တာတာကုမ္ပဏီဥက္ကဌဟောင်း ဘီလျံနာသူဌေး ဆိုင်းရပ်စ်မစ်စထရီ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်

ဒေလီ၊ စက်တင်ဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ တာတာကုမ္ပဏီ ဥက္ကဌဟောင်း ဘီလျံနာ ဆိုင်းရပ်စ်မစ်စထရီဟာ မွမ်ဘိုင်းမြို့ကိုခရီးသွားစဉ် ယာဉ်မတော်တဆမှုကြောင့် စက်တင်ဘာ ၄ ရက်မှာ ကွယ်လွန်သွားပါတယ်။

နိုင်ငံအနောက်ပိုင်း မဟာရာရ်ှထရာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်မတော်တဆမှုမှာ အခြားသူတစ်ဦးလည်းသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆိုင်းရပ်စ်မစ်စထရီ ကွယ်လွန်မှုဟာ အိန္ဒိယစီးပွားရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း ၀န်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် မစ္စတာမစ်စထရီဟာ သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် ၂၀၁၆ ခုနှစ်မှာ တာတာကုမ္ပဏီ ဥက္ကဌအဖြစ်မှ ဖယ်ရှားခံခဲ့ရပါတယ်။

တာတာကုမ္ပဏီဟာ ဆား၊ သံမဏိ၊ ဆော့ဖ်ဝဲနဲ့ နည်းပညာထုတ်ကုန်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လည်ပတ်လုပ်ကိုင်နေပြီး ယမန်နှစ်က ဒေါ်လာ ၁၃၀ ဘီလီယံထိ ၀င်ငွေရရှိခဲ့ပါတယ်။

မစ္စတာမစ်စထရီ ယာဉ်တိုက်မှုဖြစ်ပြီး ဖြစ်ကွယ်လွန်မှုဟာ ၂၀၂၁ ခုနှစ်အတွင်း လူတသိန်းငါးသောင်းကျော် သေဆုံးခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်နာရီကို လူ ၁၈ ဦးနှုန်းသေဆုံးမှုရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ယာဉ်မတော်တဆမှု မြင့်မားလာတဲ့ အပေါ် အာရုံစိုက်လာစေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

✕
VOM News

FREE
VIEW