ မဖြိုးသီရိ ၉နှစ် နဲ့ မခိုင်ဒါသိန်း ၁၂ နှစ် တို့ဖြစ်ပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ ၃ ယောက်စလုံးဟာ ဖလပ်ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒီမနက်ပိုင်းက…

Read More

မြန်မာနိုင်ငံမှာ အိုမီခရွန်မျိုးရိုဗီဇပြောင်းရောဂါပိုး BA.4 (၁)ဦး နဲ့ BA.5 (၅)ဦး တွေ့ရှိထား

ဇူလိူင် ၁၂-၂၀၂၂ VOM(GG) မြန်မာနိုင်ငံမှာ Omicron အိုမီခရွန်မျိုးရိုဗီဇပြောင်းရောဂါပိုး BA.4 (၁)ဦး နဲ့ BA.5 (၅)ဦး စစ်ဆေးတွေ့ရှိရတယ်လို့် ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီOmicron (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နဲ့ BA.5 တွေ့ရှိသူ ၆ ဦးဟာ ပြည်ပနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ” ၁၆ ခုစစ်တာမှာ ၆ ယောက်မှာတွေ့ရတာပေါ့ ။အကုန်လုံးကျန်းမာရေးကောင်းပါတယ်။သတ်မှတ်ရက်အတိုင်း သီးခြားထား​ပြီးကုသထားပါတယ်။ “လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ဓာတ်ခွဲနမူနာ​တွေအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၁၆ ခုကို ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research)မှာ ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးမှုအရ မျိုးရိုးဗီဇပြောင်း…

Read More

မော်လမြိုင်တရားရုံးကေန NLDလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို အပြစ်မရှိကြောင်း အမိန့်ချ

ဇူလိူင် ၁၂-၂၀၂၂ VOM (GG) အကြမ်းဖက်တိုက်ဖျက်​ရေးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီး ခံထားရတဲ့ မော်လမြိုင်မြို့နယ် NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို တရားရုံးကနေ မနေ့ ဇူလိုင် ၁၁ရက်က အပြစ်မရှိကြောင်း အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ ” ကျနော်တို့သိရတာကတော့ ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုမှာ သက်သေအထောက်အထား မပြည့်စုံလို့ စွဲချက်မခိုင်လို့ အပြစ်မရှိကြောင်း တရားသူကြီးက အမိန့်ချလိုက်တာပေါ့။ မော်လမြိုင်မြို့နယ် တရားရုံးကနေ အမိန့်ချလိုက်တာပါ။လောလောဆယ် ဒီလောက်ပဲသိရသေးတယ် “လို့ ရှေ့နေတဦးကပြောပါတယ်။ ဒေါ်နွယ်နွယ်အောင်ကို NUG ၊ CRPH ၊ PDF တွေနဲ့ပူးပေါင်းမှု၊ ငွေကြေးထောက်ပံ့​တယ်ဆိုပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့မှာ ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က)နဲ့ အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒေါ်နွယ်နွယ်အောင်ဟာ အဖမ်းမခံရခင်အချိန်က နစကဆီမှာ CRPH NUG PDF တွေနဲ့ ထိတွေ့ဆက်ဆံခြင်းမရှိကြောင်း ခံဝန်ရေးထိုးခဲ့ကြောင်း၊ ရေးထိုးပြီးနောက်မှာမှ…

Read More

ဒေသလုံခြုံရေးအတွက် ဘိုကလေးမှာ တရပ်ကွက်ကို လူငယ် ၆၀ စာရင်းကောက်

ဇူလိုင် ၁၂-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဘိုကလေးမြို့မှာ ရပ်ကွက် ၁ ခုကို လူအယောက် ၆၀ နှုန်းနဲ့ဇူလိုင် ၈ရက်ကနေ မနေ့ဇူလိုင် ၁၁ ရက်အထိ စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး စာရင်းလိုက်ကောက်နေတာ၊ ရပ်ကွက်အုပ်ကြီးတွေက စာရင်းတွေလိုက်ကောက်နေတာပါ၊ဒေသလုံခြုံရေးအတွက်ဆိုပြီးတော့ပြောပြီးကောက်တာ၊ စာရင်းပေးတဲ့သူတွေလည်းရှိတာတွေ့ရတယ်၊လူငယ်တွေကို အဓိကထားကောက်နေတာ။”လို့ ဘိုကလေးမြို့ခံတဦးကပြောပါတယ်။ ဘိုကလေးမြို့နယ်မှာ ရပ်ကွက်တခုကို လူအယောက် ၆၀ အထိ စာရင်းကောက်တာဟာ ဒေသခံတွေရဲ့လုံခြုံရေးအတွက် လုပ်ပေးတာဖြစ်တယ်လို့ဦးဆောင်စာရင်းကောက်ယူနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကပြောဆိုတယ်လို့သိရပြီး အမျိုးသားလူငယ်တွေကိုအဓိကထားစာရင်းကောက်နေတာလို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက”ဒေသလုံခြုံရေးအတွက် လုပ်တာဖြစ်လိမ့်မယ်၊ပြည်သူတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်သဘောပါ၊ပြည်သူတွေပါရင် ဘာမဆိုဖြစ်ပါတယ်၊အခုလည်း ပြည်သူတွေ လုပ်ချင်မှ လုပ်ရမှာပေါ့၊ ကိုယ့်ဒေသလုံခြုံရေးအတွက်ဖြစ်လိမ့်မယ်လို့ပဲ ပြောတတ်မယ်။”လို့ပြောပါတယ်။ ဘိုကလေးမြို့နယ်မှာ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၁ ယောက် နဲ့ သတင်းပေးလ်ို့နာမညါထွက်နေသူ ၃ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ကျောင်းဆရာ၊ဆရာမတွေအပါအဝင် ဒေသခံ ၁၀၀…

Read More

မုံရွာ – မန္တလေး ကားလမ်းမှာ ခရီးသည်တင် မှန်လုံကား ၁ စီး မိုင်းထိမှန်ပြီး လူ ၁ ဦးသေ ၊ ၁၂ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁၂ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းမြို့နယ် ၊ ခင်မွန်ကျေးရွာအနီး ၊ မုံရွာ-မန္တလေး ကားပေါ်မှာ မနေ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက ခရီးသည်တင် ကား ၁ စီး မိုင်းထိမှန်ပြီး လူသေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “ဖြစ်တာက မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၁ /၂ နဲ့ ၃ အကြား ခင်မွန်ရွားနားမှာ ဖြစ်တယ် ၊ ခရီးသည်အများအပြား ဒဏ်ရာရတယ် “လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် မိုင်းထိမှန်တဲ့ မှန်လုံယာဥ်ပေါ်မှာ လိုက်ပါတဲ့ ခရီးသည် ၁၃ ဦး…

Read More
VOM News

FREE
VIEW