အိန္ဒိယနယ်စပ်မှာ မြန်မာဘက်ကို တရားမဝင်တင်ပို့လာတဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းဆီးရမိ

စက်တင်ဘာ ၂၂ ၊ ၂၀၂၂
SP(VOM)

မြန်မာ – အိန္ဒိယ၂ နိုင်ငံနယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်မှာ မနေ့ စက်တင်ဘာ ၂၁ က မြန်မာနိုင်ငံဘက်ကို တရားမဝင် တင်ပို့မယ့် စစ်အသုံးအဆောင်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

” သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက စစ်သုံးပစ္စည်းတွေဖြစ်တယ် ၊ ပစ္စည်းတွေက တိုက်ခိုက်ရေး ဝတ်စုံတွေ ၊ ရေဒီယို ဝတ်စုံတွေ ၊ နည်းဗျူဟာ အင်္ကျီတွေ ၊ နည်းဗျူဟာ လက်အိတ်တွေ၊ ဖိနပ်တွေ အပါအဝင် လေသေနတ်နဲ့ လေသေနတ်ကျည်ဆံတွေဖြစ်တယ် ၊ ကာလတန်ဖိုးငွေ ရူပီး ၁၆ သိန်းဝန်းကျင် ရှိတယ်” လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ ၊ ဒုရဲမှူးကြီး Mahendra Rawatက အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အဲ့ဒီ စစ်သုံးပစ္စည်းတွေကို မြန်မာနိုင်ငံသား ၅ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးက မြန်မာနိုင်ငံဘက်ကို တရားမဝင်တင်ပို့ဖို့အတွက် သယ်ဆောင်လာတဲ့အချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ဦးဂင်ဆွမ်းပေါင်က ” အခုတလော မီဇိုရမ်မှာ ၊ မူးယစ်ဆေးဝါးနဲ့ စစ်တပ်သုံးတဲ့ပစ္စည်းတွေ ဖမ်းမိတာများတယ် ၊ ပြီးခဲ့တဲ့လနဲ့ အခုလအတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းခံရတဲ့ မြန်မာ ၇ ဦးထက်မနည်းရှိတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး ကုန်ပစ္စည်းတွေကို အိန္ဒိယဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာ “လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား အိမ်ထောင်မိသားစု ၂ ထောင်ကျော်နဲ့ မြန်မာဒုက္ခသည် ၃ သောင်းကျော်ခိုလှုံနေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Photo-မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #အိန္ဒိယနယ်စပ် #စစ်သုံးပစ္စည်းတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW