အီသီယိုးပီးယား တိုက်ဂရေးဒေသမှာ အငတ်ဘေးဆိုက်ပြီး လူ ၂၀၀ ကျော်သေဆုံး

  အာဒစ်အာဘာဘာ၊ ဇန်နဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) အီသီယိုးပီးယားမှာ မိုးခေါင်ရေရှားမှုနဲ့ စစ်ဒဏ်ခံခဲ့ရသော တိုက်ဂရေးဒေသ အီဒါဂါအာဘီမြို့မှာ ဇူလိုင်လနောက်ပိုင်း လူ ၂၀၀ ကျော်အငတ်ဘေးဆိုက်ပြီး သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ အနီးနားရှိ အက်ဝါမြို့မှာလည်း နောက်ထပ် ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ဂရေးဒေသဟာ ၁၉၈၄ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အငတ်ဘေးလိုအခြေအနေဆိုက်ရောက်လုနီးပါးဖြစ်နေတယ်လို့ တိုက်ဂရေးတာဝန်ရှိသူတွေကပြောပါတယ်။ ဒါပေမယ့်လည်း အီသီယိုးပီးယားဗဟိုအစိုးရကတော့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပွားနေတယ်ဆိုတာကို ငြင်းဆိုထားပြီး အကူအညီတွေပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆေးဝါးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက်နဲ့ မြန်မြန်ဆန်ဆန်မရောက်တာကြောင့် အသက်တွေကိုကယ်တင်ဖို့ ကူကယ်ရာမဲ့နေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ ကလေးငယ်နဲ့ လူငယ်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ပဋိပက္ခတွေ၊ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အီသီယိုးပီးယားပြည်သူ သန်း ၂၀ ဟာ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကြောင်း…

Read More

This Day in History

Voice of Myanmar အမေရိကန်သည် စိန့်သောမတ်၊ စိန့်ဂျွန်နှင့် စိန့်ခရုစ်တို့ပါဝင်သော ဗာဂျင်ကျွန်းစုကို ဒိန်းမတ်ထံမှ ဒေါ်လာ ၂၅ သန်းဖြင့် ၁၉၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဝယ်ယူခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အပစ်ရပ်ပြီးနောက်ပိုင်း ရှမ်းမြောက်စစ်ရေးအခြေအနေ

  ဇန်နဝါရီ ၁၆၊ ၂၀၂၄ Shy V (VOM) ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက အပစ်ရပ်ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော် (TNLA) အခြေချ နေရာယူထားတဲ့ ကျောက်မဲမြို့နယ်ရှိ “ငြိမ်းချမ်းရေးကုန်း” မှာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ခန့်ကစ ၂ နာရီခန့်ကြာ အမှတ် ၅၀၁ နဲ့ ၅၀၂ စစ်တပ် နဲ့ TNLA တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက သတင်း ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်တာက ကျောက်မဲ မှာပါပဲ။ တိုက်ပွဲ မရှိပဲနဲ့ လက်နက်ကြီး ပစ်ခတ်တာတော့ ရှိတယ်။ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ရွာ၊…

Read More

စစ်တွေလေဆိပ်မှာ ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရသူတွေရှိ

  ဇန်နဝါရီ ၊ ၁၆ ၊ ၂၀၂၄ SP (VOM) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ စစ်တွေလေဆိပ်မှာ မနေ့ ဇန်နဝါရီ ၁၅ ရက်ည ၈ နာရီဝန်းကျင်က လေဆိပ်အတွင်း ပေါက်ကွဲမှုတရပ်ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညက ၈ နာရီလောက်မှာ လေယာဥ်တစီး ကွင်းဆင်းတယ် ၊ အဲ့ဒီအချိန် ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် လေယာဥ်လည်း ပျံတက်သွားတယ် ၊ ထိခိုက်ဒဏ်ရာရသူတွေရှိတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညက လေဆိပ်ထဲမှာ ပေါက်ကွဲမှုဖြစ်စဥ် ဖြစ်တယ် ၊ ဒရုန်းဗုံးတလုံးကျပြီးပေါက်ကွဲတယ် ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တယောက် ထိခိုက်တာတော့…

Read More

တောင်ကိုရီးယားကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အချက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြောက်ကိုရီးယား ထည့်သွင်းဖွယ်ရှိ

