ရုရှားနဲ့ပေါင်းစည်းရေးအတွက် သိမ်းပိုက်ခံယူကရိန်းနယ်မြေတွေမှာ ဆန္ဒခံယူပွဲ ကျင်းပဖို့ ရုရှားစီစဉ်

၀ါရှင်တန်၊ စက်တင်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ ယူကရိန်းနယ်မြေတွေ ရုရှားနဲ့ပေါင်းဖို့အတွက် လူထုဆန္ဒခံယူပွဲတွေ ချက်ချင်းကျင်းပဖို့လုပ်နေတဲ့ ရုရှားရဲ့အစီအစဉ်ကို အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်တို့က အဲဒီအတုအယောင် မဲရလဒ်တွေကို ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအစီအစဉ်တွေဟာ ယူကရိန်းစစ်ပွဲကို ပိုမိုဆိုးရွားစေမယ်လို့ နေတိုးအဖွဲ့လည်း သတိပေးပြောဆိုပါတယ်။

သောကြာနေ့ကစတင်မယ့် ငါးရက်ကြာ လူထုဆန္ဒခံယူပွဲတွေကို လူဟန့်ခ်၊ ဒွန်နက်ခ် ၊ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့မှာ ပြုလုပ်ဖို့ ရုရှားလိုလားတဲ့ ဒေသခေါင်းဆောင်တွေက ကြေညာထားပါတယ်။

အဲဒီနယ်မြေတွေဟာ ယူကရိန်းပိုင်နက်ရဲ့ ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဟန်ဂေရီနိုင်ငံ အရွယ်အစားလောက်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီဆန္ဒခံယူပွဲဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီ၀န်ကြီးချုပ် အိုလပ်ရှုဇ်က ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာ ဒီမိုကရေစီအတုအယောင်ဖြစ်တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW