အောက်တိုဘာ ၁၇-၂၀၂၂ GG(VOM) မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေနတ်နဲ ပစ်ခံရပြီး သေဆုံးမှု ဒီနေ့အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဝမ်းတွင်းမြို့နယ်က ၊ ထမင်းဆိုင်တဆိုင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဧည့်သည်တွေနဲ့အတူ ထမင်းစားနေချိန် ဆိုင်အတွင်းကို သေနတ်နဲ့ဝင်ရောက်ပစ်သတ်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ” ၁ နာရီလောက်ကဖြစ်တာ၊ အုပ်ချုပ်ရေးမှူး သေတယ်။သူ့နောက်လိုက် တပည့် ဒဏ်ရာရတယ်။ ထမင်းဆိုင်ထဲကိုဝင်ပစ်ခံရတာလို့သိရတယ် “လို့ ဒေသခံ တဦးကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ဒဏ်ရာရရှိသူ အမျိုးသားကို ဆေးရုံကိုပို့ဆောင်ထားပြီး အခင်းဖြစ်တဲ့နေရာမှာလည်း စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးဟာ နစကလက်ထက်မှာ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ကြောင်း ၊ ရဲဘက်ကနေ ရွှေ့ပြောင်းတာဝန်ပေးခံရသူလည်းဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။ အခုလ အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ်…
Read MoreYear: 2022
တရုတ်ရဲ့ တပြည်ထောင်စနစ်နှစ်မျိုးမူဝါဒ လက်မခံဘူးလို့ ထိုင်၀မ်သမ္မတရုံးထုတ်ပြန်
တိုင်ပေ၊ အောက်တိုဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်အနေနဲ့ တရုတ်နိုင်ငံရဲ့ တပြည်ထောင် စနစ်နှစ်မျိုးမူဝါဒကို လက်ခံမည်မဟုတ်ကြောင်း ထိုင်၀မ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၆ ရက်ကကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အစည်းအဝေးမှာ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေး ကတိက၀တ်ကို တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်၀မ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ယခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ထိုင်၀မ်အနေနဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို အထိပါးခံမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် အလျှော့ပေးသွားမှာမဟုတ်ဘူးလို့ ထိုင်၀မ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထိုင်၀မ်ရေလက်ကြားမှာ လက်နက်ကိုင်ပဋိပက္ခဟာ ရွေးချယ်စရာနည်းလမ်းမဟုတ်ဘူးဆိုတာ ထိုင်၀မ်ပြည်သူတွေရဲ့ ဘုံသဘောထားဖြစ်ကြောင်း သူကပြောပါတယ်။ ကျိုးကြောင်းဆီလျော်မှု၊ သာတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုတို့နဲ့အတူ ထိုင်၀င်ရေလက်ကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကိုထိန်းကြောင်းဖို့ နှစ်ဦးနှစ်ဘက်သဘောတူညီနိုင်မယ့် အစီအစဉ်တရပ်ကိုရှာဖွေဖို့ တရုတ်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ဖို့ဆန္ဒရှိကြောင်း ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM…
Read Moreပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ ဘုန်းကြီးကား မိုင်းထိမှန်ပြီး ရဟန်း ၁ ပါး ပျံတော်မူ ၊ ၃ ပါး ဒဏ်ရာရ
အောက်တိုဘာ ၊၁၇ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ညောင်လှကျေးရွာအနီး ပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ဘုန်းကြီးကား တစီးမိုင်းထိမှန်ပြီး ကားပေါ်ပါ ဘုန်းကြီး ၄ ပါးအနက် ၁ ပါး ပျံလွန်တော်မူကာ ကျန် ၃ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပခုက္ကူ-ဆိပ်ဖြူကားလမ်းက ညောင်လှရွာအဝင် ရေကျော်နားမှာဖြစ်တာပါ ၊ မိုင်းကွဲပြီး ကားကိုထိမှန်တယ် ၊ ကားရပ်သွားတဲ့အခါ ကားထဲကို ရှေ့တည့်တည့်ကနေ သေနတ်နဲ့ပစ်တာဖြစ်တယ် ၊ ကားပေါ်မှာက ဘုန်းကြီး ၄ ပါး လိုက်ပါလာတယ်၊ အဲ့ဒီအထဲက ဆရာတော် ဥူးနန္ဒာစရိယ ကတော့ မိုင်းစထိမှန်ပြီး နေရာမှာတင်…
Read Moreတရုတ်ထုတ် ကော်ဖီသောက်ပြီး ဘုန်းကြီးနဲ့ လူ ၅ ယောက် သတိလစ်သွားလို့ ဆေးကုသမှုခံယူခဲ့ရ
အောက်တိုဘာ ၁၇-၂၀၂၂ GG (VOM) ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှာ တရုတ်ထုတ် ကော်ဖီမစ်သောက်ပြီး သံဃာ ၁ ပါး အပါအဝင် ၅ ယောက် သတိလစ်မေ့သွားလို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ကာ ကုသမှုခံယူခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းမှာ တာချီလိတ်မြို့၊ကျောက်တောင်ရပ်ရှိ နတ်မောက်ရွှေသူဌေးကုန်းဘုန်းကြီးကျောင်းမှာ ကော်ဖီသောက်ရာကနေ အစာအဆိပ်သင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “တရုတ်လိုရေးထားတာက တထုပ်ကို ၈ ခါခွဲသောက်ခိုင်းတာကို သူတို့က ကော်ဖီမစ်ဆိုတော့ တထုပ်ကို တခါတည်းသောက်ရမယ်ထင်လို့သောက်လိုက်ကြတာ၊အဲ့ဒါမှ အစာအဆိပ်သင့်သွားတာ၊အမတို့တော့ အဲ့ဒီကော်ဖီ တခါမှမမြင်ဖူးဘူး၊မနက် ၇ နာရီလောက်ကဖြစ်ကြတာ”လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ အစာအဆိပ်သင့်ခဲ့သူတွေကတော့ နတ်မောက်ရွှေသူဌေးကုန်းကျောက်တိုက် ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ဦးပြုံးမောင်(၅၃)နှစ်၊ကိုနှင်းသန့်အောင်(၃၂)နှစ်၊ကိုရဲကိုမျိုး(၁၉)နှစ်နဲ့ ကိုထိန်လင်းဦး(၂၇)နှစ်တို့ ဖြစ်ပြီး လက်ရှိ တာချီလိတ် ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေကာ သက်သာနေပြီလို့သိရပါတယ်။ အစာအဆိပ်သင့်စေခဲ့တဲ့ ကော်ဖီမစ်ကိုတော့ ဆရာဝန်တွေက ဓာတ်ခွဲစစ်ဆေးကြည့်ဖို့အတွက်ယူဆောင်သွားတယ်လို့…
Read Moreမိုးကောင်းမှာ ဆရာတော် ၁ ပါး ပစ်သတ်ခံရ
အောက်တိုဘာ ၁၇ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ် ၊ ရေရှင်လေးမိုင် ၊ သဒ္ဓမ္မပါလ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဗုဒ္ဓဘာသာတောင်တန်းဒေသ သာသနာ့ပြု့ ဆရာတော် ၁ပါးဟာ မနေ့ အောက်တိုဘာ ၁၆ ရက် ၊ ည ၈ နာရီဝန်းကျင်က ကျောင်းထဲမှာတင် ပစ်သတ်ခံရတယ်လို့ မိုယ်းကောင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ကည ၇ နာရီခွဲ ၈ နာရီဝန်းကျင်မှာ ဖြစ်သွားတာပါ ၊ အမည်မသိ လက်နက်ကိုင် လူ ၁၀ ယောက်ခန့်် ကျောင်းထဲကိုဝင်လာပြီး ၊ မဆိုင်သူတွေ ခေါင်းငုံ့ထားကြဆိုပြီး ကျောင်းပေါ်တက်ကာ ဆရာတော်ကို ပစ်သတ်သွားတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် ဆရာတော် ဘဒ္ဒန္တ သီလာန…
