သင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကို အမှုဖွင့် အရေးယူ

ဩဂုတ်လ ၅ ၊ ၂၀၂၂
GG(VOM)

နာမည်ကျော် သရုပ်ဆောင်မော်ဒယ်တွေ ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို
မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေခဲ့တယ်ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း MRTVရုပ်သံကနေ သတင်းထုတ်ပြန်ခဲဲ့ပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေ့စံတို့ကို နိုင်ငံခြား ညစ်ညမ်းဝက်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ အခကြေးငွေရယူကာ တင်လို့ဆိုပြီး နစကမှ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ နစကဘက်မှ ထုတ်ပြန်မှုအရသိရပါတယ်။

သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ ၂ ယောက်လုံးဟာ အမေရိကန်နိုင်ငံသား ဦးစီးလုပ်နေတဲ့ ညစ်ညမ်းဝက်ဆိုဘ်မှာ မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခကြေးငွေရယူပြီး ပို့စ်တင်ခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

” သင်ဇာ့ သတင်းဖတ်လိုက်ရတယ်။ သတင်းတက်လာမှသိတာ ။ စိတ်မကောင်းဘူး ” လို့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ကိုင်သူတဦးကပြောပါတယ်။

သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ်သြဂုတ်လကစပြီး လိင်အသားပေးမော်ဒယ်ရှင်ယွန်းမြတ်ရဲ့ချိတ်ဆက်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား ဦးစီးတဲ့ ညစ်ညမ်းဝက်ဆိုက်မှာ အခကြေးငွေရယူကာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ဖို့ သင်ဇာဝင့်ကျော်အမည်နဲ့အကောင့်ဖွင့်လှစ်ခဲ​့ကြောင်း၊ သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ အဲ့ဒီညစ်ညမ်းဝက်ဆိုက်မှာအခကြေးငွေရယူပြီး လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေပို့စ်တင်ခဲ့ကြောင်း၊ရရှိတဲ့အခကြေးငွေတွေကို ဝက်ဆိုဘ်က ၂၅ ရာခိုင်နူန်း နဲ့ပို့စ်တင်သူမှ ၇၅ ရာခိုင်နူန်း ခွဲဝေရရှိတယ်လို့ ဆိုပါတယ်။

နန်းမွေ့စံကလည်း ၂၀၂၀ စက်တင်ဘာလမှာ အိန္ဒိယနိုင်ငံထုတ်အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားရဲ့ ချိတ်ဆက်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား ဦးစီးတဲ့ အဲ့ဒီ ဝက်ဆိုဘ်နဲ့ရင်းနှီးကာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေချိတ်ဆက်ပေးပို့ခဲ့ကြောင်း ၊ ပို့စ်တင်သူက ၇၀ ရာခိုင်နှုန်း ရပြီး ဝက်ဆိုက်က ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိကြောင်း စိစစ်တွေရှိရတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာအမျိုးသမီးတွေစောင့်ထိန်းလိုက်နာအပ်တဲ့ ဟီရိ​ဩတ္တပတရားနဲ့ကင်းမဲ့စွာနဲ့ မြန်မာ့ယဥ်ကျေးမှုနဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပြီး မြန်မာအမျိုးသမီးများကမ္ဘာ့အလယ်မှာအထင်အမြ င်သေးစေနိုင်တဲ့ လိင်အသားပေးဓာတ်ပုံ နဲ့ ဗီဒီ ယိုဖိုင်​တွကို အခကြေးငွေရယူပြီးဝေခဲ့သူ သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ ကအရ အမှုဖွင့်အရေးယူ လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်လည်း မြန်မာ့ယဥ်ကျေးမှုကိုထိခိုက်စေပြီးမြန်မာအမျိုးသမီး တွေရဲ့အရှက်နဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေမယ့်ကိစ္စရပ်မျိုးလုပ်ဆောင်နေသူတွေကိုစိစစ်ဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ နစကမှ သတင်းထုတ်ပြန်ပါတယ်။

Photo – သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံ ဖေ့ဘုတ်

#voiceofmyanmar #VOM #သင်ဇာဝင့်ကျော် #နန်းမွေစံ

Related posts

Leave a Comment

VOM News

FREE
VIEW