ရွှေဘို-မြစ်ကြီးနားလမ်းမှာ ဘိလပ်မြေသယ်လာတဲ့ ကား ၁ စီးကို အမည်မသိလက်နက်ကိုင်က ဖမ်းဆီးထိန်းသိမ်း

သြဂုတ် ၊ ၄ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာအနီး ၊ ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ မနေ့ သြဂုတ် ၃ ရက် ၊ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်က ဘိလပ်မြေတွေ သယ်ယူလာတဲ့ နောက်တွဲယာဥ် ကားတစီးကို အမည်မစိ လက်နက်ကိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ကားက နောက်တွဲယာဥ် ကားကြီးဖြစ်တယ် ၊ နတ်မဟုတ်ရွာနားအရောက်မှာ အတိုက်ခံရတာပါ ၊ အသင့်စောင့်နေတဲ့ ကား ၄ စီးက ၊ တွဲကားပေါ် ပါလာတဲ့ ဘိလပ်မြေ အိတ်တွေကို ပြောင်းတင်ပြီး ယူသွားတယ် ၊ ဘိလပ်အိတ် ၇ ရာဖြစ်တယ်၊ ဘိလပ်မြေကားသမား ၂…

Read More

စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ထိပ်ပိုင်းအရာရှိတဦးကို အေအေက ဖမ်းဆီး

ဩဂုတ် ၄- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ ဩဂုတ် ၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်း အရာရှိတဦးကို အေအေတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက “ကျနော်တို့ကတော့ ဖမ်းဆီးသွားသူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲ ဒီလိုမျိုး ဖမ်းဆီးတာတွေ မဖြစ်စေချင်ပါဘူး” လို့ VOMကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်းအရာရှိဟာ ဒုတိယဗိုလ်မှူးအကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်းဆိုသူဖြစ်ကြောင်း မနေ့ ဩဂုတ်လ ၃ ရက်နေ့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ စာမေးပွဲဖြေဆိုရတော့မယ့် ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင်လည်း ပါသွားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြောပါတယ်။ အဲဒီ ၈ တန်းကျောင်းသားဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တဦးရဲ့ မိသားစုဝင်ဖြစ်ပြီး စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးသင်ကျောင်းမှာ ပညာသင်ကြားနေတာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ…

Read More

ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ဒေသခံတွေ ဆန်ဝယ်ယူရဖို့ ခက်ခဲနေ

သြဂုတ် ၊ ၄ ၊ ၂၀၂၂ SP (VOM) ချင်းပြည်နယ် တောင်ပိုင်း ၊ ရခိုင်ပြည်နယ် အစပ်က ပလက်ဝမြို့နယ်မှာ AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေက ဆန်ဝယ်ယူတဲ့အခါ လိုသလောက် ဝယ်ယူမရတာကြောင့် အခက်တွေ့နေရတယ်လို့ ပလက်ဝဒေသခံတွေဆီက သိရပါတယ်။ ” ဒီလ ၁ ရက်ကစပြီး နှမဒါရွာနဲ့ လယ်လှသူဌေးကုန်းရွာကြားမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ မနေ့ကအထိ ပစ်ခတ်နေတုန်းပါ ၊ တိုက်ပွဲရက် ကြာလာတာကြောင့် ဆန်ဝယ်သွားတဲ့အခါ ဆန်းက လိုသလောက် ဝယ်လို့ မရဘူး ၊ တခြား စားသောက်ကုန်တွေလည်း အလုအယက်ဝယ်ကျတော့ ပြတ်သလောက်ဖြစ်နေတယ်”လို့ ပလက်ဝ ဒေသခံတယောက်က ပြောပါတယ်။ ပလက်ဝနယ်မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာတဲ့အတွက် အခုလ ၁ ရက်နေ့ကစပြီး ဒေသခံတွေဟာ ဆန်တွေ ဝယ်ယူစုဆောင်းနေတာ…

Read More

ရန်ကုန်မှာ သုံးရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ငါးကြိမ်လုပ်ကြံခဲ့တာမှာ လေးဦးသေ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၄၊ ၂၀၂၂ KK(VOM) ရန်ကုန်ကတွံတေး၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ကွမ်းခြံကုန်းနဲ့ သာကေတမြို့နယ်တွေမှာ သုံးရက်တာအတွင်း ပစ်ခတ်မှုငါးကြိမ်ဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှုးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ရာအိမ်မှုးတစ်ဦးနဲ့ ဆယ်အိမ်မှူးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တွံတေးမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ သြဂုတ်လ ၁ ရက်နေ့က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေရဲ့ပစ်ခတ်မှုကြောင့် တွံတေးမြို့နယ် ဘီခိုကျေးရွာက ရပ်မိရပ်ဖဦးသိန်းဝင်း သေဆုံးခဲ့ပြီး တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာတော့ ရာအိမ်မှူး ဦးကျော်နိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်နဲ့ကွမ်းခြံကုန်းမြို့နယ်မှာ သြဂုတ်လ ၂ရက်က ပစ်ခတ်မှုဖြစ်ခဲ့ရာ ၊ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ထွန်းနဲ့ ဇနီးဒေါ်ဟေမာလွင် သေဆုံးခဲ့သ လို ကွမ်းခြံကုန်းမြို့နယ် အောင်မင်္ဂလာကျေးရွာက ဆယ်အိမ်မှူးဦးမျိုးမင်းခိုင် လည်းသေဆုံးခဲ့ပါတယ်။ မနေ့ ဩဂုတ် ၃ရက် ညက သာကေတမြို့နယ်၊(၆) ရပ်ကွက်၊ ဝေဇယန္တာ ၁၅ လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေ ရဲ့ပစ်ခတ်မှုကြောင့် ဆယ်အိမ်မှူးညီညီလွင် ဆိုသူလည်း…

Read More

ရေကြည်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ဦး ဖမ်းမိချိန် ကားမောင်းပြေးလို့ ၁ ဦး ပြုတ်ကျသေဆုံး

သြဂုတ် ၄- ၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်း သွားတဲ့ကားလမ်းပေါ်မှာ မနေ့ သြဂုတ် ၃ ရက် မနက် အစောပိုင်းက နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ယောက်ကို ဖမ်းမိခဲ့ပြီး ဖမ်းမိတဲ့ ၂၅ ယောက်ထဲက ကားမောင်းပြေးလာတဲ့အချိန် အထောက်အထားမဲ့သူ အမျိုးသမီး ၂ ယောက် ကားပေါ်ကနေ ပြုတ်ကျပြီး ၁ ယောက်သေဆုံးသွားကာ ၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ နိုင်ငံသားအထောက်အထားမဲ့သူ ၂၅ ယောက်ကို းဂွ-ငါးသိုင်းချောင်းသွားတဲ့ကားပေါ်မှာကားနဲ့မောင်းလာချိန် ဖမ်းမိခဲ့တာဖြစ်ပြီး အဲ့ဒီ ၂၅ ယောက်ထဲက နိုင်ငံသား အထောက်အထားမဲ့သူ အမျိုးသမီး ၂ယောက်ဟာ ကားမောင်းလာစဉ် မိုင်တိုင်အမှတ် ၄၄/၀ နဲ့ ၄၄/၁ ကြားမှာ ကားပေါ်ကနေ ပြုတ်ကြပြီး ၁ ယောက်က ဦးခေါင်းပွင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”အားလုံးဖမ်းမိတာ ၂၅ ယောက်ပါ၊…

Read More

ပခုက္ကူခရိုင်ထဲမှာ လက်သည်မပေါ်ပဲ အသတ်ခံထားရသူ ၁ နှစ်အတွင်း ၂ ရာဝန်းကျင်ရှိ

သြဂုတ် ၊ ၄ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက ရေစကြို ၊ မြိုင် ၊ ပေါက် ၊ ဆိပ်ဖြူ နဲ့ ပခုက္ကူ စတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ ဒီနှစ် ဇူလိုင် အထိ ၁ နှစ်အတွင်း လက်သည်မပေါ်ပဲ အသတ်ခံရတဲ့ လူပေါင်း ၂ ရာဝန်းကျင်ရှိတယ်လို့ ပခုက္ကူဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။ ” ပခုက္ကူခရိုင် ၄ မြို့နယ်ထဲမှာ အသတ်ခံရသူ ၂ ရာဝန်းကျင်ရှိတယ် ၊ အသတ်ခံရတဲ့သူတွေက ပညာရေး ဝန်ထမ်းတွေ ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ၊ ဝန်ထမ်း မိသားစုဝင်တွေ ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ ဘုန်းကြီးတွေနဲ့…

Read More

ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဝင်းစိန် မန္တလေးမှာ ဖမ်းဆီးခံရ

သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ ဦးဟာ မန္တလေးမှာ ဆေးကုသခံနေချိန် သြဂုတ် ၁ ရက်က ဖမ်းဆီးခံလိုက်ရတယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဟုမ္မလင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းစိန် အဖမ်းခံရတာပါ ၊ သူက ကျန်းမာရေး မကောင်းလို့ မန္တလေးက ဆေးရုံတခုမှာ ဆေးကုသနေရင်း အဖမ်းခံရတာ “လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ အဖမ်းခံရတယ်ဆိုတဲ့ ကိုကျော်ဝင်းစိန် ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလပိုင်းကစပြီး ဟုမ္မလင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းက”ဒီလ ၁ ရက်နေ့က ကျော်ဝင်းစိန် အဖမ်းခံရတယ် ၊ မနေ့ သြဂုတ် ၂ ရက်က လေယာဥ်ခရီးစဥ်နဲ့ မန္တလေးကနေ…

Read More

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်းတွေ့ဆုံခဲ့

နေပြည်တော် ၊ဩဂုတ် ၃၊ ၂၀၂၂ KT(VOM) မြန်မာနိုင်ငံကို အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဟာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ယနေ့ ဩဂုတ်(၃)ရက်နေ့နေ့လယ်မှာတွေ့ဆုံခဲ့သလို မနက်ပိုင်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ #voiceofmyanmar #VOM #ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်

Read More

ရေးမြို့ လ.ဝ.ကရုံးမှာ ပစ်ခတ်မှုဖြစ်ပြီး ဝန်ထမ်း၂ဦး သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့

ဩဂုတ် ၃-၂၀၂၂ VOM (GG) မွန်ပြည်နယ်၊ ရေးမြို့နယ် လ၀ကရုံး မှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဝန်ထမ်း ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နေ့လယ် ၁၂ နာရီလောက်က ပစ်ခတ်မှုဖြစ်တာ ။ ကျနော်တို့ ကြားတာ ၄ ယောက်ထိတာမှာ ၂ ယောက်သေတာပေါ့။ လောလောဆယ်တော့ ရာထူးတွေဘာညာမသိရသေးဘူး၊ ကျန်တဲ့သူတွေကို ဆေးရုံကိုပို့လိုက်တယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ လဝကရုံးပစ်ခတ်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်တာရှိခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်း စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။ ရေးမြို့လဝကရုံး ပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီအဖွဲ့ဟာ ရေးမြို့နယ်ထဲက Non CDM ဝန်ထမ်းတွေကို တာဝန်ကနေနူတ်ထွက်ဖို့ သတိပေးထားတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar…

Read More

မုံရွာ စက်မှုဇုန် လုပ်ငန်းရှင်များစုပေါင်းရုံးနဲ့ သင်တန်း ခန်းမဆောင် မီးလောင်

သြဂုတ် ၊ ၃ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြို့ရှောင်လမ်းဘေးမှာရှိတဲ့ စက်မှုဇုန်ရုံးနဲ့ ခန်းမဆောင်ဟာ မနေ့ သြဂုတ် ၂ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မုံရွာစက်မှုဇုန် ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” စက်မှုကျွမ်းကျင် သင်တန်းတို့ ၊ လူကြီးအစည်းဝေးတို့ လုပ်တဲ့ ခန်းမဆောင်နဲ့ စက်မှုဇုန် လုပ်ငန်းရှင်များ အသင်းရုံး မီးလောင်တာပါ ၊ ညက ၁၁ နာရီဝန်းကျင်မှာ လောင်တယ်၊ ရှို့မီးကြောင့် လောင်တာပါ “လို့ စက်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ မီးလောင်သွားတဲ့ စက်မှုဇုန်ရုံးနဲ့ခန်းမဟာ မုံရွာ စက်မှုထွက် ထုတ်ကုန်တွေ ခင်းကျင်းပြသတဲ့နေရာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ လူကြီးတွေ မကြာခဏ ဝင်ထွက်သွားလာတဲ့နေရာတခုဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီ မီးလောင်ဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို မုံရွာခရိုင်…

Read More
VOM News

FREE
VIEW