Read Moreငွေချေးသက်သေခံလက်မှတ်တွေ ဖိအားပေးဝယ်ယူခိုင်းမှာကို လုပ်ငန်းရှင်အချို့ စိုးရိမ်နေ
အောက်တိုဘာ ၁၇ – ၂၀၂၂ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချမယ့် ငွေချေးသက်သေခံလက်မှတ်တွေ ဖိအားပေးဝယ်ယူခိုင်းမှာကို လုပ်ငန်းရှင်အချို့က စိုးရိမ်နေတယ်လို့ သိရပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်ဥပဒေအရ ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရာမှာ ငွေချေးသက်သေခံလက်မှတ် ထုတ်ဝေခြင်းနဲ့ ငွေချေးသက်သေခံလက်မှတ်တွေ ရောင်းဝယ်ခြင်းကို ငွေကြေးမူဝါဒ နည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ စီးပွားရေးစနစ်အတွင်းမှာရှိတဲ့ ပိုလျှံငွေကြေးကို သွယ်ဝိုက်နှုတ်သိမ်းခြင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို အထိုက်အလျောက်ထိန်းချုပ်နိုင်ဖို့ ငွေချေးသက်သေခံလက်မှတ်တွေကို ထုတ်ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ “သူတို့ဘက်က ဖိအားနဲ့ လုပ်ငန်းရှင်တွေ မဖြစ်မနေ ဝယ်ကိုဝယ်ရမယ်ဆိုပြီး လုပ်လာမှာကို စိုးရိမ်မိတယ်။ မသေချာ မရေရာတဲ့အလုပ်မျိုးကို ဘယ်သူမှ လုပ်ချင်ကြမှာမဟုတ်ဘူးလေ။ သူတို့ဘက်ကတော့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းစုံသုံးမယ့်သဘောရှိတယ်”လို့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု…
Read Moreချိန်ခါဝါစွန့် လတန်ဆောင်
ဆူးငှက် ” နဂါးလိမ် မိလ္လာသိင်္ဂါညွန့်မှာ တိမ်ပြာဇာတွန့်မြ အရောင်၊ ချိန်ခါဝါစွန့် လတန်ဆောင်ငယ် သရဒဦးသျှောင် ခေါင်ရတု၊ ရှစ်ဌာန်းဝန်းဝိုက် ပြိုတော့မည်လို လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခု” နွေကဖြင့် ဘာမှ မကြာလိုက်၊ မိုးသည်းသည်း ရက်ဆက်ရွာပြီး တိတ်ခါစ လမ်းကဗွက်အိုင်ခြောက်စအပြုမှာပင် မြောက်ပြန်လေက သော့သော့နှင် လာပြန်သည်။ မနက်လင်းတော့ နှင်းဇာပဝါပါး ကျလာပြန်၏။ ပရုပ်လုံးနံ့ သင်းသင်း ဂွမ်းကပ်စောင်တွေ ထုတ်ကာ နေပြကြသည်။ ဝါဝင်တာ မကြာလိုက်ခင်မှာတော့ အခုတော့ ဝါကျွတ်လို့ တန်ဆောင်မုန်းပင် ဆန်းစပြုနေ၏။ တော်သလင်း မလွန်ဆန်လှူပွဲ၊ သီတင်းကျွတ် ဘုရားသုံးဆူပွဲ၊ အိမ်တော်ရာဘုရားပွဲ၊ မဟာသကျသီဟ ဘုရားပွဲ၊ ရတနာမဉ္ဇူ ဘုရားပွဲ၊ ကျောက်တော်ကြီးဘုရားပွဲ ရက်များပင် ပြီးပြန်ချေ၏။ အခုပဲ ကထိန်ပွဲရက်တွေ စလေပြီ။ သီတင်းကျွတ်ရော တန်ဆောင်မုန်းရော မနှစ်တွေကလိုပဲ တိတ်ဆိတ်နေချေဦးမည်။ မန္တလေးမှာ ““ရတနာပုံမ်နေပြည်တော်””ခေတ် ကတည်းက…
Read Moreအင်္ဂပူမှာ စာသင်ကျောင်း မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ် သိန်း၅၀၀နီးပါး ဆုံးရှုံးခဲ့
အောက်တိုဘာ၊ ၁၆ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းမှာရှိတဲ့ အခြေခံပညာ အ-ထ-က (အင်္ဂပူ) စာသင်ကျောင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်မနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားလို့ ငွေကျပ် သိန်းပေါင်း ၄၉၀ ကျော်တန်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးးတ်ဦးစီးဌာနကနေ သိရပါတယ်။ အ-ထ-က (အင်္ဂပူ)စာသင်ကျောင်း Grade-8 (A) ခန်းမှာရှိတဲ့ လျှပ်စစ်မီးပလပ်ခုံဝါယာရှော့ခ်ဖြစ်ကာ စတင် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အချိန် ဟာ လူအများ အိပ်နေတဲ့ချိန်ဖြစ်တာကြောင့် ဆုံးရှုံးမှုများသွားတာဖြစ်တယ်လို့ သိရပါတယ်။ ”မနက် ၃နာရီခွဲလောက်မှာ မီးငြိမ်းသွားတာ ၊ လူတွေအိပ်နေတဲ့အချိန် မီးစလောင်တာဆိုတော့ မီးလောင် လောင်ချိန် ဘယ်သူမှ မသိလိုက်လို့ မီးလောင်တာများသွားတာ ၊ဆုံးရှုံးတာကလည်းများသွားတယ်။”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် အ-ထ-က…
Read Moreဒေးဒရဲမှာ ရုတ်တရက်လေပြင်းတိုက်လို့ သစ်ပင်လဲကျတာကြောင့် ၉ လအရွယ် ကလေး ၁ဦးအပါအဝင်လူ ၃ ဦး သေဆုံး
အောက်တိုဘာ ၊ ၁၆ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်က ဘုရားချောင်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်က ရုတ်တရက် မိုးရွာလေပြင်း တိုက်ခတ်တာကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျလို့ အိမ်ထဲမှာရှိတဲ့ ၉ လအရွယ် ကလေး ၁ ယောက် အပါအဝင် မိခင်နဲ့ ကလေး ၂ ယောက်သေဆုံးသွား တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တွေဆီကနေ သိရပါတယ်။ မိနစ် ၅၀ နီးပါး ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးအိမ်ပေါ်ကို အိမ်ဘေးမှာရှိတဲ့ သစ်ပင်လဲကျလို့ အိမ်ထဲမှာ အိပ်နေတဲ့ အမေဖြစ်သူဒေါ်တင်ဇာမော်နဲ့ အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် ၊…
Read Moreရုရှားစစ်တပ်လေ့ကျင်ရေးကွင်းမှာ သေနတ်သမားတွေ ၀င်ရောက်ပစ်ခတ်မှု ၁၁ ဦးသေဆုံး
မော်စကို၊ အောက်တိုဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်လေ့ကျင့်ရေးကွင်းမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၁ဦး သေဆုံးသွားတယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းမှာ တိုက်ပွဲ၀င်မယ့် စေတနာ့၀န်းထမ်း စစ်မှုထမ်းမယ့် သူတွေကို ယူကရိန်းနဲ့ထိစပ်နေတဲ့ ဘယ်လ်ဂိုရော့ဒေသမှာ သေနတ်ပစ်လေ့ကျင့်ပေးနေစဉ် သေနတ်သမားနှစ်ဦးက အောက်တိုဘာ ၁၅ ရက်မှာ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေဟာ ယခင်ဆိုဗီယက်နိုင်ငံတခုက ဖြစ်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ အထူးစစ်ဆင်ရေးမှာ ပါ၀င်လိုသူတွေကို သေနတ်ပစ်လေ့ကျင့်နေချိန်မှာ အကြမ်းဖက်သမားတွေက လက်နက်ငယ်တွေနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လူ ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယူကရိန်းတိုက်ပွဲမှာ စစ်မှုထမ်းဖို့ လူ၃သိန်းကို ရုရှားသမ္မတ ပူတင်က ပြီးခဲ့တဲ့လမှာ ဆင့်ခေါ်တဲ့အမိန့်ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ကြောင့် ရုရှားနိုင်ငံတ၀န်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #မော်စကို
Read More