တီဟီရန်၊ ဖေဖော်ဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ ပစ်မှတ် ၈၅ ခုကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မဟာဗျူဟာ အမှားဖြစ်တယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းတခုကို ပြီးခဲ့တဲ့သီတင်းပတ်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့တဲ့အပေါ် အီရတ်နဲ့ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို အမေရိကန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်စခန်းကို တိုက်ခိုက်မှုမှာ ဘယ်လိုအခန်းကဏ္ဍကမှ မပါဝင်ကြောင်း အီရန် ငြင်းဆိုထားပြီး အစ္စလာမ္မစ်ခုခံရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေကို အမေရိကန်က ပြစ်တင်ထားပါတယ်။ အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ အီရတ်တာဝန်ရှိသူတွေက ပြောာပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ပြီး အီရတ်နဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်းရေးကို ထိခိုက်စေကြောင်း…
Read MoreMonth: February 2024
This Day in History
Voice of Myanmar ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်အချိန်များဖြစ်သော ၁၉၄၅ ခုနှစ်တွင် အမေရိကန်သမ္မတ ရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနှင့် ရုရှားဝန်ကြီးချုပ် ဂျိုးဇက်စတာလင်တို့သည် ဂျာမနီကို အပြီးသတ်ချေမှုန်း ရောလ်တာညီလာခံကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ခဲ့သည်။
Read Moreမုံရွာမြို့နယ်ထဲက နဂါးတွင်းရွာနားမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက် သေဆုံးတာတွေရှိ
ဖေဖော်ဝါရီ ၊ ၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ နဂါးတွင်းကျေးရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၃ ရက် ၊ နေ့လယ်ပိုင်းက နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက် ပြောပြတာက ” နဂါးတွင်းရွာနားက ရွာအဝင်လမ်းမှာ မနက် ၁၁ နာရီဝန်းကျင်ကစလို့ တိုက်ပွဲတွေဖြစ်တယ် ၊ နဂါးတွင်း ရွာကိုဝင်လာတဲ့ စစ်ကြောင်းနဲ့ PDF တွေဖြစ်ကြတာလို့ သိရတယ် ၊ နှစ်ဘက်စလုံး သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…
Read More၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ပေးအပ်
ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ထူးချွန်ဆု စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီက နေပြည်တော်ရှိ MICC 1 မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်ခဲ့တာမှာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တသက်တာထူးချွန်ဆုကို ဒါရိုက်တာ စည်သူအောင်မြင့်မြတ်၊ စည်သူ ဒေါ်နွဲ့နွဲ့စန်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကား၊ ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ တင်အောင်စိုး…
Read Moreဖားကန့်ကိုသွားမယ့် ခရီးသည်တွေ ၊ ဖားကန့်မှာ နေထိုင်ကြောင်း ထောက်ခံစာပြနိုင်မှ ဂိတ်တွေက ဖြတ်သန်းခွင့်ပြု
ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်ဘက်က ကျေးရွာတချို့မှာ KIA နဲ့ နစကတပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မန္တလေး – မုံရွာ – ဖားကန့် ကားလမ်းရဲ့ နေရာတချို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖားကန့်မှာနေထိုင်ကြောင်း ထောက်ခံစာပါလာတဲ့ ခရီးသည်တွေကိုပဲ သွားလာခွင့်ပေးပြီး ၊ နေထိုင်ကြောင်း ထောက်ခံစာ မပါတဲ့ ခရီးသည်တွေကိုတော့ အဲ့ဒီ စစ်ဆေးရေးဂိတ်ကနေ လာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ခိုင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” အခုရက်ပိုင်းမှာ KIA နဲ့ နစက တပ်တွေကြား နန့်တိန် ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မော်ရှန် ၊ ဆိပ်မူ…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၃ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂါဇာစစ်ပွဲ ရက် ၄၀ အပစ်ရပ်ပြီး ဓါးစာခံတွေ လွတ်မြောက်ဖို့ အစ္စရေးရည်ရွယ်နေ
တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာစစ်ပွဲကို ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲပြီး အရပ်သားဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေး ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဟားမတ်စ်တို့ဟာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်ပြီး ဒီအပေါ် တုံ့ပြန်မှုတွေ မရှိသေးကပါဘူး။ အပစ်အခတ်ရပ်စဲရေးပထမအဆင့်မှာ ဟားမတ်စ်တို့ဟာ ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့ ဆွေးနွေးမှုနဲ့နီးစပ်တဲ့ ပါလက်စတိုင်းတာဝန်ရှိသူတယောက် ရိုက်တာကို ပြောပါတယ်။ နောက်တဆင့်မှာတော့ အစ္စရေးစစ်သားတွေနဲ့ ဓါးစာခံတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်လွှဲပြောင်းပေးသွားဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဓါးစာခံတွေကို ပြန်လည်လွှတ်ပေးပြီးနောက်မှာ တိုက်ပွဲတွေရပ်ဖို့ ဟားမတ်စ်တို့က တောင်းဆိုသွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးမှုတွေဟာ ကနဦးစတင်တဲ့အခြေအနေမှာသာရှိနေသေးပြီး ဟားမတ်စ်တို့ဟာလည်း ဒီအပစ်အခတ်ရပ်စဲရေးကို လေ့လာနေတယ်လို့ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားပါတယ်။ Ref:NHK Photo:Getty Images
Read MoreYBS ကားခတွေ မြင့်တက်လာပြန်တာကြောင့် ခရီးသည်တွေ အခက်အခဲဖြစ်နေ
ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ YBS ယာဥ်လိုင်းတချို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ ယာဥ်စီးခတွေ ထပ်မံတိုးမြှင့် ကောက်ခံလာတာကြောင့် နေ့စဥ် YBS အသုံးပြု သွားလာနေရတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်းအောက်ရှိ YBS 12, 13, 14, 25, 30, 38, 55, 117, 128 စတဲ့ ယာဉ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှစတင်ကာ ယာဉ်စီးခကို ငွေသားနဲ့ ပေးမယ်ဆိုရင် ကျပ်ငွေ ၄၀၀ ၊ YPS Card / QR Code…
Read Moreမြင်းခြံမြို့နယ် စံပြကျေးရွာ ပြည်သူ့စစ်အဖွဲ့နဲ့ PDF အဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ နှစ်ဘက်ထိခိုက် သေဆုံးမှုတွေရှိ
ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ စံပြကျေးရွာ အထက်တန်းကျောင်းမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အဲ့ဒီ ပစ်ခတ်မှုတွေကြောင်း နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ စံပြကျေးရွာခံ ပရဟိတသမား တယောက်က ” မနေ့က ညနေပိုင်း ကျောင်းဆင်းပြီးတဲ့နောက် ၄ နာရီခွဲလောက်မှာ အထက်တန်းကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးတင်မြင့် ဦးစီးတဲ့အဖွဲ့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လာတိုက်တယ် ၊ အဲ့ဒီမှာ အပြန်အလှန်…
Read Moreဆီးရီးယားနှင့် အီရတ်ရှိ အီရန်နဲ့ဆက်နွယ်တဲ့ ပစ်မှတ် ၈၅ ခုကို အမေရိကန် လက်တုံ့ပြန် တိုက်ခိုက်
ဝါရှင်တန် ၊ ဖေဖော်ဝါရီ-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၅ ခုကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။ ဒါဟာ အေမရိကန်စစ်အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခံရမှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို လက်တုံ့ပြန်တာလို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ လက်တုံ့ပြန်မှုကို ယနေ့စတင်ခဲ့ပြီး တိုက်ခိုက်မယ့် နေ့ရက်အချိန်နဲ့ ပစ်မှတ်တွေ ဆက်လက်ရှိနေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ တာဝါ ၂၂ ဟုခေါ်တဲ့ အမေရိကန်အခြေစိုက်စခန်းတခုကို စစ်သွေးကြွတွေက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို အပြစ်တင်ထားပြီး…
Read More