ပြည်ပက နိုင်ငံရေးသမားတွေကို သြဇာလွှမ်းမိုးနိုင်ဖို့ ရုရှားက ဒေါ်လာသန်း ၃၀၀ ကျော် လျှို့ဝှက်သုံးစွဲခဲ့

၀ါရှင်တန်၊ စက်တင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်ရှိ နိုင်ငံရေးသမားတွေကို လွှမ်းမိုးဖို့အတွက် ၂၀၁၄ ခုနှစ်ကပြီး ဒေါ်လာ သန်း ၃၀၀ ကျော်ကို လျှိုဝှက်သုံးစွဲခဲ့တယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အဲဒီစွပ်စွဲချက်ဟာ အင်္ဂါနေ့ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးရဲ့ အကဲဖြတ်ချက်အပေါ် အခြေခံပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားမှတ်ချက်မပေးပါဘူး။ ရုရှားနိုင်ငံကလည်း အမေရိကန်ဟာ ပြည်ပနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးဖို့ လုပ်ဆောင်နေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲထားပါတယ်။

ရုရှားက ပြည်ပနိုင်ငံတွေမှာရှိတဲ့ နိုင်ငံရေးသမားတွေကို လွှမ်းမိုးဖို့ကြိုးစားနေတယ်လို့ ယူဆရတဲ့ နိုင်ငံနဲ့ လူပုဂ္ဂိုဟ်တွေကို အမေရိကန်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် တိုက်ကြီးလေးတိုက်မှာ ဖြန့်ကြက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

၂၀၁၇ ခုနှစ်ရွေးကောက်ပွဲမှာ အယ်လ်ဘေးနီးယားရဲ့ ဗဟိုလက်ယာယိမ်းဒီမိုကရက်တစ်ပါတီကို ကျောထောက်နောက်ခံပြုဖို့ ရုရှားဟာ ဒေါ်လာငါးသိန်း အသုံးပြုခဲ့ပြီး ဘော့စနီးယား၊ မွန်တီနီဂရိုး၊ မာဒါဂတ်စကာတို့ရှိ ပါတီတွေ သို့မဟုတ် ကိုယ်စားလှယ်တွေအတွက် ငွေကြေးသုံးစွဲခဲ့ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW