ဖနွမ်းပင် ၊ သြဂုတ်-၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို သေဒဏ်စီရင်မှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင် အာဆီယံရဲ့ အခန်းကဏ္ဍနဲ့ မြန်မာနဲ့ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ပြန်စဉ်းစားရမယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သြဂုတ် ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖနွမ်းပင်မှာကျင်းပတဲ့ ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြာရေး၀န်ကြီးများအစည်းအဝေးမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်သူ ဟွန်ဆန်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ မကြာသေးမီက သေဒဏ်ပေးကွပ်မျက်မှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှု ၊ ငြိမ်းချမ်းရေးနဲ့ ြ့ပန်လည်သင့်မြတ်ရေးတို့အတွက် ကမ္ဘောဒီးယားအပါအ၀င် အာဆီယံအဖွဲ့၀င်နိုင်ငံတွေက သေဒဏ်ပေးကွပ်မျက်မှုမလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက ဆက်လက်စီရင်ခဲ့တဲ့အပေါ် အကြီးအကျယ်စိတ်ပျက်မိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ထပ်ပြီးကွပ်မျက်နေဦးမယ်ဆိုရင် ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍကိုပြန်စဉ်းစားရမယ်လို့ သူကပြောပါတယ်။…
Read MoreMonth: August 2022
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်၀မ်ရောက်ရှိချိန်မှာ ကျွန်းအနီးစစ်ရေးလေ့ကျင့်မယ်လို့ တရုတ်စစ်တပ်ထုတ်ပြန်
ပေကျင်း၊ သြဂုတ်-၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုရောက်ရှိနေချိန်မှာ ထိုင်၀မ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ ပလိုစီထိုင်၀မ်ရောက်ပြီး သိပ်မကြာခင်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီးမှာ ပြုလုပ်သွားမှာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တာဝေးပစ် ဒုံးကျည်ပစ်ခတ်မှုတွေလည်းပါ၀င်မယ်လို့ အရှေ့ပိုင်းစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်အနီး နေရာခြောက်ခုရှိ ဝေဟင် ၊ ရေပြင်မှာ အရေးကြီးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့လယ်ပိုင်းကစပြီး စစ်ရေးလေ့ကျင့်မှုပြုဖို့သတ်မှတ်ထားတဲ့နေရာတွေကို သင်္ဘောတွေနဲ့ လေယာဉ်တွေမ၀င်ရောက်ဖို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ပြည်မကြီးကနေ ခွဲထွက်လိုတဲ့ ထိုင်၀မ်အင်အားစုတွေကို မှားယွင်းတဲ့သတင်းစကား ပေးပို့ခဲ့တာဖြစ်ပြီး ထိုင်၀မ်ရေလက်ကြားမှာ တင်းမာမှုတွေ ပိုမိုဆိုးရွားစေတယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနက သြဂုတ် ၂ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Ref: NHK Photo:AP #voiceofmyanmar…
Read Moreကျောင်းလုံခြုံရေးကျ စစ်သားတဦး ဓားနဲ့ထိုးခံရလို့ ပစ်ခတ်ဖမ်းဆီးချိန် ၉ တန်းကျောင်းသားတဦး သေနတ်မှန်သေဆုံး
သြဂုတ် ၃-၂၀၂၂ VOM (GG) ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်မြို့နယ်၊သရေခေတ္တရာပျူမြို့ဟောင်းထဲက မှော်ဇာရွာရှိ အ.ထ.က စာသင်ကျောင်းခွဲမှာ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့မနက်ပိုင်းက လုံခြုံရေးယူနေတဲ့ စစ်သားကို အဖြူအစိမ်းဝတ်ထားသူတဦးက ဓားနဲ့၀င်ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဓားနဲ့ထိုးသူဟာ ထွက်ပြေးသွားတာကြောင့် လုံခြုံရေးတပ်တွေက သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးချိန် ကျောင်း၀င်းအတွင်းက ၉ တန်း ကျောင်းသားတဦး သေနတ်မှန်ကာ ပြည်မြို့ဆေးရုံကြီးမှာ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ “မှော်ဇာစျေးနား အထက်တန်းကျောင်းမှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားကို ကျောင်းသား အယောင်ဆောင်ဝင်ထိုးတာ အဖြူအစိမ်းဝတ်ပြီး။ ထိုးတဲ့သူက လွတ်သွားတယ်။ ထိုးတဲ့သူကို ပစ်ဖမ်းချိန် ကလေးတွေက ကြောက်အားလန့်အားနဲ့ပြေးချိန် ၉ တန်းကျောင်းသားကို ပစ်မိတာ၊ ကလေးကသေပြီ “လို့ မှော်ဇာဒေသခံတဦးကပြောပါတယ်။ ဓားနဲ့အထိုးခံရတဲ့ စစ်သားကတော့ ကပစ(၅)တပ်မှ တပ်သားအောင်မြင့်မြတ်ဆိုသူဖြစ်ပြီး အသက်သေဆုံးတာမရှိဘဲ ထိခိုက်ဒဏ်ရာသာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ လက်ရှိမှာ ကျောင်းသားတွေကို…
Read Moreဖားကန့်မှာ စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး ပစ်သတ်ခံရ
သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က စျေးဝယ်လာတဲ့ ဒုရဲမှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်မြို့ခံတွေဆီက သိရပါတယ်။ ” ဆိပ်မူးရွာနားမှာ အထိုင်ချတဲ့ ရဲတပ်ရင်း ၃၀ က ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာပါ ၊ စျေးဝယ်ပြီး ကားပေါ်ပြန်အတက်မှာ နောက်ကနေ ၁၀ ချက်လောက် ပစ်တာ ” လို့ ဖားကန့်ဒေသခံ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ဒုရဲမှူး ကိုကိုလွင်ဟာ ရရှိဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ဒုရဲမှူး ကိုကိုလွင် အပစ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့…
Read Moreရန်ကုန် – မန္တလေး အမြန်လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အလောင်း၂ လောင်းတွေ့
သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ၊ ယဥ်တော်စံကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၄/ ၄ ဖာလုံ ဝန်းကျင်မှာ မနေ့ သြဂုတ် ၂ ရက် ညနေပိုင်းက စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ အမရပူရမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ အသက် ၃၇ နဲ့ ၃၅ အရွယ် အမျိုးသား ၂ ယောက်ရဲ့ အလောင်းတွေဖြစ်တယ် ၊ စုံစမ်းနေတုန်းဆိုတော့ အခုချိန်အထိ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးဘူး ၊ သူတို့ ၂ ယောက်လုံးက အသတ်ခံထားရတာ ” လို့ ဒေသခံ…
Read Moreပုထိုးလုံး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၂၀ ကျော်ကို ယောPDF က ပြန်လွတ်ပေး
သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ ကျောမြို့ဧရိယာမှာရှိတဲ့ ပုထိုးလုံး သဘာဝ ဓာတ်ငွေ့သုံး ၁၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်ပေး စက်ရုံကနေ ဖမ်းဆီးခံလိုက်ရတဲ့ စက်ရုံ ဝန်ထမ်း ၂၀ ကျော်ကို ယော PDF အဖွဲ့က မနေ့ သြဂုတ် ၂ ရက်မှာ ပြန်လွတ်ပေးလိုက်လို့ လွတ်လာကြတယ်လို့ ကျောမြို့ခံတွေဆီက သိရပါတယ်။ .” အဖမ်းခံရတဲ့ စက်ရုံဝန်ထမ်းက ၂၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီအထဲက ဝန်ထမ်း ၂၃ ယောက်ကို မနေ့ မနက်ပိုင်းက ပြန်လွှတ်ပေးတယ် ၊ စက်ရုံးမှူး ဦးမင်းအောင် ကတော့ သူ့တို့ဖမ်းထားမြဲဖြစ်ပြီး ထိပ်တုံးခတ်ထားတာ ” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ထမ်း…
Read Moreရန်ကုန် – ပုသိမ် ကားလမ်းမှာ ကွန်တိန်နာ ကားနဲ့ ထော်လာဂျီတိုက်မိလို့ ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရ
သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) ဧရာဝတီတိုင်း ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မင်းဆယ်အုပ်စု၊ လှိုင်းတာကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၃/၃ နဲ့ ၄ အကြားမှာ မနေ့ သြဂုတ် ၂ ရက် ၊ ညပိုင်းမှာ ကွန်တိန်နာကားနဲ့ ထော်လာဂျီယာဥ် တိုက်မိပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပန်းတနော် လူမှာကူညီရေး အသင်းဆီက သိရပါတယ်။ ” ထော်လာဂျီယာဥ်နဲ့ ကွန်တိန်နာ တိုက်မိတာပါ ၊ ထော်လာဂျီယာဥ်ပေါ်မှာ လူ ၉ ယောက်ပါတယ် ၊ အဲ့ဒီထဲက ဒဏ်ရာရသူ ၅ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိတယ် ” လို့ ပန်းတနော် ရှာဖွေကယ်ဆယ်ရေး မီးသတ်တယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ…
Read Moreရေဦးမြို့နယ်ရဲ့ ဒုတိယ အကြီးဆုံး တင်းတိန်ရံစျေးကြီး မီးရှို့ခံရလို့ ရွာပေါင်း ၄၀ ကျော် ကုန်စည်ပြတ်လပ်နေ
သြဂုတ် ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ်မှာ ဒုတိယ အကြီးဆုံး စျေးကြီးဖြစ်တဲ့ တင်းတိန်ရံ စံပြကျေးရွာက စျေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကနေ အခုလ ၂ ရက်နေ့အထိ ၄ ရက်ကြာ မီးရှို့ခံရတာတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း အဲ့ဒီ ရွာနားဝန်းကျင်က ကျေးရွာပေါင်း ၄၀ ကျော်ဟာ အခြေခံစာသောက်ကုန်တွေ ဝယ်မရပဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တင်းတိန်ရံက ရထားလမ်း နဲ့ ကားလမ်းရှိတဲ့ စံပြရွာကြီးဖြစ်တယ် ၊ ဒီပဲယင်းနယ် အနောက်မြောက်ခြမ်းဘက်က ရွာတွေနဲ့ ရေဦးနယ် အနောက်တောင်ခြမ်းဘက်က ရွာတွေက အဲ့ဒီ တင်းတိန်ရံစျေးကို အမှီပြု့ပြီး စျေးရောင်း စျေးဝယ်လုပ်ရတာပါ ၊ အခု အဲ့ဒီစျေး မီးရှို့ခံရတာကြောင့်…
Read Moreမုံရွာအကျဥ်းထောင်က နိုင်/ကျဥ်း အပါအဝင် အကျဥ်းသား ၁ ရာခန့် ထောင်ပြောင်းခံရ
သြဂုတ် ၊ ၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အကျဥ်းသား ၁ ရာကို ဒီကနေ့ မနက် အစောပိုင်းက အခြားထောင်တွေဆီကို ပြောင်းရွေ့လိုက်တယ်လို့ မုံရွာမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း မိုးမလင်းခင်အချိန်က မုံရွာထောင်ကနေ ထုတ်သွားတယ် ၊ မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင် တခုခုဖြစ်နိုင်တယ် ၊ နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် လူ ၁ ရာလို့ သိထားရတယ် ၊ ပြောင်းရွေ့ခံရတဲ့ အဓိကအကြောင်းအရင်း မသိရသေးဘူး ” လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ မုံရွာအကျဥ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား မိသားစုဝင်တဦးက” အခုလို ပြောင်းရွေ့မယ်ဆိုတာ ၊ ထောင်က အသိပေးတာ…
Read Moreနယ်စပ်ကနေ ဒေါ်လာနဲ့ပစ္စည်းသွင်းမယ့် လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေ ဝယ်ယူတောင်းခံခွင့်မရှိဘူးလို့ ကုန်သွယ်ရေးဦးစီးဌာနအသိပေး
သြဂုတ် ၂-၂၀၂၂ GG(VOM) နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ ပစ္စည်းတင်သွင်းမယ့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေဝယ်ယူခွင့် တောင်းခံတာမျိုး မပြုလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။ လက်ရှိ ဩဂုတ်လကစပြီး သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ်ဒေသကနေ ဒေါ်လာငွေကြေးနဲ့ တင်သွင်းဖို့ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးတဲ့အပေါ် နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံခွင့်မရှိကြောင်း နဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ငွေဝယ်ယူခွင့် တင်ပြတောင်းခံခြင်းတွေ မပြုလုပ်ဖို့ဆိုပြီး အသိပေးလာတာဖြစ်ပါတယ်။ ” အခုလို သူတို့ဘက်က ကြေညာလိုက်တော့ ဆေးကုမ္ပဏီတွေ၊ တခြားဒေါ်လာနဲ့ပေးချေနေရတာပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံး ဒုက္ခရောက်ကုန်မှာပေါ့။ဒေါ်လာက အခု အပြင်မှာပေါက်စျေးကမြင့်နေပြီး ဝယ်လို့တောင်မရဘူး ။ သူတို့ပဲ ဒေါ်လာတွေကို အကုန်ထိန်းချုပ်ထားပြီး အခုလိုထုတ်ပြန်တာတော့ မစဥ်းစားတတ်အောင်ပါပဲ ။ နောက်ဆုံး မရ ရသလို ရှာကြံတင်သွင်းရင် စျေးတွေကအကုန်တက်ရင် စားသုံးသူပဲထိမှာ ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနရဲ့ အဆိုပါထုတ်ပြန်ချက်ဟာ ဒေါ်လာမှောင်ခိုစျေးကွက်ကို…
Read More