အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွား၊ တပ်ဖွဲ့၀င် ၁၀၀ နီးပါးသေဆုံး

ယဲ့ရီဗန်၊ စက်တင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံတပ်ဖွဲ့၀င် ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

တိုက်ပွဲတွေအတွင်း အာမေးနီးယားတပ်ဖွဲ့၀င် ၄၉ ဦးသေဆုံးခဲ့ကြောင်း အာမေးနီးယား၀န်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က ထုတ်ဖော်ပြောဆိုထားပြီး အဇာဘိုင်ဂျန်တပ်ဖွဲ့၀င် ၅၀ ဦးသေဆုံးခဲ့တယ်လို့ အဇာဘိုင်ဂျန်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့သည် စစ်ပွဲနှစ်ပွဲဆင်နွှဲခဲ့ဖူးပြီး ဆယ်စုနှစ်သုံးခုအတွင်း အသေးစားတိုက်ပွဲတွေကတော့ ပုံမှန်ဖြစ်ပွားနေခဲ့ပါတယ်။

အငြင်းပွားမှု အဓိကအချက်ကတော့ နာဂေါ်နို-ခါရာဘတ်ဒေသကြောင့်ဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ နယ်နိမိတ်အရ အဲဒီဒေသဟာ အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပေမယ့် အာမေးနီးယားလူမျိုးတွေ နေထိုင်နေကြပါတယ်။

နောက်ဆုံးဖြစ်ပွဲနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုထားကြကာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးအတွက် စက်တင်ဘာ ၁၃ ရက်မှာ ရုရှားက ကြား၀င်စေ့စပ်ခဲ့ကြောင်း သိရပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ယဲ့ရီဗန်

Related posts

Leave a Comment

VOM News

FREE
VIEW