ကိယက်ဗ်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရှိ Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံအနီးမှာ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်က တိုက်တွန်းလိုက်ပြီး နျူကလီးယားဘေးအန္တရာယ် အမှန်တကယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံမှာ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အိုင်အေအီးအေ အကြီးအကဲ ရာဖေးလ်မာရီယာနိုဂရော့ဆီက ပြောပါတယ်။ စက်ရုံကို ဦးတည်တိုက်ခိုက်မှု သို့မဟုတ် စက်ရုံကနေပစ်ခတ်မှုမှန်သမျှဟာ နျူကလီးယားဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မီးနဲ့ကစားနေသလိုဖြစ်နေတယ်လို့ သူကသတိပေးပြောဆိုပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံအဆောက်အဦးရဲ့ အစိတ်အပိုင်းတွေ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းဘက်ကပြောပါတယ်။ အဲဒီနျူကလီးယားစက်ရုံကို မတ်လအတွင်းမှာ ရုရှားက သိမ်းယူခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ စက်ရုံကို စစ်အခြေစိုက်စခန်းသဖွယ်အသုံးပြုနေပြီး အဲဒီနေရာကနေ အရပ်ဘက်ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေကာ အကြမ်းဖက်နည်းဗျူဟာကို အသုံးပြုနေကြောင်း ယူကရိန်းက စွပ်စွဲထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM…
Read MoreDay: August 9, 2022
ဧရာဝတီတိုင်းထဲမှာ ပြည်သူ့စစ်လုပ်ဖို့ စာရင်းထဲပါတဲ့လူငယ်တွေ မလုပ်ချင်လို့ထွက်ပြေးနေရ
သြဂုတ် ၉ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ကျုံပျော်မြိုနယ်အပါအဝင်မြို့နယ်တချို့မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အမည်စာရင်းပါတဲ့လူငယ်တွေဟာ ပြည်သူ့စစ်မလုပ်ချင်လို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ပြည်သူ့စစ်သင်တန်းတက်မယ့်သူတွေစာရင်းကို တပ်ကလာကောက်သွားပြီး အဲ့ဒီသင်တန်းတက်ဖို့ စာရင်းမှာပါတဲ့လူငယ်တွေက အခုထွက်ပြေးကုန်ကြတယ်၊စာရင်းရှိပြီးလူတွေက ပြည်သူစစ်မလုပ်ချင်လို့ မရှိကြတော့လို့ ထွက်ပြေးကုန်ကြတာပါ၊ကျွန်တော်တို့ ကျုံပျော်မြို့နယ်ထဲမှာဆို အင်းရဲမြို့၊အထောင်မြို့၊ရှားခဲကျေးရွာတွေကလူငယ်တွေထွက်ပြေးကုန်ကျတာ၊အုပ်ချုပ်ရေးမှူးတွေစာရင်းကောက်တာမဟုတ်ဘဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ အစ်မတို့အိမ်က ဘယ်သူပါတယ်၊ခင်ဗျားတို့အိမ်ကဘယ်သူပါတယ် ဒီလိုအသိပေးတာပဲလုပ်သွားတာ။”လို့ ကျုံပျော်မြို့ခံတယောက်ကပြောပါတယ်။ ကျုံပျော်မြို့နယ်ထဲက ဒေသခံ လူငယ် အယောက် ၃၀ ဟာ သက်ဆိုင်ရာက ခေါ်ယူစာရင်းကောက်ထားတဲ့ ပြည်သူ့စစ်သင်တန်းကို မတက်ချင်လို့ ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီး သာပေါင်းမြို့နယ်က လူငယ်တွေကလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ စာရင်းထဲတော့ပါသွားပေမယ့် ကြောက်လို့စာရင်းထည့်ပေးတာပဲရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ”ရွာမှာ လူအယောက် ၆၀ စာရင်းလာကောက်သွားတယ်၊ လူငယ်တွေကို အဓိကလာကောက်သွားတာ၊လုပ်ချင်တဲ့ သူတွေက တပ်နဲ့နီးစပ်သူတွေပါ မလုပ်ချင်တဲ့သူတွေက တပ်နဲ့မရင်းနှီးသူတွေပါ၊ကျွန်တော်တို့လည်း စာရင်းထဲကို ကြောက်လို့သာထည့်ပေးလိုက်ရတာ ပြည်သူ့စစ်ကို လုပ်ကို…
Read Moreမန္တလေး အိုးဘိုထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်
ဩဂုတ်-၉ -၂၀၂၂ Voice Of Myanmar (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက အိုးဘိုထောင်မှာ ဒီကနေ့ ဩဂုတ်လ ၉ ရက် မနက်ပိုင်းက ထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းက အိုးဘိုထောင်ဗူးအတွင်းအဆောင်(၂)က အဆောင်မှူးရုံးခန်းကို အကျဉ်းသားတချို့က ဝိုင်းဝန်း တောင်းဆိုမှုလုပ်ရာက ထောင်အာဏာပိုင်တွေက လူစုခွဲခိုင်းတာမှာ လူစုမခွဲလို့ ရိုက်နှက်လူစုခွဲတာရှိတယ်လို့ သတင်းရရှိပါတယ်။ ထောင်နဲ့နီးစပ်တဲ့ ယုံကြည်ရတဲ့ ရင်းမြစ်ကို VOM က ဆက်သွယ်မေးကြည့်တော့ ” မနေ့က ထောင်ဝင်စာပစ္စည်းတွေထုတ်တဲ့အချိန် နာမည်တူ အဖေမတူ အကျဉ်းသား ၂ ယောက် ပစ္စည်းထုပ်ချင်းမှားတယ်။ မှားမှန်းသိတဲ့ တယောက်က အဆောင်မှူးကိုတင်ပြတဲ့အခါ တခြားနာမည်တူတယောက်က ကော်ဖီမစ်နဲ့ မုန့်ထုပ်စားပြီးနေတယ်လို့သိရတယ်။ ဒါကိုစားမိတဲ့သူက ဒီနေ့အစားပြန်ပေးလို့ နှစ်ဦးလုံးကျေနပ်ပြီးကာမှာ ဘေးကအကျဉ်းသား တချို့က အဆောင်မှူးကို ကန့်ကွက်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်တော့ တချို့လူစုမခွဲလို့ ရိုက်ခံရတာရှိတယ် အပြင်းအထန်တော့…
Read Moreဆိုးလ်မြို့မှာ ရေကြီးရေလျှံအကြီးအကျယ်ဖြစ်ပွားပြီး လူ ၈ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ
ဆိုးလ်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားပါတယ်။ သြဂုတ် ၈ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေရေနစ်မြုပ်ကာ မြေအောက်ဘူတာရုံတွေလည်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး မြို့နဲ့ အနီးနားရှိပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အချို့ဒေသတွေမှာ မိုးရွာသွန်းမှုဟာ နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန်အမြင့်ဆုံးထိ စံချိန်တင်ခဲ့ကြောင်းနဲ့ ရက်အတန်ကြာ မိုးဆက်လက်ရွာသွန်းဖွယ်ရှိကြောင်း တောင်ကိုရီးယား မိုးလေ၀သဌာနကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဆိုးလ်မြို့မှာလူ ၁၆၃ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စာသင်ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံနေရကြောင်း ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ရေဘေးအန္တရာယ်မြင့်မားတဲ့ ဒေသမှလူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က တာ၀န်ရှိသူတွေကို အမိန့်ပေးထားပြီး သြဂုတ် ၉ရက် နံနက်မှာ ရုံးတက်ကြမယ့် ၀န်ထမ်းတွေနွှံ လိုက်ရောညီထွေဖြစ်တဲ့…
Read Moreဟိုပုံးမြို့နယ်က တိုက်ပွဲရှောင်စခန်းတွေ အလှူရှင် နည်းပါးလာတဲ့အတွက် အခက်တွေ့လာ
သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP( VOM) ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် ၊ ပန်လုံကျေးရွာသစ်က စစ်ရှောင်တွေဟာ ဒီနှစ် မိုးရာသီမှာ အလှူရှင်တွေနည်းပါးလာပြီး မိုးအဆက်မပြတ် ရွာနေတာကြောင့် စားဝတ်နေရေး ကိစ္စရပ်တွေအပြင် ကျန်းမာရေးကိစ္စတွေပါ အခက်တွေ့နေရတယ်လို့ စစ်ရှောင်တွေကူညီပေးနေတဲ့ ဟိုပုံးမြို့ခံ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။ ” အဓိက အခက်အခဲကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဖြစ်တယ် ၊ စစ်ရှောင် ၅ ရာကျော်ရှိတဲ့အနက်က ကျန်းမာရေး မကောင်းသူ ၁ ရာဝန်းကျင်ရှိတယ် ၊ စားသောက်ကုန် မလုံလောက်မှုက မိသားစုတိုင်းလိုဖြစ်နေတယ် ၊ မိုးက အဆက်မပြတ်ရွာနေတာကြောင့် ကူညီထောက်ပံ့တဲ့ အလှူရှင် အလာနည်းပြီး ဖြစ်ရတာ ” လို့ ဒေသခံ စစ်ဘေးရှောင် ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ တိုက်ပွဲရှောင်…
Read Moreအမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့နေအိမ်ကို အက်ဖ်ဘီအိုင်က အသိမပေးဘဲ ၀င်ရောက်စီးနှင်း
၀ါရှင်တန်၊ သြဂုတ်-၉-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ဖလော်ရီဒါရှိနေအိမ်ကို အက်ဖ်ဘီအိုင်အေးဂျင့်တွေက သြဂုတ် ၈ ရက်မှာ ၀င်ရောက်စီးနှင်းခဲ့ပြီး မီးခံသေတ္တာကိုပါ ဖောက်ထွင်းခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။ Palm Beachမှာရှိတဲ့ သူ့ရဲ့ Mar-a-Lago စံအိမ်ကို အက်ဖ်ဘီအိုင်အေဂျင့်များစွာက စီးနှင်းသိမ်းပိုက်ခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ပြန်ထားပါတယ်။ အဲဒီရှာဖွေမှုဟာ ဒေါ်နယ်ထရန့်လက်၀ယ်မှာရှိတဲ့ စာရွက်စာတမ်းတွေကို စုံစမ်းစစ်ဆေးမှုတရပ်နဲ့ဆက်နွယ်နေဖွယ်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါဟာ သူရာထူးမှအနားယူပြီး အိမ်ဖြူတော်မှထွက်ခွာချိန်မှာ ဖလော်ရီဒါရှိ နေအိမ်သို့ယူဆောင်သွားတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီလို စီးနှင်းရှာဖွေမှုအတွင်း အက်ဖ်ဘီအိုင်အေဂျင့်တွေက စာရွက်စာတမ်းအချို့ကို သိမ်းယူသွားကြောင်း ဒေါ်နယ်ထရန့်ရဲ့ ရှေ့နေဖြစ်သူက ခရစ္စတီနာဘော့ဘ်က ပြောပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်လို့ မိမိနေအိမ်ကို အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်စီးနှင်းဖို့ မလိုအပ်သလို သင့်တော်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒါဟာ သူ့ကိုသမ္မတအဖြစ်ထပ်မံ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားဆီးဖို့အတွက် တရားစီရင်ရေးစနစ်ကို…
Read Moreစစ်ကိုင်းတိုင်းမှာ ကုန်တင်ကား ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ၁ ပတ်အတွင်း ၅ ကြိမ်ရှိ
သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းတွေပေါ်မှာ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ကားကြီးတွေ ဓားပြတိုက်ခံရတာဟာ ဒီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ မနေ့ သြဂုတ် ၈ ရက်အထိ ၁ ပတ်အတွင်း ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ကုန်တင်ကားတွေ ဓားပြတိုက် လုယက်ခံရတဲ့ လမ်းကြောင်းတွေက ရွှေဘို မြစ်ကြီးနား အဝေးပြေးလမ်း ၊ ကလေး ၊ ကလေးဝ တမူး လမ်းနဲ့ တမူး စေတီ ဟုမ္မလင်း လမ်းတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီအပြင် ခရီးတို လမ်းပိုင်းတွေမှာလည်း ဓားပြတိုက် လုယက်ခံရတာတွေရှိတယ် “လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အဲ့ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အဝေးပြေး…
Read Moreဓာတ်မြေဩဇာစျေး ၁ သိန်း၃သောင်းနီးပါး မြင့်တက်လာပြီး ပစ္စည်းတွေ မှာမရဖြစ်နေ
ဩဂုတ် ၉-၂၀၂၂ GG (VOM) ဓာတ်မြေသြဇာစျေးနူန်း ယခုရက်ပိုင်းအတွင်းမှာ တအိတ်ကို ၁၂၅၀၀၀ ကျပ် အထိ မြင့်တက်သွားတယ်လို့ စိုက်ပျိုးရေးအရောင်းဆိုင်တွေနဲ့လယ်သမားတွေ ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိူင်လတုန်းကမှ မြေဩဇာတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၅ ပတ်လည် မြေဩဇာစျေး တအိတ်ကို ၁၀၅၀၀၀ ကျပ်သာရှိပေမယ့် မနေ့ ဩဂုတ်လ ၈ ရက်နေ့မှာတော့ မြေဩဇာတအိတ်ကို ၁၂၅၀၀၀ ကျပ်အထိ စျေးမြင့်တက်သွားတာဖြစ်ပါတယ်။ အခုလို မြေဩဇာစျေးတက်တာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးအရောင်းဆိုင် တခုက ” ကုမ္ပဏီကကို ပစ္စည်းမှာမရတော့ဘူး ၊အခုလောလောဆယ် မှာလို့မရဘူး ။ နောက်ပြီး စျေးတွေကလည်း ဟိုမှာကိုတက်နေတာဆိုတော့ ကျမတို့လည်း ရှိတာကို တက်ရောင်းရတဲ့သဘော။ ကျမတို့တင်မဟုတ်ဘူး ဆိုင်တိုင်းအဲ့ဒီလိုပဲ စျေးအကုန်တက်ရောင်းတယ် ” လို့ ပြောပါတယ်။ မြင်းပျံ ပုလဲ ဓာတ်မြေဩဇာက ၁၀၅၀၀၀ ကျပ် ဖြစ်သွားတယ်လို့…
Read Moreစစ်ကိုင်းတိုင်းမှာ ၈ လအတွင်း ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်
သြဂုတ် ၊ ၉ ၊ ၂၀၂၂ SP( VOM) ဒီနှစ် ဇန္နဝါရီကနေ သြဂုတ် ၉ ရက်အထိ ၈ လအတွင်း စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးရခံပြီး မီးလောင်ပြင်တချို့မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ရွာပေါင်း ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ လူနေအိမ်နဲ့ အခြား အဆောက်ဦး ထောင်နဲ့ချီပြီး ဆုံးရှုံးတယ် ၊ လူသေဆုံးမှုဟာလည်း ရာဂဏန်း နီးပါး ရှိနေတာ ” လို့ စစ်ကိုင်းတိုင်း ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က လူနေအိမ်နဲ့ အဆောက်ဦး ၁၅၈ လုံး မီးရှို့ခံထားရတဲ့ ရေဦးခရိုင်…
Read More