အောက်တိုဘာ ၁၆ – ၂၀၂၂ SN (VOM) ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တစ်ပိဿာ ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်တွင်း စားအုန်းဆီဈေးဟာ လက်ရှိမှာ တစ်ပိဿာ ကျပ် ၆၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးကို တစ်ပိဿာ ၃၈၈၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတွက် ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ကျပ် ၃၀၀၀ ကျော် ကွာဟနေပါသေးတယ်။ “သူတို့ ဘယ်လိုပဲ ထုတ်ပြန်၊ ထုတ်ပြန်။ ဈေးနှုန်းတွေ ဘယ်လိုပဲ လျှော့ချ သတ်မှတ်နေပါစေ။ အပြင်ဈေးကတော့ သူတို့သတ်မှတ်တဲ့ဈေးအတိုင်း ဘယ်တော့မှ ထပ်တူညီဖို့မပြောနဲ့၊ မတိမ်းမယိမ်းအဆင့်တောင် မရှိဘူး။ သူတို့ပြောတဲ့ဈေးအတိုင်း မရောင်းရင်…
Read MoreYear: 2022
‘ဓန’ရှိလို့ ပါတီထောင်တာမဟုတ် ‘ဇ’ ရှိလို့ ပါတီထောင်တာဆိုတဲ့ ပြည်သူ့ပါတီ
အောက်တိုဘာ ၁၅-၂၀၂၂ KT(VOM) Photo – VOM ဓနရှိလို့ ပါတီထောင်တာမဟုတ် ဇ ရှိလို့ ပါတီထောင်တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်း နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာပြုလုပ်တဲ့ ပြည်သူ့ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး အမှာစကားပြောကြားချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။ “နိုင်ငံတော်အုပ်ချုပ်ရေးရုံးစိုက်တဲ့နေရာမှာ ပြည်သူ့ပါတီရဲ့ရုံးခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါပြီ၊ အရင်က ပြည်ထောင်စုနယ်မြေ မြို့နယ်အသီးသီးမှာ ရုံးခန်းတွေဖွင့်လှစ်ထားပေမယ့် နိုင်ငံရေးမုန်တိုင်းပြင်းထန်တဲ့အချိန်မှာ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေးအပေါ်မှာ ယုံကြည်မှုကျဆင်းလာတာကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်၊ဒါပေမယ့် ပြည်သူပါတီဟာ မုန်တိုင်းဒဏ်တွေကြားထဲမှာ ဘာကြောင့် အခုချိန်ထိ ကြံ့ကြံ့ခံရပ်တည်နေတာလဲလို့ပြောရင် သိသာထင်ရှားတဲ့အချက်ကိုပြောမယ် ပြည်သူ့ပါတီဟာ ဓနရှိလို့ရပ်တည်နေတာမဟုတ်ဘူး၊ဇ ရှိလို့ရပ်တည်နေတာဖြစ်ပါတယ်၊ နိုင်ငံရေးသမား၊နိုင်ငံရေးပါတီမှာ နိုင်ငံရေး ဇ ဆိုတာ အင်မတန်အရေးကြီးပါတယ်၊ကျွန်တော်တို့ဟာ မီးပြင်းတိုက်တာတွေခံခဲ့ရတယ်၊မုန်တိုင်းဒဏ်တွေခံရတယ်၊ခြိမ်းခြောက်မှုတွေအမျိုးမျိုးရှိခဲ့ပါတယ်၊ ရှစ်လေးလုံးနိုင်ငံရေး စလုပ်စဥ်ကနိုင်ငံရေးလုပ်ရင် မင်းဘာဖြစ်မလဲ? လွှတ်တော်ကိုယ်စားလှယ်ဖြစ်မလား၊ဝန်ကြီးဖြစ်မလား၊ဆိုတဲ့မျှော်လင့်ချက်တွေဝေလာဝေး၊ နိုင်ငံရေးလုပ်ရင်ဘယ်နားနေမှန်းမသိတဲ့ ရေကြည်အိုင်ဆိုတာ ကြားဖူးတယ်၊ ကျွန်တော်တို့ရဲ့နောင်တော့် နောင်တော်တွေ ကျောင်းသားခေါင်းဆောင်တွေ…
Read Moreရခိုင်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ ပြတ်လပ်နေ
အောက်တိုဘာ ၁၅- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်အတွင်း ရာနဲ့ချီတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအကူအညီတွေ မရရှိကြတာ ၃ လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်းနဲ့ စစ်ဘေးရှောင်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မရောက်တာလည်း လနဲ့ချီကြာမြင့်လာတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်းမှာဆိုရင် စားနပ်ရိက္ခာအကူအညီတွေမရတာကြောင့် စားဝတ်နေရေးကျပ်တည်းနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။ “စားနပ်ရိက္ခာကတော့ အရမ်းခက်ခဲနေပါတယ်။ အခွင့်အရေးရှိမယ်ဆိုရင် ဒီနေရာကို လာရောက်ကူညီပေးစေချင်ပါတယ်။ ICRC က အကူအညီတွေမရတာ ၃ လလောက်ရှိပါပြီ။ လူကယ်ပြန်ဌာနက မရတာတော့ ၅ လလောက်ရှိပြီ၊ အဲဒီလို စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် ချေးငှားစားသောက်ရတာတွေလည်း ရှိနေတယ်၊ မိသားစု တစ်စုက သမီးလေးတစ်ယောက်မှာ နားကပ်လေးရှိတယ်ဆိုရင် အဲဒါပေါင်နှံပြီး ဆန် ၁တောင်းရတယ်။ ပြီးရင် ရွာထဲမှာ…
Read Moreဧရာဝတီတိုင်းက ငါးရံ့ခြောက်တွေကို ပြည်ပ တင်ပို့နေပေမယ့် ငါးမျိုးပွားနှုန်း လျော့နည်းလာလို့ ပုံမှန် မတင်ပို့နိုင်တော့
အောက်တိုဘာ၊ ၁၅-၂၀၂၂ မင်းမြတ်(VOM) တစ်နှစ်ထက်တစ်နှစ် ငါးမျိုးပွားနှုန်း လျော့နည်းလာပြီး ငါးရံ့ရှားပါးလာတာကြောင့် ငါးခြောက်ထွက်ကုန်ပါလျော့နည်းလာလို့ နိုင်ငံခြား တင်ပို့နေရတဲ့ ဧရာဝတီတိုင်း ဒေသထွက် ငါးရံ့ခြောက်တွေမှာ ဈေးကွက်ရှိပေမယ့်လည်း ပုံမှန်တင်ပို့နိုင်ခြင်းမရှိဖြစ်နေ တယ်လို့ ဧရာဝတီတိုင်းက ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်း ဒေသထွက်ငါးရံ့ခြောက်တွေ ပြုလုပ်ဖို့ ငါးရံ့တွေကို ဘိုကလေးမြို့နယ် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ် ၊ ကျိုက်လတ်မြို့နယ် ၊ ပန်းတနော် မြို့နယ်တွေက ရေချိုအင်းအိုင်တွေမှာ အများဆုံးရရှိတာဖြစ်တယ်လို့ သိရပါတယ်။ ငါးရံ့ငါးတွေ သားပေါက်ချိန် စပါးစိုက်ခင်းတွေမှာ ပိုးသတ်ဆေးဒဏ်တွေကို ခံရခြင်း ၊ဘက်ထရီရှော့ခ်တိုက်ပြီး ငါးဖမ်းခြင်း ၊ ရေချိုအင်းများ ရှားပါးလာခြင်း စတဲ့အခြေအနေတွေကြောင့် ငါးရံ့မျိုးပွားရှင်သန်နိုင်မှု လျော့နည်းလာပြီး တစ်နှစ်ထက်တစ်နှစ် ငါးရံ့အကောင်ရေ လျော့နည်းလာတယ်လို့ သိရပါတယ် ။ “ကျွန်မတို့ မြန်မာတွေက ငါးခြောက်ဖုတ်ကို ဆီဆမ်းပြီး ထမင်းနဲ့ စားကြတယ် ၊…
Read Moreရခိုင်ပြည်မြောက်ပိုင်း၊ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေး
အောက်တိုဘာ ၁၅ – ၂၀၂၂ SN (VOM) ဒေသတွင်း တည်ငြိမ်မှုမရှိတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားနဲ့ စစ်ကိုင်းတိုင်းတို့မှာ ခရီးသွားလာလို့ အဆင်မပြေနိုင်သေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ လက်ရှိမှာ အဲ့ဒီ့နေရာတွေကို ပြည်ပခရီးသွားဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်တွင်းခရီးသွားတွေအနေနဲ့လည်း လုံခြုံရေး အခြေအနေအရ သွားလာခြင်း မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “သက်ဆိုင်ရာဌာနတွေက တရားဝင်ထုတ်ပြန်ချက် ထုတ်ထားလား၊ မထုတ်ထားဘူးလားတော့ မသိပါဘူး။ အဲ့ဒီ့နေရာတွေက သွားလို့မရသေးဘူးဆိုတာတော့ သိထားပါတယ်။ ရခိုင်ကိုတော့ ကျွန်တော်သိသလောက်ကတော့ ငပလီကိုတော့ ဖွင့်ထားပါတယ်။ ကျန်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွေဘာတွေကတော့ သွားလို့မရဘူး၊ အဲ့လိုသိထားတယ်။ နောက် ချင်းပြည်နယ်ကလည်း သွားလို့မရဘူးဆိုတာ မှန်ပါတယ်။ ပြီးတော့ ကယားနဲ့ စစ်ကိုင်းနဲ့လည်း ထိုနည်းတူစွာပါပဲ။ စစ်ကိုင်းတိုင်း တစ်ခုလုံးဆိုရင်လည်း သွားလို့လာလို့…
Read Moreကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ထိုင်းကနေ လာရောက်မယ့် ဘုရားဖူးခရီးစဥ်တွေ ဖျက်သိမ်း
အောက်တိုဘာ ၁၄ – ၂၀၂၂ SN (VOM) အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ထိုင်းခရီးသွားတွေအနေနဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို ဖျက်သိမ်းမူတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲ့ဒီ့ ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ထိုင်းခရီးသွားတွေက ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို မဖြစ်မနေသွားလေ့ရှိတယ်။ ဒါပေမယ့် ဒီဖြစ်စဥ်ကြောင့် အောက်တိုဘာလအစမှာ ခရီးသွားကုမ္ပဏီတွေက ရောင်းထားတဲ့ ထိုင်းဘက်က ဘုရားဖူးမယ့်ခရီးစဥ်တွေ ဖျက်သိမ်းခံလိုက်ရပါတယ်။ ခရီးသွားလုပ်ငန်းအတွက်တော့ ဒီဖြစ်စဥ်ဟာ image တစ်ခုအထိပါ ထိခိုက်သွားတာပါ”လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာ လက်ရှိမှာ သုညရာခိုင်းနှုန်းသာရှိပြီး ပြည်တွင်း ပဋိပက္ခအခြေနေတွေကြောင့် ခရီးစဥ်ရေးဆွဲရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ “နယ်မြေအေးချမ်းတဲ့…
Read Moreတိုယိုတာ ကားထုတ်လုပ်မှု ကားဈေးကွက်ကို ရိုက်ခတ်မှု အနည်းငယ်ရှိတယ်လို့ သိရ
အောက်တိုဘာ ၁၄ – ၂၀၂၂ SN (VOM) ရန်ကုန်သီလဝါ အထူးစီးပွားရေးဇုံက တိုယိုတာကားစက်ရုံမှာ ကားတပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပြန်လည် စတင်နေပြီး အဲ့ဒီ့လို ထုတ်လုပ်နေမှုဟာ ကားဈေကွက်အပေါ် ရိုက်ခတ်မှု အနည်းငယ်ရှိနေတယ်လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်)ကနေ သိရပါတယ်။ လက်ရှိမှာ တိုယိုတာစက်ရုံကနေ စက်တင်ဘာလက မြန်မာနိုင်ငံကိုတင်ပို့ထားတဲ့ ကားအစိတ်အပိုင်းတွေနဲ့ တစ်နေ့ကို ဟိုင်းလက်စ်ကား ၁ စီးကနေ ၂ စီးအထိ တပ်ဆင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ “ရိုက်ခတ်မှုအနည်းအကျဉ်း ရှိတယ်ဆိုတာက သူက လျှော့ရောင်းမှာမဟုတ်ဘူးလေ။ အရင်တုန်းက SKD ပေးတဲ့အချိန်က ဒေါ်လာနဲ့တွက်ပြီး ဝယ်ရတဲ့အတိုင်းအတာက အဲ့တုန်းက တစ်ဒေါ်လာ ၁၅၀၀ ပဲရှိတယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ။ ၂ ဆပဲလေ။ ဈေးကကျမှာတော့မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့သူက အသစ်ပဲစစီးမယ်ဆိုရင်တော့ ဒီလိုအသစ်မျိုး၊ ဒီကားမျိုးပဲ ဝယ်စီးကြမှာပေါ့။ အပြင်မှာလည်း အသစ်နီးပါးလောက် ကားတွေရှိပါတယ်။ ဒါပေမယ့်…
Read Moreယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့ ရုရှားကို နေတိုးအဖွဲ့ သတိပေး
ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံတ၀န်းရှိမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက် ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့နဲ့ နေတိုးအဖွဲ့အကြီးအကဲ စတိုတန်ဘာ့ဂ်က ရုရှားကို သတိပေးလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကနျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ပဋိပက္ခတွေပြင်းထန်လာမှာဖြစ်ပြီး အလွန်အရေးကြီးတဲ့မျဉ်းကို ဖြတ်ကျော်လိုက်တာဖြစ်ကြောင်း နေတိုးအကြီးအကဲကပြောပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းမှာ နျူကလီးယားလက်နက်တွေအသုံးပြုလာမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ရုရှားတွေသိကြောင်း ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ နေတိုးကာကွယ်ရေး ၀န်ကြီးများအစည်းအဝေးအပြီးမှာ စတိုတန်ဘာ့ဂ်က သတင်းထောက်တွေကိုပြောပါတယ်။ နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှအောင်နိုင်မှာမဟုတ်တဲ့အတွက် မတိုက်သင့်ကြောင်း ၊ နေတိုးတပ်မှူးတွေအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုဖို့ အခြေအနေမရှိကြောင်း သူကပြောပါတယ်။ ဒါပေမယ့် နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်လေယာဉ်တွေပါ၀င်တဲ့ စစ်ရေးလေ့ကျင့်မှုကို လာမယ့်သီတင်းပတ်မှာ နေတိုးကပြုလုပ်ဖို့ရှိနေပါတယ်။ ရုရှားနျူကလီးယားတပ်ဖွဲ့ကလည်း သူ့တို့ရဲ့နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုကို ယခုလထဲမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ Ref: NHK Photo:NHK #voiceofmyanmar #VOM #ဘရပ်ဆဲလ်
Read Moreဧရာဝတီတိုင်းမှာ အထည်ချုပ်လုပ်သား ၁၀၀၀ နီးပါး အလုပ်ပြန်မရသေးလို့ မှီခိုနေရတဲ့ မိသားစုတွေ အခက်ကြုံလာ
အောက်တိုဘာ၊ ၁၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့နိုင်ငံရေး အခြေအနေတွေကြောင့် အထည်ချုပ် လုပ်သား ၁၀၀၀ နီးပါး ဒီနေ့အထိ အလုပ်ပြန်မရဘဲ အလုပ်လက်မဲ့ဖြစ်နေရပြီး သူတို့ကို မှီခိုနေတဲ့ မိသားစုတွေဟာ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ အလုပ်သမား အရေးဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။ အထည်ချုပ် အလုပ်သမားတွေကို မှီခိုနေရတဲ့ သက်ကြီး အဖိုး ၊အဖွားတွေ ၊ လူဦးရေများတဲ့ မိသားစုတွေ ၊ လစဉ် လတိုင်း ကျန်းမာရေးအတွက် ဆေးခန်းပြနေရတဲ့ မိသားစုတွေဟာ သူတို့ အားကိုးနေရတဲ့ သူတွေက အလုပ်လက်မဲ့ဖြစ်နေရလို့ အရင်လို ပုံမှန်ဆေးခန်းမပြနိုင်တော့တာ ၊ ထမင်းကို မနက်နဲ့ည တစ်နပ်ထဲပေါင်းစားရတာတွေရှိလာတယ်လို့ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လုပ်သားတွေရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ် ။ ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်း အထိ ၉ လအတွင်းမှာ…
Read Moreတရုတ်သမ္မတရှီကျင်းပင် နှုတ်ထွက်ပေးဖို့ ပေကျင်းမှာ ဆန္ဒပြမှုဖြစ်ပွား
ပေကျင်း၊ အောက်တိုဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ သမိုင်း၀င်ကွန်ဂရက်မကျင်းပမီ ရက်အနည်းငယ်အလိုမှာ သမ္မတရှီကျင်းပင်နဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြမှု အောက်တိုဘာ ၁၃ ရက်မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့ပါတယ်။ ပေကျင်းမြို့အနောက်ဘက်ရှိ တံတားတခုပေါ်မှာ ဆန္ဒပြကန့်ကွက်တဲ့ စာတန်းနှစ်ခုကို ချိတ်ဆွဲထားတာကို တွေ့ရှိရပြီး ဆန္ဒပြမှုကို အာဏာပိုင်တွေက အလျင်အမြန် ဟန့်တားလိုက်ဖွယ်ရှိပါတယ်။ အဲဒီနေရာမှာ မီးခိုးလုံးတွေထူထွက်စွာ ထွက်ပေါ်လာပြီး လူတဦးက ရှီကျင်းပင်နှုတ်ထွက်ရေးအပါအ၀င် ကြွေးကြော်သံ ကျယ်လောင်စွာအော်ဟစ်နေတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ ကွန်မြူနစ်ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကိုကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်း ၂၃၀၀ တက်ရောက်မှာဖြစ်ပါတယ်။ သမ္မတရှီကျင်းပင်ဟာ ဆယ်စုနှစ်များစွာရှိနေတဲ့ အစဉ်အလာကိုချိုးဖောက်ပြီး သူ့ရဲ့အာဏာကို ခိုင်ခိုင်မာမာဆုတ်ကိုင်ထားကာ သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်နေဖွယ်ရှိပါတယ်။ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်မတိုင်မီ မြို့တော်ပေကျင်းမှာ တင်းကြပ်တဲ့လုံခြုံရေးအစီအမံတွေနဲ့ ကိုဗစ်ကန့်သတ်ချက်တွေချမှတ်ထားတဲ့ အပေါ်…
Read More