ထန်းတပင်မှာ အသတ်ခံရတဲ့ မူကြိုဆရာမ ၂ ယောက်ဟာ အဆိုတော် လီလီနိုင်ကျော်သတ်ခံရမှုကြောင့် ဖမ်းခံထားရသူရဲ့ အမေနဲ့ အမဖြစ်နေ

ဇွန် ၊ ၇ ၊ ၂၀၂၃

SP (VOM)

ရန်ကုန်တိုင်း ၊ထန်းတပင်မြို့နယ်၊ တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ် (၉၀/၉၁) နေအိမ်မှာ မနေ့ ဇွန် ၆ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်က မူကြိုကျောင်းဆရာမ ၂ ဦး အသတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့သူတွေဟာ မိဘမေတ္တာ ပုဂ္ဂလိက မူကြိုကျောင်းဖွင့်တားတဲ့ ဆရာမ ဒေါ်သဲမာလာဝင်း၊ ၄၂ နှစ်၊(ဘ) ဦးရွှေနိုင်၊နဲ့ ဆရာမ မဆောင်းသဇင်ဦး၊ ၂၄ နှစ်၊(ဘ)ဦးမောင်ဦး တို့ ၂ ယောက် အသတ်ခံရတာဖြစ်တယ် ၊ အသတ်ခံရသူတွေဟာ အိမ်ထဲမှာ ရှိနေတဲ့အချိန် လူ ၄ ဦးက အငှားယာဥ် အဖြူရောင် တစီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ထန်းတပင်မြို့နယ်နေ ဒေသခံ တယောက်က ” အသတ်ခံရတဲ့သူတွေဟာ ထန်းတပင်မြို့နယ်၊ တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ် (၉၀/၉၁) နေအိမ်မှာ ဖြစ်တယ် ၊ အဲ့ဒီ အိမ်က မူကြိုကျောင်းဆရာမ ဒေါ်သဲမလာဝင်နဲ့ ဆရာမ မဆောင်းသဇင်ဦး တို့ သတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ အရင်ရက်မတိုင်မီက သရုပ်ဆောင် ၊ အဆိုတော် လီလီနိုင်ကျော် လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီ အိမ်က မိသားစုဝင် တယောက်ဖမ်းဆီးခံရတာရှိတယ် ၊ သူက ကောင်းဇာနည်းဟိန်း (ခ) လပြည့် ဆိုသူဖြစ်တယ် ၊ အခုသတ်ခံရတာဟာ ကောင်းဇာနည်းဟိန်း ( ခ) လပြည့်ဆိုသူရဲ့ အမေဖြစ်သူနဲ့ အစ်မဝမ်းကွဲတော်သူတွေ ဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်တယောက်က “သေနတ်နဲ့င့် ပစ်ခတ်မှုကြောင့် မသဲမာလာဝင်း မှာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံထိမှန်ဒဏ်ရာ ၁ ချက် ထိမှန်သေဆုံးတယ်၊ မဆောင်းသဇင်ဦး ကတော့ ဝဲနားနောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ထိမှန်သေဆုံးခဲ့တယ် ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှာ 9MM LUGER ကျည်ခွံ ၉ ခုနဲ့ ကျည်ထိပ်ဖူး ၃ ခု တွေ့ရှိခဲ့တယ် ” လို့ ပြောပါတယ်။

ဒီကိစ္စမှာ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ ထုတ်ပြန်တာမတွေ့ရသေးသလို VOM အနေနဲ့လည်း အတည်ပြုမပေးနိုင်သေးပါဘူး။

ဒါ့အပြင် အဲ့ဒီ ၂ လောင်းပြိုင် လူသတ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ထန်းတပင် #မူကြိုဆရာမအသတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW