တအိမ်ထောင်ကို ရွှေ ၁၀ သားအထိ ဝယ်ယူနိုင်ဖို့ ရွှေအသင်းမှာ ရောင်းပေးဦးမယ်လို့ သိရ

အောက်တိုဘာ ၉ – ၂၀၂၂ SN (VOM) တအိမ်ထောင်ကို ရွှေ ၁ ကျပ်သားမှ ၁၀ သားအထိ ဝယ်ယူနိုင်ဖို့ လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး(YGEA) မှာ ရွှေအရောင်းပွဲတော်ပြုလုပ်ပြီး ရောင်းချပေးမယ်လို့ သိရပါတယ်။ အခုအစီအစဉ်ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အစီအစဉ်မဟုတ်ဘဲ ရန်ကုန်တိုင်းရွှေအသင်း အမှုဆောင်တွေက ထုတ်ရောင်းပေးခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ ပြင်ပပေါက်ဈေးထက် ဈေးလျှော့ပြီး ရောင်းချပေးမှာပါ။ ငွေလက်ငင်းပေးချေရမှာ ဖြစ်ပါတယ်။ လာရောက် ဝယ်ယူသူတွေအနေနဲ့ တဦးကို ၁ ကျပ်သားကနေ ၁၀ သားအထိ မိမိတို့တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး လွတ်လပ်စွာ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်စုတစုကို တဦးသာ ဝယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်၊ ရွှေဝယ်ယူလိုသူတွေအနေနဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူ တစုံစီ ယူဆောင်လာရမှာဖြစ်” လို့ YGEA…

Read More

တရုတ်နဲ့ အိန္ဒိယက ကြက်သွန်နီတွေ ဝင်နေလို့ တောင်သူတွေအခက်တွေ့

အောက်တိုဘာ ၉ – ၂၀၂၂ SN (VOM) ပြည်တွင်း ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်ပေါ်ချိန်မှ ပြည်ပက ကြက်သွန်နီတွေ ဝင်ရောက်နေတာကြောင့် ရောင်းကွက်မှာ ဈေးမရ ဖြစ်နေရတယ်လို့ ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းမှစတင်ကာ ပြည်တွင်းကြက်သွန်နီစျေး တပိဿာ ၅၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ အိန္ဒိယကထွက်တဲ့ကြက်သွန်တွေ နယ်စပ်ကတဆင့် ဝင်ရောက်လာတာကြောင့် စျေးအနည်းငယ်ကျဆင်းလာပြီး လက်ရှိစျေးကွက်ထဲ ကြက်သွန်တပိဿာ ၃၅၀၀ ကျပ်ဝန်းကျင်ပဲရှိနေပါတယ်။ “စျေးတွေတက်တုန်းကလည်း တောင်သူတွေမမြတ်ပါဘူး။ စိုက်စရိတ်က ၃ ဆလောက်တက်တယ်။ မြေဆီကျတော့ လွတ်လွတ်လပ်လပ် သွင်းမရလို့ စျေးတက်တယ်ဆိုပြီး ပြောတယ်။ စားသောက်ကုန်တချို့ကကျ ဘယ်ကဝင်လာတာလဲ စဥ်းစားစရာပေါ့။ ကြက်သွန်စျေးကျလို့ စားသုံးသူတွေအဆင်ပြေနိုင်ပေမယ့် ကိုယ့်သီးနှံပေါ်ချိန်မှာ တရုတ်ကအခုလိုပဲ ဆက်ဝင်နေမယ်ဆို တောင်သူတွေအရှုံးဘဲရှိတယ်။ အရင်းအနှီးကများတယ်။ မိရိုးဖလာမို့သာ စိုက်ပျိုးနေရတာ အဆင်မပြေပါဘူး” လို့ အောင်လံမြို့ရှိ ကြက်သွန်စိုက်တောင်သူကတဦးက ပြောပါတယ်။…

Read More

မော်ကျွန်းက ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီး ၁၀ ဦးအပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးခံထားရ

အောက်တိုဘာ ၊ ၉ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူ့စစ် ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုပြီး အမျိုးသမီး ၁၀ ယောက် အပါအဝင် ဒေသခံအယောက် ၃၀ ကျော်ကို သက်ဆိုင်ရာကအောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်ဆိုသူဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ဆာဝါရီ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် အမည်မသိသေနတ်သမားတွေက ဝင်ရောက်ပစ်သတ်ခဲ့လို့ သေဆုံးသွားတာဖြစ်ပါတယ်။ အဲ့ဒီ့ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေဆိုပြီး ဆာဝါရီ လ္ဘက်ရည်ဆိုင် ပိုင်ရှင် မမော်ဆိုသူ အပါအဝင် ရပ်ကွက်ထဲက အမျိုးသမီး ၁၀ ဦး အပါအဝင် လူအယောက် ၃၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “ပစ်သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပြီးကတည်းက…

Read More

ဆန်နှင့်ဆန်ကွဲ ဝင်ရောက်မှု ၂ ဆခန့် မြင့်တက်လာလို့ ဆန်စျေးအနည်းငယ် ပြန်ကျနိုင်

အောက်တိုဘာ ၉ – ၂၀၂၂ SN (VOM) အခုရက်ပိုင်းအတွင်း ပြည်တွင်းဒေသအစုံက မိုးစပါးတွေ ထွက်ရှိလာတဲ့အတွက် ဈေးကွက်ထဲ ဆန်နဲ့ဆန်ကွဲ ဝင်ရောက်မှု၂ ဆခန့် မြင့်တက်လာတာကြောင့် ဆန်စျေးအနည်းငယ် ပြန်ကျနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ဆန်နဲ့ ဆန်ကွဲ ဝင်ရောက်မှုဟာ အိတ်ရေ ၅၀,၀၀၀ ခန့်သာရှိသော်လည်း အောက်တိုဘာ ၃ ရက်နေ့က စလို့ အိတ်ရေ ၁၀၀,၀၀၀ ခန့်အထိ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းရဲ့ ထုတ်ပြန်ထားချက်အရ ပြည်သူအများစု နေ့စဉ်စားသုံးနေရတဲ့ ဆန်ဈေးနှုန်း အနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။ အခုလ ပထမအပတ်ကစတင်ပြီး ဆန်ဈေးနှုန်းအမျိုးအစားအလိုက် ၂၄ ပြည်တစ်အိတ်ကို ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ ဝန်းကျင်အထိ ပြန်ကျလာတဲ့ အခြေအနေဖြစ်တယ်လို့…

Read More

ပခုက္ကူမှာ မိုးသည်းထန်စွာရွာလို့ ချောင်းရေလျှံပြီး မိသားစုဝင် ၄ ဦး ရေထဲမျောပါ

အောက်တိုဘာ ၈ – ၂၀၂၂ SN+GG (VOM) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီနေ့ အောက်တိုဘာ ၈ ရက်၊ နံနက် ၃ နာရီခွဲအချိန်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာက မိသားစု ၄ ဦး ရေထဲမျောပါသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အမှတ် (၁၅) ရပ်ကွက်၊ ဆင်ပေါက်လှ (၈) လမ်း၊ ဆင်ပေါက်လှချောင်းရေကြီးပြီး ကျား (၂) ဦး၊ မ (၂) ဦး စုစုပေါင်း (၄) ဦး ချောင်းရေမျောပါသွားတာ ဖြစ်ပါတယ်။ “အမျိုးသမီးတဦးနဲ့ လေဖြတ်ထားတဲ့ အမျိုးသားတဦး အပါအဝင် ကလေး နှစ်ဦးရေထဲမျောပါသွားတာပါ။ ပခုက္ကူခရိုင်မီးသတ်က ၃ ဖွဲ့ခွဲပြီး ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့တာမှာ လက်ရှိမှာတော့ ကလေးနှစ်ယောက်ကို သေဆုံးလျက်အနေအထားနဲ့ ပြန်တွေ့ထားပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။…

Read More

ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေကြောင်း ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂ၊ အောက်တိုဘာ-၈-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့တဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကျွမ်းကျင်သူအဖွဲ့ဟာ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီလမှ ဇူလိုင်လကုန်ထိ ကြားဖြတ်အစီရင်ခံစာကို အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ရာမှာ အခုလိုက် သတိပေးလိုက်တာဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်းတည်ဆောက်မှုနဲ့ နျူုကလီးယားစမ်းသပ်မှုပြုလုပ်ရာမှာ အသုံးပြုနိုင်ဖွယ်ရှိတဲ့တည်ဆောက်မှု ပုံသဏ္ဍန်တွေကို မြောက်ကိုရီးယားအရှေ့မြောက်ဘက်ရှိ ပန်ဂေးရီနျူကလီးယား စမ်းသပ်စခန်းမှာ တွေ့ရှိခဲ့ကြောင်း အစီရင်ခံစာမှာ အတည်ပြုထားပါတယ်။ အဲဒီနေရာမှာ မြောက်ကိုရီးယားက နောက်ထပ်နျူကလီးယားစမ်းသပ်မှုပြုလုပ်နိုင်ခြေရှိပြီး မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တွေ ကြိမ်ဖန်များစွာ ပစ်ခတ်စမ်းသပ်ခဲ့ခြင်းတာကြောင့် နည်းပညာဆိုင်ရာ တိုးတက်မှုတွေရှိနေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို လက်နက်စမ်းသပ်မှုတွေပြုလုပ်နိုင်ရေးအတွက် ရန်ပုံငွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေကတဆင့် ရယူခဲ့ပြီး လွန်ခဲ့တဲ့ခြောက်လတာကာလအတွင်း မြောက်ကိုရီးယားဟတ်ကာတွေဟာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေတွေကို ခိုးယူခဲ့ကြကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ Ref: NHK Photo:AFP #voiceofmyanmar #VOM…

Read More

ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာက စစ်ရေးအကူအညီတွေ တောင်းခံ

ပို့အော့ပရင့် ၊ အောက်တိုဘာ-၈-၂၀၂၂ မျိုးဆက်(VOM) ဟေတီနိုင်ငံမှာ လုံခြုံရေးအခြေအနေယိုယွင်းစေတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံတကာမှ စစ်ရေးဆိုင်ရာအကူအညီပေးကြဖို့ ဟေတီနိုင်ငံက အောက်တိုဘာ ၇ ရက်မှာ တောင်းခံလိုက်ပါတယ်။ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် စစ်ရေးအကူအညီတောင်းခံရခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ် အေရီရယ်လ်ဟင်နရီကပြောပါတယ်။ ဒါပေမယ့် ဒီလိုအကူအညီတောင်းခံမှုကို ဘယ်နိုင်ငံတွေကို ပေးပို့ခဲ့ပြီး ဘယ်လိုကူညီပေးကြမယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ကုလမသမဂ္ဂကတော့ ဟေတီအစိုးရရဲ့ တရား၀င်အကူအညီတောင်းခံမှု မရရှိသေးကြောင်း ပြောပါတယ်။ လက်ရှိမှာ ဟေတီိနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ ၊ ပြည်သူတွေအပေါ် သက်ရောက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောပါတယ်။ တချိန်တည်းမှာ အမေရိကန်ဟာ ဟေတီရှိသူ့နိုင်ငံသားတွေကို လုံခြုံရေးအခြေအနေကြောင့် ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ နိုင်ငံတွင်းရှိ သြဇာအာဏာ အင်အားကြီးဂိုဏ်းတခုဟာ အဓိကလောင်စာဆီတင်ပို့တဲ့ဂိတ်ကို စက်တင်ဘာလကတည်းက ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ဟေတီနိုင်ငံအတွင်း လောင်စာဆီဖြန့်ဖြူးမှု…

Read More

ဘဏ်သီးသန့်အပ်ငွေအပေါ် အတိုး ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးမယ်လို့ ဗဟိုဘဏ်ကြေညာ

အောက်တိုဘာ ၈ – ၂၀၂၂ SN (VOM) ဘဏ်တွေက မြန်မာကျပ်ငွေ(ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ – Banks” Deposits at Central Bank – CAB)နဲ့ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်မှာ အတိုး ၃ ဒသမ ၅ ရာခိုင်နှုန်း ပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ ၇ ရက်နေ့ရက်စွဲနဲ့ အသိပေးကြေညာပါတယ်။ ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၁၀ ဘီလီယံနဲ့အထက်ရှိတဲ့ ဘဏ်တွေကိုသာ အတိုးပေးမှာဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေ ပမာဏ ကျပ် ၅၀ ဘီလီယံအထိသာ ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။ အဲ့ဒီ့လို အတိုးပေးတာကို အောက်တိုဘာ ၁၂ ရက်ကနေ နိုဝင်ဘာ ၈ ရက်အထိ ထိန်းသိမ်းမှုကာလက စတင်ပြီး ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW