ဗြိတိန်ရဲ့နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်

လန်ဒန်၊ စက်တင်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး စိုးစံခဲ့သူ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ် စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သူဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ကျန်းမာရေး စိုးရိမ်ရကြောင်းသူ့ရဲ့ ဆရာ၀န်တွေက သတိပေးပြီးနောက်မှာ သူ့ရဲ့တော်၀င်မိသားစု၀င်တွေဟာ စကော့တလန်က ဘယ်လ်မိုရဲ့လ်စံအိမ်မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။

စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှာတော့ ဘုရင်မကြီးဟာ ငြိမ်းချမ်းစွာ နတ်ရွာစံသွားတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။

ဘုရင်မကြီးဟာ ၁၉၅၂ ခုနှစ်မှာ နန်းတက်ပြီးနောက် ကြီးမားတဲ့ လူမှုအပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဘုရင်မကြီးကွယ်လွန်သွားပြီးနောက် စျာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားတွေကို အကြီးဆုံးသားတော် ဝေလမင်းသားက ဦးဆောင်သွားမှာဖြစ်ပါတယ်။

ဘုရင်မကြီးက အင်္ဂါနေ့မှာ ခန့်အပ်လိုက်တဲ့ ဗြိတိန်၀န်ကြီးချုပ် လစ်ဇ်ထရပ်စ်က ဘုရင်မကြီးဟာ မိမိတို့လိုအပ်တဲ့ တည်ငြိမ်မှုနဲ့ ခွန်အားကိုပေးစွမ်းခဲ့တဲ့ ခေတ်သစ်ဗြိတိန်နိုင်ငံကို တည်ဆောက်ခဲ့တဲ့ လမ်းပြတန်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေ ဘက်ကင်ဟမ်နန်းတောင်ပြင်ပမှာ စုဝေးနေကြပြီး ပန်းစည်းတွေချပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်လုပ်ဆောင်နေကြပါတယ်။ဘုရင်မကြီးကွယ်လွန်ပြီးနောက်မှာ သားတော်ဖြစ်သူ ဝေလမင်းသားချားစ်က ဗြိတိန်ဘုရင်အဖြစ် ထီးနန်းဆက်ခံသွားမှာဖြစ်ပါတယ်။

Ref\; BBC
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW