အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ပြီလို့ သမ္မတဂျိုးဘိုင်ဒင် ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေပေမယ့်လည်း နိုင်ငံမှာ ကပ်ရောဂါ အဆုံးသတ်သွားပြီလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။

ကပ်ရောဂါဟာ ပြသနာတရပ်အဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း အခြေအနေတွေ လျင်မြန်စွာ တိုးတက်လာနေကြောင်း ဂျိုးဘိုင်ဒင်ကပြောပါတယ်။ လက်ရှိမှာတော့ ရောဂါကြောင့် အမေရိကန်ပြည်သူ ၄၀၀ ကျော် နေ့စဉ်သေဆုံးနေပါတယ်။

အမေရိကန်အနေနဲ့ ကပ်ရောဂါနဲ့ ပတ်သက်၍ မူဝါဒအပြောင်းအလဲမရှိသေးဘဲ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာထားခြင်းကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေးကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစတင်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အောက်တိုဘာလထိ အမေရိကန်တာ၀န်ရှိသူတွေက သက်တမ်းတိုးခဲ့ထားပါတယ်။ လက်ရှိချိန်ထိ အမေရိကန်နိုင်ငံသား တသန်းကျော်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ချိန်ဟာ မျက်စိအောက်မှာပင်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက လွန်ခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:CNN
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW