ပြည်ပထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဇပက်ဆာ နိုင်ငံသို့ပြန်လည်ရောက်ရှိနေ

ကိုလံဘို၊ စက်တင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ပြည်ပကို တိမ်းရှောင်သွားခဲ့တဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဇပက်ဆာဟာ စက်တင်ဘာ ၂ ရက်မှာ သီရိလင်္ကာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

မစ္စတာရာဇပက်ဆာဟာ ထိုင်းနိုင်ငံမှာ ယာယီဗီဇာနဲ့ နေထိုင်ခဲ့ပြီးနောက် စင်ကာပူမှတဆင့် သီရိလင်္ကာကို ပြန်လာခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးအချို့က လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာနဲ့ လောင်စာဆီ ရှားပါးမှုနဲ့ပတ်သက်ပြီး ရာဇပက်ဆာရဲ့အစိုးရအပေါ် အပြစ်တင်ခဲ့ကြပါတယ်။

သမ္မတဟောင်း ရာဇပက်ဆာ နိုင်ငံကို ပြန်လာတာဟာ နောက်ထပ်ဆန္ဒပြမှုတွေဖြစ်ပွားမှာကို မလိုလားတဲ့ သီရိလင်္ကာအစိုးရသစ်အတွက် အကဲဆတ်တဲ့ကိစ္စရပ်တခုဖြစ်ပြီး သူ့ရဲ့လုံခြုံရေးအတွက် အာမခံဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

သမ္မတဟောင်းအနေနဲ့ နိုင်ငံရေးနဲ့ အစိုးရအဖွဲ့ထဲကို ပြန်လည်၀င်ရောက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း သီရိလင်္ကာဆန္ဒပြသူအချို့က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:PTI
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW