တာတာကုမ္ပဏီဥက္ကဌဟောင်း ဘီလျံနာသူဌေး ဆိုင်းရပ်စ်မစ်စထရီ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်

ဒေလီ၊ စက်တင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ တာတာကုမ္ပဏီ ဥက္ကဌဟောင်း ဘီလျံနာ ဆိုင်းရပ်စ်မစ်စထရီဟာ မွမ်ဘိုင်းမြို့ကိုခရီးသွားစဉ် ယာဉ်မတော်တဆမှုကြောင့် စက်တင်ဘာ ၄ ရက်မှာ ကွယ်လွန်သွားပါတယ်။ နိုင်ငံအနောက်ပိုင်း မဟာရာရ်ှထရာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်မတော်တဆမှုမှာ အခြားသူတစ်ဦးလည်းသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဆိုင်းရပ်စ်မစ်စထရီ ကွယ်လွန်မှုဟာ အိန္ဒိယစီးပွားရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း ၀န်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ် မစ္စတာမစ်စထရီဟာ သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် ၂၀၁၆ ခုနှစ်မှာ တာတာကုမ္ပဏီ ဥက္ကဌအဖြစ်မှ ဖယ်ရှားခံခဲ့ရပါတယ်။ တာတာကုမ္ပဏီဟာ ဆား၊ သံမဏိ၊ ဆော့ဖ်ဝဲနဲ့ နည်းပညာထုတ်ကုန်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လည်ပတ်လုပ်ကိုင်နေပြီး ယမန်နှစ်က ဒေါ်လာ ၁၃၀ ဘီလီယံထိ ၀င်ငွေရရှိခဲ့ပါတယ်။ မစ္စတာမစ်စထရီ ယာဉ်တိုက်မှုဖြစ်ပြီး ဖြစ်ကွယ်လွန်မှုဟာ ၂၀၂၁ ခုနှစ်အတွင်း…

Read More

နစက က ရွှေဒင်္ဂါးပြား တကျပ်သားကို ပြင်ပ ရွှေပေါက်စျေး ၂၉ သိန်း ၅သောင်းနဲ့ စတင်ရောင်းချ

စက်တင်ဘာ ၅-၂၀၂၂ VOM(GG) ရွှေဒင်္ဂါးပြားတွေကို တကျပ်သား၂၉ သိန်း ၅ သောင်းနဲ့ ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်က ကျောက်မျက်ရတနာပြတိုက်မှာ ရောင်းချပေးနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နစက က ထုတ်ရောင်းတဲ့ ဒင်္ဂါးပြားတကျပ်သားစျေးနူန်းဟာ ပြင်ပပေါက်စျေးနဲ့ တူနေပြီး YGEA ​သတ်မှတ်စျေးနဲ့ ၉ သိန်းကျာ်ကွာဟနေပါတယ်။ YGEA က ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့အခေါက်ရွှေစျေးက တကျပ်သားကိုမှ သိန်း ၂၀ နဲ့ ၆ ထောင်သာဖြစ်ပြီး ကမ္ဘာ့ရွေစျေးက 1 Ounce ကို 1710 ရှိပါတယ်။ ” ထုတ်ရောင်းပေးတော့လည်း ပြင်ပကဖြစ်နေတဲ့စျေးနဲ့ တတန်းထဲပဲ။ အဲ့ဒီတော့ ရွှေစျေးတက်တာကို ထိန်းတာမဟုတ်တော့ဘူးလေ။ ပြင်ပတက်နေတဲ့စျေးကို သူတို့က အတည်ပြုလိုက်သလိုဖြစ်နေတယ်။ YGEA ကထုတ်ပြန်နေတဲ့စျေးနဲ့ ၉…

Read More

မြန်မာနိုင်ငံက ဆန်တန်ချိန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ် ၀ယ်ယူမယ်

ဒါကာ၊ စက်တင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှဟာ မြန်မာနိုင်ငံကနေ ဆန်တန်ချိန်နှစ်သိန်း ၀ယ်ယူဖို့စီစဉ်နေတယ်လို့ အဲဒီကိစ္စကို သိရှိတဲ့ တာ၀န်ရှိသူနှစ်ဦးကပြောပါတယ်။ နှစ်နိုင်ငံအစိုးရချင်းသဘောတူညီချက်အရ ကုန်ကျစရိတ်၊ အာမခံနဲ့ ကုန်စည်ပို့ဆောင်မှု(CIF) အပါအ၀င် ဆန်တတန်ကို ၄၆၅ ဒသမ ၅၀ ဒေါ်လာကျသင့်မယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဆန်၀ယ်ယူရေးသဘောတူညီချက်ကို မကြာခင်မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ဆန်တွေကို နှစ်လအတွင်း အရောက်ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရ်ှဟာ မြန်မာနိုင်ငံကဆန်တွေအပြင် ဗီယက်နမ်နဲ့အိန္ဒိယနိုင်ငံတို့ကနေ စုစုပေါင်းဆန်တန်ချိန် သုံးသိန်းသုံးသောင်းကိုလည်း ၀ယ်ယူနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှအစိုးရဟာ ပြည်တွင်းဆန်စျေးကြီးမြင့်မှုကို ထိန်းချုပ်ဖို့ကြိုးစားမှုအဖြစ် ဆင်းရဲနွမ်းပါးတဲ့ မိသားစုသန်းပေါင်းများစွာအတွက် ဆန်တွေကို စျေးသက်သက်သာသာနဲ့ ယခုလအတွင်းမှာ တိုးချဲ့ရောင်းချပေးနေပါတယ်။ Ref: Straits Times Photo: Financial Times #voiceofmyanmar #VOM #ဒါကာ

Read More

စွမ်းအင်စျေးမြင့်တက်မှုကို ဖြေရှင်းဖို့ ဂျာမနီက ယူရို ၆၅ ဘီလီယံအသုံးပြုမယ်လို့ ကြေညာ

ဘာလင်၊ စက်တင်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) ဂျာမနီဟာ စွမ်းအင်နဲ့ အခြားကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ယူရို ၆၅ ဘီလီယံအသုံးပြုမယ့် အစီအစဉ်ကို စက်တင်ဘာ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ရုရှားကနေ ဓါတ်ငွေ့ထောက်ပံ့မှု သိသိသာသာကျဆင်းလာချိန်ချိန်မှာ ဂျာမနီက အဲဒီအစီအစဉ်ကို ကြေညာလိုက်တာဖြစ်ပြီး ဆောင်းရာသီမတိုင်မီစတင်မယ်လို့ ၀န်ကြီးချုပ် အိုလပ်ဖ်ရှုဇ်ကပြောပါတယ်။ ရုရှားဟာ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ထောက်ပံ့သူမဟုတ်တော့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျာမနီက ကိုယ်တိုင်ပြင်ဆင်ထားကြောင်း ၀န်ကြီးချုပ်ကပြောပါတယ်။ စွမ်းအင်စျေးနှုန်းတွေအပြင် ငွေကြေးဖောင်းပွဲမှု မြင့်တက်လာတာကို ကိုယ်တွယ်ဖြေရှင်းရာမှာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ယူရို ၆၅ ဘီလီယံကို ခွဲဝေသုံးစွဲသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ထောက်ပံ့ရေးအကျပ်အတည်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နော့ဒ်စထရင်းပိုက်လိုင်းမှတဆင့် ရုရှားကပေးပို့တဲ့ ဓါတ်ငွေ့ပမာဏကျဆင်းသွားတာကြောင့် ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတွေမှာ စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ Ref: NHK Photo:AFP…

Read More

ဂန့်ဂေါမှာ ရာသီပေါ်သီးနှံတွေ မရောင်းရဘူးလို့ တားမြစ်ထားတာကြောင့် တောင်သူအချို့ အခက်တွေ့နေ

စက်တင်ဘာ ၅ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ထဲက ထွက်ရှိလာတဲ့ ရာသီပေါ် ကောက်ပဲသီးနှံတွေနဲ့ ဆန် ၊ စပါးတွေကို သယ်ဆောင်တာ ရောင်းချတာ မလုပ်ရဘူးဆိုပြီး ကန့်သတ်တားမြစ်ထားတာကြောင့် ဒေသခံ တောင်သူအချို့ဟာ အခက်တွေ့နေရတယ်လို့ သီးနှံပွဲရုံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အခုချိန်က နှမ်းပေါ်တဲ့ ရာသီဖြစ်တယ် ၊ ရာသီပေါ် ကောက်ပဲသီးနှံတွေနဲ့ ဆန် ၊ စပါးတွေကို သယ်ယူတာ ၊ ရောင်းချတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားတာကြောင့် ဝယ်လက်ပွဲစားတွေက ရွာတွေဘက်ကို မလာရဲကြဘူး ၊ နယ်ကတောင်သူတွေကလည်း ပွဲရုံတွေဆီကို သယ်ပြီး မရောင်းရဲဘူးဖြစ်တယ် ၊ ပြီးခဲ့တဲ့နှစ်က နှမ်းစျေး ၃ သောင်းခွဲဝန်းကျင်ပဲရှိခဲ့တာ ၊ ဒီနှစ်တော့ စျေးတဆတက်ပြီး ၇ သောင်းခွဲအထိရှိတယ် ၊…

Read More

ကော့ကရိတ်မှာ ကုန်ကား၄စီးမီးရှို့ခံရလို့ လမ်းပိတ်ဆို့မှုတွေ ဒီကနေ့မနက်အထိဖြစ်ပေါ်ခဲ့

စက်တင်ဘာ ၄-၂၀၂၂ VOM (GG) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်မှာ မနေ့ စက်တင်ဘာလ ၃ ရက် ညနေပိုင်းက ကုန်တင်ကား ၄ စီး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလို ကားမီးရှို့ခံရတဲ့ဖြစ်စဥ်ကြောင့် ကော့ကရိတ်လမ်းတလျှောက်မှာ ကားပိတ့်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မနက်အထိ ဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။ ” မနေ့ကညနေ ၄နာရီခွဲဝန်းကျင်လောက်ကဖြစ်တာ။ သာမန်မီးလောင်မှုမျိုး မဟုတ်ဘူး ယာဥ်ကြောပိတ်ဆို့အောင် ကားတွေကို ကန့်လန့် နီးပါးထားပြီး ရှို့တဲ့သဘောရှိတယ်။လမ်းပိတ်ဆို့တော့ အိမ်စီးကားတွေက မီးလောင်တဲ့ကားကြားထဲကနေ ပတ်မောင်းရတယ်။၆ဘီကားတွေဆို မလွတ်ဘူး။ဒီနေ့မနက်ထိကိုဖြစ်နေတာပေါ့။၈ နာရိခွဲဝန်းကျင်လောက်မှ သွားလာလို့ရတာပေါ့ ။မီးရှို့ခံရတာက ပထမတော့ ၂ စီးလိုလို၊ ၃စီးလိုလိုကြားတယ်၊အခုတော့ ၄စီးပေါ့အဲ့ဒီလိုကြားတယ်။သေချာတော့မသိရဘူးပေါ့ ၊ ဖြစ်ချိန် သွားလာလို့ကလည်းမရဘူးလေ” လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပြပါတယ်။ ကားမီးရှို့ခံရမှုဖြစ်စဥ်မှာ လူထိခိုက်မှုမရှိကြောင်း ၊ မီးရှို့ခံရတဲ့အထဲမှာ…

Read More

လက်ပံတန်းမှာ ပြောင်းဖူးတင်ကားနဲ့လိုက်လာတဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၂၈ ဦး ဖမ်းဆီးရမိ

စက်တင်ဘာ ၄-၂၀၂၂ VOM (GG) ပဲခူးတိုင်းအနောက်ပိုင်း ၊လက်ပံတန်းမြို့မှာ ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့မနက်အစောပိုင်းက နိုင်ငံသားအထောက်ထားမဲ့ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက်အစော ၅ နာရီကျော်လောက်မှာ ရန်ကုန်-ပြည် ကားလမ်းဘေး မိုင်တိုင် ၈၉/၆ အနီးရပ်ထားတဲ့ ပြောင်းဖူးတွေတင်လာတဲ့ ကုန်ကားနဲ့လိုက်လာကြတာဖြစ်ပြီး ကားပေါ်ကနေ ၆ ယောက်၊ကားဘေးအနီးက ၈ ယောက်နဲ့ ကားလမ်းဘေး ခြုံတောထဲက ၁၄ ယောက်ကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “၂၈ ယောက် တွေ့တယ်။ပြောင်းဖူးတင်တဲ့ကားနဲ့ခေါ်ခဲ့တာပေါ့။ကျနော်တို့ကတော့ အဓိက လူကုန်ကူးတဲ့သူတွေကိုဖမ်းစေချင်တယ်။သူတို့တွေက သိန်း ၆၀၊ ၇၀ အကုန်ခံပြီးလာကြတာလေ။လူကုန်ကူးသူမရှိရင် မလာဘူး။ရခိုင်ပြည်ကနေ ပြေးလာသူတွေကတော့ ဒီကနေ့ တတိယနိုင်ငံတွေကိုထွက်ဖို့ ကြိုးစားကြတာပေါ့။ သူတို့ခေါ်လာတဲ့ ကားသမားတွေလည်းမိထားတယ်။ ကွမ်းခြံ တာဆုံမှာ ဒီလူတွေကို ချဖို့လုပ်ရမှာ သိတာပေါ့။ “လို့ ရဲစခန်းနဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အမျိုးသားက…

Read More

သုံးပွင့်ဆိုင်

ဆူးငှက် မန္တလေးမှာက ရတနာနေပြည်တော် စတင်ထူထောင်ကတည်းက လုပ်ငန်းအစုအဖွဲ့များအလိုက် ရပ်ကွက်များသက်မှတ်ခဲ့ကြသည်။အဆိုပါ အရပ်များစွာအနက် မျက်ပါးရပ်က ထင်ရှားသည်။ မျက်ပါးဆိုတာ ကမ္ဘာ၌မြန်မာတစ်ဦးတည်းသာ လုပ်ကိုင်သည့် ရွှေခတ်ခြင်းလုပ်ငန်းနှင့် ဆက်စပ်သည်။ ရွှေခတ်သည်ဆိုသည်မှာ ရွှေတုံးရွှေခဲကလေးကို အပါးလွှာဆုံးဖြစ်အောင် တူဖြင့် အချက်ပေါင်းများစွာ ထုနှက်၍ စိတ်ရှည် လက်ရှည်ပြုလုပ်ရသော လုပ်ငန်းဖြစ်သည်။ အဆိုပါ ရွှေချပ်ကလေးကို ရွှေဆိုင်းဟုခေါ်သည်။ ရွှေဆိုင်းက ဘုရားရွှေချရာတွင် လည်းကောင်း၊ မှန်စီရွှေချလုပ်ကိုင်တို့မှာ အသုံးပြုသည်။ ရှေးယခင်က ရှင်ဘုရင်တို့၏ မင်းခမ်းမင်းနားဆိုင်ရာ အဆောက်အဦး၊ အသုံးအဆောင်ပစ္စည်းများတွင် မှန်စီရွှေချကို အသုံးပြုကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားစင်တုတော်များ၊စေတီပုထိုးများ၊ သာသနိက အဆောက်အဦးများတွင်လည်း ရွှေပိန်းချခြင်း၊မှန်စီရွှေချပြုလုပ်ခြင်းများဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မျက်ပါးရပ်နှင့် ဆက်နွယ်ပြီး မြောက်ဘက်နားမှာ ရပ်ကွက်တစ်ခုရှိပါသေးသည်။ စာတိုက်တန်းဟုခေါ်သည်။ အသံထွက်ကို ဇတိုက်တန်းဟုပဲ ခေါ်ကြ၏။ ယခု ၈၁လမ်း၊၃၃လမ်းနှင့် ၃၄လမ်းကြားနေရာတစ်ဝိုက်ဖြစ်သည်။ ဘုရားဆင်းတုတော်များ ကိန်းဝပ်သည့် ကျောင်းဆောင်များနှင့်အတူ ရှေးက…

Read More
VOM News

FREE
VIEW