  ပြုံးယမ်း၊ ဇန်နဝါရီ-၁၆-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံ&JU ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ကင်ဂျုံအန်က ညွှန်ကြားထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ တကယ်လို့စစ်ပွဲဖြစ်လာရင် တောင်ကိုရီးယားကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချက်ကို မြောက်ကိုရီးယားက ထည့်သွင်းဖွယ်ရှိနေပါတယ်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချလိုပြီး ပြန်လည်ပေါင်းစည်းရေးအတွက် မိတ်ဖက်အဖြစ် မရှုမြင်သင့်ကြောင်း ဇန်နဝါရီ ၁၆ ရက်က လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ ကင်ဂျုံအန်က ပြောဆိုခဲ့တယ်လို့ အာဏာရပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြပါတယ်။ အကယ်၍ စစ်ပွဲဖြစ်လာခဲ့ပါက တောင်ကိုရီးယားကို မြောက်ကိုရီးယားက တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချက်ကို ဖွဲ့စည်းပုံအခြခံဥပေဒမှာ ထည့်သွင်းဖို့နဲ့ တောင်ကိုရီးယားကို နံပါတ် ၁ ရန်လိုတဲ့ နိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ဖို့ ကင်ဂံျုအန်က တိုက်တွန်းပြောဆိုခဲ့ကြောင်း သတင်းစာက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနု့ ဆက်ဆံရေးရုံးအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းသုံးခုကို ဖျက်သိမ်းဖို့လည်း လွှတ်တော်ကဆုံးဖြတ်ခဲ့ပြီး အဲဒီအဖွဲ့တွေကတော့ ပြန်လည်ပေါင်းစည်းရေးကော်မတီ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး…

Read More

ဒလ အိမ်ခြံမြေဈေးကွက် သိန်းသောင်းချီ ပေါက်ဈေးရှိနေ

  ဇန်နဝါရီ ၁၆ – ၂၀၂၄ SN (VOM) ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလ အိမ်ခြံမြေဈေးတွေ မြင့်တက်လာပြီး သိန်းသောင်းချီ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ဒလတံတား တည်ဆောက်နေမှုဟာ လက်ရှိမှာ ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒလဘက်က မြေကွက်တွေ တလထက်တလ ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “ဒလံတံတား စီမံကိန်းကြောင့် ဒလမြေဈေးတွေ ဆက်တိုက် တက်လာတယ်။ သူနဲ့ တဆက်တည်း တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုဘက်မှာလည်း မြေဈေးတွေတက်လာတာကို တွေ့ရတယ်။ တံတားပြီးသွားရင် လမ်းပန်းဆက်သွယ်ရေးက ကောင်းသွားပြီလေ။ အခုကတော့ နေဖို့ထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ဝယ်ကြတာများတယ်။ ဈေးနှုန်းတွေကလည်း ပါးစပ်ခေါ်ဈေး၊ ညှိနှိုင်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြတာများတော့ ဈေးတွေ အဆမတန် ခုန်တက်ကုန်တာ” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က…

Read More

တိုက်ပွဲတွေကြောင့် ရှမ်းထွက်ကုန်တွေ ပြည်တွင်း တင်ပို့ရောင်းချမှု ၈၀ ရာခိုင်နူန်းလောက်ကျဆင်း

ရန်ကုန် ၊ ဇန်နဝါရီ ၁၆- ၂၀၂၄ GG(VOM) ရှမ်းပြည်နယ်အတွင်းမှ ဒေသ ထွက်ကုန်ပစ္စည်းတွေကို ပြည်မကိုတင်ပို့ရောင်းချမှု ၈၀ ရာခိုင်နှုန်း လောက်အထိ ကျဆင်းမှုရှိနေတယ်လို့ ရှမ်းအခြေစိုက်ကုန်သည်တွေဆီကသိရပါတယ်။ ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အပါအဝင် မြန်မာနိုင်ငံနေရာအနှံအပြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ ပြတ်တောက်ခြင်း ၊ စက်သုံးဆီဈေးမြင့်တက်ခြင်း စတဲ့အခက်အခဲတွေကြောင့် ရခိုင် အပါအဝင် ဒေသတော်တော်များများကို တင်ပို့ရောင်းချနိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်း ကုန်စည်တင်ပို့ရောင်းချမှုလျော့ကျလာနေတာဖြစ်တယ်လို့သိရပါတယ်။ “ပြည်တွင်းကုန်သွယ်ရေးက ၁၀၀ မှာ ၂၀ ရာခိုင်နူန်း ပဲလုပ်ရတယ်၊အရင်တုန်းက ရာနူန်းပြည့်လုပ်ရတယ်၊ အဲ့တုန်းက တပိဿာမှ ၅ကျပ်၊၆ကျပ် ပဲအများကြီးမစားဘူး အများဆုံးမှ ၂၀ပဲ။အဲ့ဒါကိုအမြတ်နည်းနည်းနဲ့အရမ်းပို့ရတော့ အရမ်းကိုက်တယ်၊အခုတပိဿာ ၁၀၀ လောက်စားရတော့မကိုက်ဘူး။အဲ့လိုဖြစ်နေတယ်။အဓိကအရောင်းအဝယ်ပါးတယ်။လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတယ်။ဆီဈေးတွေတက်တယ်။ပို့မရတဲ့နေရာတွေကလည်းတအားများလာတယ် ” လို့ ရှမ်းတောင်က ကုန်သည်တယောက်က ပြောပါတယ်။ ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းမှ ထွက်ရှိတဲ့ ပစ္စည်းတွေကို သယ်ယူရာမှာ တံတားတွေကျိုးတာ ၊လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတာကြောင့် ခရီးစဉ်ရက်ရှည်ပြီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW