သာကေတမြို့နယ်က ၁၆ နှစ်အရွယ် အမျိုးသား ၄ ဦး ထောင် ၃နှစ်စီချခံရ

ဇန်နဝါရီ ၄-၂၀၂၃
MM(VOM)

ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်က အသက် ၁၆ နှစ်အရွယ် အမျိုးသား ၄ ယောက်ကို ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီအမိန့်ချလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ တယောက်က ပြောပါတယ်။

”အဖမ်းခံရတဲ့ ကလေးတွေ သာကေတမြို့နယ်က ၊ မနေ့က ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးက အမိန့်ချ လိုက်တာ ၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ)နဲ့ ထောင် ၃ နှစ်စီ ချမှတ်ခဲ့တာ ၊ မိဘတွေက ယူကျုံးမရ ဖြစ်နေတယ် ၊ စွဲခံရတဲ့ပုဒ်မနဲ့ ထောင်ချခံရတာ လွဲမှားနေတယ် ၊ ကလေး ၄ ယောက်က ညနေဘက် မွေးနေ့ပွဲတခုကိုသွားရင်း ဖမ်းဆီးခံရတာ ၊ ဒါကို လက်နက်တွေနဲ့ မိတယ်ဆိုပြီး ပုဒ်မတပ်ထောင်ချတာ၊ ၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ အဖမ်းခံရတာ။”လို့ သူက VOM ကို ဆက်ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ် ၄ ယောက်ဟာ မောင်ငွေဇင်၊ မောင်လင်း သန့်အောင်၊ မောင်အောင်အောင်၊ မောင်နေမင်းကိုကိုတို့ဖြစ်ပြီး သူတို့ကို ဖမ်းဆီးတဲ့အချိန် ရိုက်နှက်စစ်ဆေးတာတွေလည်း လုပ်ခဲ့သေးတယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။

”ကလေးတွေကို အခုတော့ ဘယ်လို ထားလဲ ၊ဘာတွေ လုပ်လဲမသိဘူး ၊စဖမ်းတဲ့ အချိန်ကတော့ ရိုက်ခံရသေးတယ်၊ လူငယ်တွေကို သွန်သင်ဆုံးမပြီး လွှတ်ပေးဖို့ ပြောချင်တယ်၊ ပြန်လွှတ်ပေးမယ်လို့လည်းထင်တာ၊အခုလို ကြီးလေးတဲ့ ပုဒ်မတွေ တပ်ပြီး ထောင်ချတာအံ့သြတာ ၊ ကလေးတွေကို တပ်ထားတဲ့ ပုဒ်မတွေက လက်နက်တွေ့ တယ်ဆိုပြီး တပ်ထားတာ ၊ ကလေးတွေဆီမှာလည်း ဘာ လက်နက်မှ မရှိခဲ့ပါဘူး၊ မမိခဲ့ပါဘူး ။”လို့ သူက VOMကို ဆက်ပြောပါတယ် ။

အဲ့ဒီထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ်တွေကို သန်လျင် မြို့နယ်၊ သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှာ
ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲတဲ့ ဖြစ်စဉ်တွေဖြစ်ပွားပြီးနောက် အချိန် ၂ နှစ်ကျော်ရှိလာတဲ့ အချိန်အထိ မြန်မာနိုင်ငံတဝှမ်းမှာ ကလေးသူငယ် အယောက် ၂၄၀ ဝန်းကျင်ဖမ်းဆီးခံထားရပြီး ရန်ကုန်တိုင်းက ကလေးငယ်တွေအများဆုံး အဖမ်းခံထားရတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #သာကေတ #တဆယ့်လေးနှစ်အရွယ်အမျိုးသားလေးဦး #ထောင်သုံးနှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW