ဒီဇင်ဘာ ၂၂-၂၀၂၂ GG(VOM) မကွေးတိုင်း ၊ သရက်မြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာမြောက်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ GTI က ကျောင်းသား ၃ ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့ ဒီဇင်ဘာ၂၂ ရက်နေ့ ၊ နေ့လယ်၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားအဖွဲ့လိုက် ရေကူးစဥ်ရေနစ်သေဆုံးကြတာဖြစ်တယ်လို့ သိရပါတယ်။ ” သေတာ မိန်းကလေးက၂ယောက်၊ယောကျ်ားလေးက ၁ယောက်ပါ။ ကျောင်းသားအဖွဲ့က အားလုံး၈ယောက်၊သူတို့က စျေးရပ်ကွက် ပဲ့ထောင်ဆိပ်မှာ ဆိုင်ကယ်တွေထားပြီး စက်လှေငှား ရေကူးကြတာမှာ ကောင်မလေးတယောက် ရေအရင်နစ်တယ်။အဲ့ဒါကို နောက်ကောင်လေးက ဆင်းကယ်တော့သူပါနစ်၊နောက်တယောက်ထပ်ကယ်တော့ အဲ့ဒီကလေးမပါ ထပ်နစ်ပြီးသေသွားကြတာ “လို့ သရက်ဒေသခံပရဟိတသမားတဦးကပြောပြပါတယ်။ သေဆုံးကျောင်းသားတွေက မချောသရဖူစိုး ၊ မောင်သီဟစိုး နဲ့ မမေမြတ်နိုးဝေဆိုသူတို့ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်အလောင်းတွေကို သရက်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #သရက်
Read MoreDay: December 22, 2022
အာရှဒေသရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာ သြစတြေးလျမှာ တသက်တကျွန်း ကျခံရဖွယ်ရှိနေ
မဲလ်ဘုန်း၊ ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) အာရှရဲ့ အယ်လ်ချာပိုလို့ သတ်မှတ်ခံထားရတဲ့ အလိုအရှိဆုံး မူးယစ်ရာဇာ ဆီချီလော့ပ်ကို သြစတြေးလျနိုင်ငံကို လွှဲပြောင်းလိုက်ပြီး သူဟာ စွဲချက်များစွာနဲ့အတူ ထောင်ဒဏ်တသက်တကျွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂၂ ရက်မှာပြောပါတယ်။ သူဟာ ဂျပန်ကနေ နယူးဇီလန်ထိ အာရှ-ပစိဖိတ်ဒေသရှိ နို်င်ငံအများအပြားမှာ ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုနဲ့ကာလရှည်ကြာနှိုင်းယှဉ် သတ်မှတ်ခံထားရတဲ့ အာရှမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဆီချီလော့ပ်ကို နယ်သာလန်လေဆိပ်မှာ နိုင်ငံတကာရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခဲ့ပါတယ်။ နှစ်နှစ်နီးပါးကြာပြီးနောက်မှာ သူ့ကိုသြစတြေးလျသို့ လွှဲပြောင်းခဲ့ပြီးသူဟာ ဒေသဆိုင်ရာ တရားရုံးမှာ တရားရင်ဆိုင်ရမှာဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သြစတြေးလျရဲတပ်ဖွဲ့ဟာ သူ့ကိုကိုဖမ်းဆီးဖို့ ဆယ်စုနှစ်တခုကျော်ကြာ ကြိုးစားခဲ့ပြီး သူဖြန့်ဖြူးတဲ့မူးယစ်ဆေးဝါးအများစုဟာ ဆစ်ဒနီနဲ့မဲလ်ဘုန်းမြို့တွေဆီ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Australian…
Read Moreကျိုက်လတ်က NLD ပါတီဝင်လူငယ် ၅ ဦး ထောင်ဒဏ် အနှစ် ၂၀ ကနေ ၄၀ အထိချမှတ်ခံရ
ဒီဇင်ဘာ၊၂၂-၂၀၂၂ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့မှာ ဖမ်းဆီးခံ NLD ပါတီဝင် လူငယ် ၅ ယောက်ကို ဖျာပုံခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကနေ နှစ် ၄၀ အထိချမှတ်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးသူဆီကနေ သိရပါတယ်။ ”မနေ့က နေ့လယ်ပိုင်းက အမိန့်ချတာ ၊ ဖျာပုံ ခရိုင်တရား ရုံးက ပုဒ်မ၂ ခုဖြစ်တဲ့ ၅၀(ဈ) နဲ့ ၅၂ ကတို့နဲ့ အမိန့်ချတာပါ ၊ ပုဒ်မက အတူတူပဲ ပြစ်ဒဏ်တွေက ဘာလို့ကွာသွားတာလည်းမသိဘူး ၊ ဖမ်းဆီးခံထားရတဲ့ NLD လူငယ်များဖြစ်တဲ့ ထွဠ်နောင်ဦး(ခ)စီ့ဖိန်ကို ထောင်နှစ် ၄၀ နှစ်၊ ကိုမျိုး ၃၅ နှစ်၊ ကိုဟိန်းကို ၃၀ နှစ် ၊ ကိုပြည့်ဖြိုးအောင်…
Read Moreတရုတ်စစ်လေယာဉ် ၃၉ စင်းနဲ့ စစ်သင်္ဘောတွေ ထိုင်၀မ်အနီးဖြတ်သန်း
တိုင်ပေ၊ ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်၀မ်ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ် ၃၉ စင်းနဲ့ စစ်သင်္ဘောသုံးစင်းတို့ကို တွေ့ရှိခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ စစ်လေယာဉ်တွေထဲက မောင်းသူမဲ့လေယာဉ်တစင်းဟာ ထိုင်၀မ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်သန်းပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိတ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေနဲ့ ဝိုင်-၂၀ ဆီဖြည့်လေယာဉ်တွေအပါအ၀င် စစ်လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန် အလယ်မျဉ်းရဲ့ တောင်ဘက်မှ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အချိူ့လေယာဉ်တွေဟာ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကြားရှိ ဘာရှီရေလက်ကြားကို ဖြတ်သန်းသွားပြီးနောက် ပစိဖိတ်ခြမ်းရှိ ထိုင်၀မ်အရှေ့တောင်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ပျံသန်းသွားတယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာ တရုတ်လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာလည်း ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုအနီးရှိ ပစိဖိတ်သမုဒ္ဒရာထဲကိုရောက်ရှိနေပြီး ရုရှားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ Ref: NHK Photo:AP…
Read Moreဂမ်ဘီယာနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွား
ဘန်ဂျူလ် ၊ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ဂမ်ဘီယာအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစည်မှုကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ဂမ်ဘီယာအစိုးရက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းဖို့ကြံစည်တဲ့ စစ်သားလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြံရာပါသုံးဦးကတော့ ထွက်ပြေးလွတ်မြောက်နေကြောင်း ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းထပ်မံအနိုင်ရရှိခဲ့တဲ့ သမ္မတအက်ဒါမာဘောရိုးကိုဖြုတ်ချဖို့ ဒီဇင်ဘာ ၂၀ ရက်က ကြံစည်မှုရဲ့နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ လက်ရှိချိန်ထိ မြို့တော်ဘန်ဂျူလ်မှာ အခြေအနေအေးဆေးတည်ငြိမ်နေပြီး သေနတ်သံတွေလဲမကြားရသလို မဟာဗျူဟာမြောက်နေရာတွေမှာ လုံခြုံရေးအတွက် သစ္စာခံတပ်တွေ ဖြန့်ကြက်ချထားတဲ့ အရိပ်အယောင်လည်းမရှိပါဘူး။ ဒါပေမယ့် အရန်တပ်တွေကို အသင့်ပြင်ထားကြောင်း နဲ့အခြေအနေအားလုံး ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံတွင်းရှိ ကမ်းခြေတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြောင့် အားလပ်ရက်ခရီးသွားတွေအကြား ရေပန်းစားပြီး နိုင်ငံရေးတည်ငြိမ်တဲ့ အနောက်အာဖရိကရှိ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar…
Read Moreခရစ်စမတ် နဲ့ နှစ်ကူး အားလပ်ရက်အတွက် ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ် ကြိုတင်မှာယူတဲ့သူ များပြားနေ
ဒီဇင်ဘာ၊ ၂၂-၂၀၂၂ MM(VOM) ခရစ်စမတ် နဲ့ New Year အားလပ်ရက်တွေအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင် မှာယူတာတွေများပြားနေတယ်လို့ သိရပါတယ်။ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းအသင်းတာဝန်ရှိသူ တဦးကပြောပါတယ်။ “ခရစ်စမတ်နဲ့ New Year အတွက်က ဟိုတယ်တွေ မှာ ဘိုကင်တွေပြည့်နေပြီ ၊ Back Side အားလုံး လောလောဆယ်မှာဆို ၉၀ ရာခိုင်နူန်းလောက်ပြည့်နေပြီ ၊ ဒီကနေ့လည်း ဧည့်သည်တွေရှိတယ် စနေ၊ တနင်္ဂနွေဆို ပိုများမှာ သေချာတယ် ၊ လက်ရှိ ကမ်းခြေတွေကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ပြန်ဖွင့်ထားတာ၊ ဘိုကင်တွေကို ရန်ကုန်ဘက်က ယူထားတာများတယ်တဲ့…
Read More(၇၄)နှစ်အတွင်းပထမဆုံးအဖြစ် မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ ချမှတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို
ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအပေါ် ၇၄ နှစ်ကာလအတွင်း ပထမဆုံးသောဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ချမှတ်လိုက်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဗြိတိန်ကတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်မုကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့၀င် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က မဲမပေးခဲ့ဘဲ ကျန်တဲ့အဖွဲ့၀င် ၁၂ နိုင်ငံ ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ ဗြိတိန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုပြီးနောက် ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်က ပြောပါတယ်။ မြန်မာ့အရေးကို အလျင်အမြန်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ပြသနာပြေလည်ရေးဟာ မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ကြောင်း၊ မြန်မာ့အရေးကို အခုလို ဆုံးဖြတ်ချက်ချတာထက် တရား၀င် ကြေညာချက်ထုတ်တာမျိုးကို တရုတ်ကလိုလားတယ်လို့ တရုတ်သံအမတ်ကြီး Zhang Jun က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး…
Read Moreမုံးကိုးမြို့နယ်ခွဲမှာ နစကတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား
ဒီဇင်ဘာ ၂၂၊ ၂၂ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုး မြို့နယ်ခွဲ၊ ဝိန်းဆိုင်ကျေးရွာအုပ်စု၊ မုံးပေါ်ဒေသ စမာနဲ့ ဟူဘန် ရွာတွေဘက်မှာ မနေ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်ကစပြီး ညနေ ၃ နာရီကျော်ခန့်အထိ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “၂ နာရီ ဝန်းကျင်မှာ။ ၁ နာရီ ကျော် လောက်ကတည်းကတောင် ပြောလို့ ရတယ်။ ညနေ ပိုင်း ၃ နာရီ ကျော် အထိ။” လီု့ ဒေသခံ တဦး က ပြောပါတယ်။ လက်နက်ကြီးတွေက မုံးကိုး ဗျူဟာဘက်ကနေ…
Read Moreပြည်တွင်းဝင်လာမယ့် လျှပ်စစ်ကား ဘယ်လောက် ခရီးပေါက်နိုင်မလဲ
ဒီဇင်ဘာ ၂၂ – ၂၀၂၂ SN (VOM) Dongfeng Motor Myanmar က တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေ အခုနှစ်ကုန် တင်သွင်းတော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ BYD အမှတ်တံဆိပ် လျှပ်စစ်ကား (EV)တွေကို တင်သွင်းနိုင်ဖို့ လက်ရှိမှာ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့အတွက် အခု ၂၀၂၂ ခုနှစ်ကုန်အမီ တင်သွင်းသွားဖို့ စီစဉ်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်ကား တင်သွင်းရောင်းချခြင်းနဲ့ ပတ်သက်ပြီး စိစစ်ကြပ်မတ်ဖို့ ကော်မတီ ၅ ခု ဖွဲ့စည်းထားတယ်လို့ နစကက ပြောဆိုထားပြီး အဲ့ဒီကော်မတီတွေကနေ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပတ်သတ်လို့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး မူကြမ်းတစောင်ကို…
Read Moreဂီတပညာရေးမဏ္ဍိုင် မြို့မ ဦးရွှန်းမြိုင်
——————————————— ဆူးငှက် ၁၉၂၅ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်း”ကို၊ ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဗဒင်၊ ကိုလှဒင်၊ ဆိုင်းတန်း ကိုမြသိန်း၊ ကိုဘငွေ၊ ကိုဘအုန်းတို့နှင့်အတူ ကိုဘငြိမ်း ခေါ် ကိုကျော်ညိန်းဟာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့တာပါ။ တောက်မယ့်မီးခဲ တရဲရဲမို့ “မြို့မ” ဆိုတဲ့ နာမည်ကိုလည်း ကိုကျော်ညိန်းကပဲ ပေးခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့ “မြို့မ” ဟာ ၁၉၂၈ ခုနှစ်ရောက်တော့ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊ ရည်ရွယ်ချက် စည်းကမ်းချက်များနှင့် စနစ်တကျ ဖွဲ့စည်းခိုင်မာနိုင်ခဲ့ပါပြီ။ “မြို့မ”က ဒီလို စနစ်တကျ ဖွဲ့စည်းရာမှာ အဓိကအကျဆုံး ရည်ရွယ်ချက်များကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက် တွေကတော့ … (က) မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ (ခ) ကမ္ဘာသုံး တူရိယာများ လေ့လာသင်ကြား တတ်မြောက်ရေး၊ (ဂ)…
Read More