စွမ်းအင်စျေးမြင့်တက်မှုကို ဖြေရှင်းဖို့ ဂျာမနီက ယူရို ၆၅ ဘီလီယံအသုံးပြုမယ်လို့ ကြေညာ

ဘာလင်၊ စက်တင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

ဂျာမနီဟာ စွမ်းအင်နဲ့ အခြားကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ယူရို ၆၅ ဘီလီယံအသုံးပြုမယ့် အစီအစဉ်ကို စက်တင်ဘာ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ရုရှားကနေ ဓါတ်ငွေ့ထောက်ပံ့မှု သိသိသာသာကျဆင်းလာချိန်ချိန်မှာ ဂျာမနီက အဲဒီအစီအစဉ်ကို ကြေညာလိုက်တာဖြစ်ပြီး ဆောင်းရာသီမတိုင်မီစတင်မယ်လို့ ၀န်ကြီးချုပ် အိုလပ်ဖ်ရှုဇ်ကပြောပါတယ်။

ရုရှားဟာ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ထောက်ပံ့သူမဟုတ်တော့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီက ကိုယ်တိုင်ပြင်ဆင်ထားကြောင်း ၀န်ကြီးချုပ်ကပြောပါတယ်။

စွမ်းအင်စျေးနှုန်းတွေအပြင် ငွေကြေးဖောင်းပွဲမှု မြင့်တက်လာတာကို ကိုယ်တွယ်ဖြေရှင်းရာမှာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ယူရို ၆၅ ဘီလီယံကို ခွဲဝေသုံးစွဲသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ထောက်ပံ့ရေးအကျပ်အတည်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် နော့ဒ်စထရင်းပိုက်လိုင်းမှတဆင့် ရုရှားကပေးပို့တဲ့ ဓါတ်ငွေ့ပမာဏကျဆင်းသွားတာကြောင့် ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတွေမှာ စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဘာလင်

Related posts

Leave a Comment

VOM News

FREE
VIEW