စက်သုံးဆီစျေးနှုန်းတွေ တပတ်အတွင်း ဒုတိယအကြိမ် ထပ်မံမြင့်တက်လာပြီး ဆီပြဿနာ မပြေလည်သေး

  ဩဂုတ် ၁၈ – ၂၀၂၄ SS (VOM) စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်နေတဲ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းတွေဟာ တပတ်အတွင်း ဒုတိယအကြိမ် ထပ်မံမြင့်တက်လာပေမယ့် ဆီပြဿနာကတော့ ပြေလည်မှု မရှိသေးဘူးလို့ ကုမ္ပဏီယာဉ်မောင်းတွေနဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။ ဆီကော်မတီအနေနဲ့ ဒီကနေ့ ဩဂုတ် ၁၈ ရက်မှာ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၉၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၁၀ ကျပ် စသဖြင့် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး သုံးရက်အတွင်း ကျပ် ၉၀ ကနေ ၉၅ ကျပ်ဝန်းကျင်အထိ ထပ်မံ မြင့်တက်လာတာ…

Read More

This Day in History

  Voice of Myanmar ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဖြစ်သူ မီခေးလ်ဂေါ်ဘာချော့ဗ်ကို ကွန်မြူနစ်သဘောထားတင်းမာသူများက ၁၉၉၁ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ခေတ္တအာဏာသိမ်းခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August19

Read More

လားရှိုး ကုတင် ၅၀၀ ဆေးရုံပြန်လည် ဖွင့်လှစ်

  ဩဂုတ် ၁၉၊ ၂၀၂၄ Shy V (VOM) လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ခိုက် ထိန်းချုပ်လိုက်ပြီးနောက် လားရှိုး ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၃ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်ပြီး လည်ပတ်နေပြီ ဖြစ်ကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လားရှိုးပြည်သူ့ဆေးရုံကြီး ပြန်ဖွင့်နေပြီ။ ပြည်သူ့ကျန်းရေးဌာန ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်” လို့ လားရှိုးပြန်လည်ထူထောင်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အရေးပေါ် ထိခိုက်ရှနာလူနာတွေ အပါအဝင် သားဖွားမီးယပ်၊ သွေး/ဆီးစစ်ခြင်း၊ ဓာတ်မှန်နဲ့ Ultrasound ရိုက်ခြင်း၊ OG ရိုးရိုးနဲ့ ခွဲစိတ်ခြင်း တွေကိုလည်း လက်ခံကုသပေးနေပြီ ဖြစ်ပြီး TB ဆေး နဲ့ ART ဆေးတွေလည်း လာရောက်ထုတ်ယူ နိုင်ပြီလို့…

Read More

ရုရှားရဲ့ အရေးပါတဲ့ ဒုတိယမြောက်တံတားတစင်းကို ယူကရိန်းတပ်တွေ ဖျက်ဆီး

  ကိဗ်ယက်၊ ဩဂုတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံ ကာ့ဒ်ဒေသကို ယူကရိန်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှု တပတ်ကျော်ကာလအတွင်း ရုရှားရဲ့ ဗျူဟာမြောက် ဒုတိယတံတားတစင်းကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ “ဒါနောက်ထပ် တံတားတစင်းပါ။ ကျွန်တော်တို့ ဖျက်ဆီးနိုင်ခဲ့တယ် ”လိူ့ ယူကရိန်းလေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလက်စ်ချော့က ပြောပါတယ်။ ရန်သူကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထောက်ပို့စွမ်းရည် သိသိသာသာ ထိခိုက်စေလိမ့်မယ်လို့ သူကပြောပါတယ်။ ဇဗန်နိုးဒေသရှိ အဲဒီတံတား တိုက်ခို်ကမှုနဲပတ်သက်တဲ့ ရုပ်သံမှတ်တမ်းကိုလည်း ယူကရိန်းစစ်တပ်က ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားရဲ့ ကာ့ဒ်ဒေသကို ထိုးစစ်ဆင်တာဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကိုရပ်ဖို့ ကြားခံဇုန်တခု ဖန်တီးဖို့လည်း ပါဝင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်မှ စစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေရဲ့ အကြီးမားဆုံး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုဖြစ်ပြီး သီတင်းနှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ ယခုသီတင်းပတ်အစောပိုင်းကလည်း…

Read More

ဒီပဲယင်းနဲ့ အင်းတော်တိုက်ပွဲ ဘာတွေ ဆက်ဖြစ်နေလဲ

  ဩဂုတ် ၁၈၊ ၂၀၂၄ Shy V (VOM) စစ်ကိုင်းတိုင်းဒေသကြီးက ဒီပဲယင်းမြို့နယ် တခုလုံးကို သြဂုတ်လ ၁၈ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည် ဆုတ်ခွာထားကာ အင်းတော်ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီပဲယင်း ပြန်ဆုတ်ထားရတယ် လို့ သိရတယ်။ သိမ်းဖို့ထက် ထိန်းထားနိုင်ဖို့က ပိုခက်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နစက ဘက်က အင်အား ထပ်ဖြည့် လာတာတွေ၊ လေကြောင်းကနေ ပစ်ကူပေးနေတာတွေကြောင့် ဆုတ်ခွာထားရတယ်လို့ သိရကြောင်းသူက ပြောပါတယ်။ ဒီပဲယင်းမြို့ကို သြဂုတ် ၁၈ ရက်နေ့မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ကျန်ရှိနေတဲ့ ရွှေစာလီဘုရားကုန်း နဲ့ ဇွဲစားသောက်ဆိုင် ၃ ထပ်တိုက်က နစက တပ်စခန်း တွေကို…

Read More

ပဲခူးမှာ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားကျောင်းသူတွေကို စက်သုံးဆီ ဦးစားပေးစနစ်နဲ့ရောင်းဖို့ ညွှန်ကြား

  သြဂုတ် ၁၉ ၊ ၂၀၂၄ MS (VOM) ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုတွေအရ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပဲခူးမြို့မှာ စက်သုံးဆီကို ဦးစားပေးရောင်းချမှုကို ယနေ့သြဂုတ် ၁၉ရက်က စတင်ပြုလုပ်နေကြောင်းသိရပါတယ်။ အဆိုပါဦးစားပေး အစီအစဉ်အရ ပဲခူးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားကျောင်းသူတွေ ဆီလာရောက် ဝယ်ပါက စက်သုံးဆီငွေကျပ်၂၀၀၀၀ဖို့ နဲ့ ဆိုင်ကယ်ဆီအပြည့် ကို မနက်၇ ကနေ ၈နာရီအတွင်း အထူးအစီစဉ် အဖြစ်ရောင်းပေးသွားရမယ်လို့ဆိုပါတယ်။ ” အစိုးရ ဝန်ထမ်းနဲ့ကျောင်းသားကျောင်းသူတွေ အဆင်ပြေအောင်ရောင်းပေးဖို့ အစည်းအဝေးခေါ်ပြောထားလို့ ဒီနေ့ကစပြီးရောင်းပေးနေတယ် ။ မနက်၇နာရီကနေ၈နာရီအတွင်းပေါ့။ ကျန်တဲ့အချိန်ကတော့ ဝန်ထမ်းနဲ့ကျောင်းသားမဟုတ်သူတွေကိုရောင်းပေးနေတာ။ ဆီဆိုင်တိုင် အဲဒီအစီစဉ်လုပ်ပေးရတာပဲ ။ လိုတာကတော့ ဝန်ထမ်းကတ် နဲ့ကျောင်းသားကတ်ပဲ အဲဒီ့ကတ်တွေပြဝယ်ရင်ရတယ်”လို့ ပဲခူး မြို့က ဆီအရောင်းဆိုင် တစ်ခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ စက်သုံးဆီကို ဦးစားပေးရောင်းပေးဖို့ အတွက်…

Read More

ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့်တပ်သင်္ဘော တိုက်မိလို့ နှစ်နိုင်ငံ ဆက်လက်တင်းမာနေ

  ပေကျင်း၊ ဩဂုတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်သင်္ဘောတစင်းဟာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက ခုတ်မောင်းလာပြီး တရုတ်သင်္ဘောကို အန္တရာယ်ရှိသောပုံစံနဲ့ ဝင်တိုက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ဒီဖြစ်စဉ်ဟာ ဩဂုတ် ၁၉ ရက်နံနက် ၃ နာရီ ၂၄ မိနစ်က ဖြစ်ပွားခဲ့တာလို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ရုပ်သံမှတ်တမ်းထုတ်ပြန်ထားပြီး ဖိလစ်ပိုင်သင်္ဘောဟာ ဆာဘီနာသောင်ခုံ ရေပြင်အနီးဝင်ရောက်လာခဲ့တာဖြစ်ကာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ် သတိပေး တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဖိလစ်ပိုင် သင်္ဘောဟာ ရုတ်တရက်ဦးတည်ချက်ပြောင်းပြီး ဝင်တိုကခဲ့တာလို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ယာယီအစီအစဉ်ကို ချိုးဖောက်ခဲ့တာလို့ တရုတ်က စွပ်စွဲထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥပေဒအတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ ထိပါးနှောက်ယှက်တဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။ ဖိလစ်ပိုင်ကမ်ခြေစောင့်တပ်ကတော့…

Read More

တာမွေမြို့နယ်မှာ အဖွားအိုတယောက်တည်း နေအိမ်မှာ ရှိနေစဉ် လုယက်မှုဖြစ်ပွား

  ဩဂုတ် ၁၉ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ မနေ့ ဩဂုတ် ၁၈ ရက်၊ ညပိုင်းက အဖွားအိုတယောက်တည်း နေအိမ်မှာ ရှိနေစဉ် လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO) က သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်း လေးလွှာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွားအို တယောက်တည်း နေအိမ်မှာရှိနေစဉ် ဝင်ရောက်လုယက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “လုယက်သူတွေက အဖွားအိုကို ထိုးကြိတ်တာ၊ လည်ပင်းညှစ်တာ၊ မျက်နှာကို ခေါင်းအုံးနဲ့ဖိတာတွေ လုပ်နေတဲ့အချိန် ရှစ်လွှာမှာနေတဲ့ သမီးဖြစ်သူ ရောက်လာပြီး တံခါးဖွင့်မရလို့ တခြား တိုက်ခန်းမှာနေနေတဲ့သူတွေရဲ့ အကူအညီနဲ့ တံခါးဖျက်ပြီး ဝင်ရတယ်။ အဲဒီမှာ လုယက်သူတွေက ဘေးပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးကြတယ်။ ရပ်ကွက်ထဲကလူတွေလိုက်ဖမ်းလို့ တယောက်တော့…

Read More

အာရှဒေသ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပထမဆုံးတွေ့

  မနီလာ၊ ဩဂုတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ ပထမဆုံးကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေသိရဖို့ စစ်ဆေးမှုရလဒ်တွေကို စောင့်နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနောက်ပိုင်း နိုင်ငံတွင်းမှာ မျောက်ကြောက်ရောဂါ ပထမဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ လူနာဟာ ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကွန်ဂိုအပါအဝင် အာဖရိက နိုင်ငံတွေမှာ ကူးစက်မှု မြင့်တက်လာပြီးနောက် ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်မာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။ ဒါအပြင် ပါကစ္စတန်နိုင်ငံမှာလည်း ပင်လယ်ကွေ့ဒေသက ပြန်လာသူတယောက်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတင်တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့ကပြောပါတယ်။ အာဖရိကဒေသ ပြင်ပမှာ ပထမဆုံးကူးစက်မှုအဖြစ် ဆွီဒင်မှာ…

Read More

လုပ်ငန်းခွင်ပြန်ဝင်ဖို့ အိန္ဒိယအစိုးရရဲ့ တိုက်တွန်းချက် ဆန္ဒပြဆရာဝန်တွေ ပယ်ချ

  ဒေလီ၊ ဩဂုတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံမှာ အလုပ်သင်ဆရာဝန်အမျိုးသမီးတယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့မှုနဲ့ပတ်သက်ပြီး ဆန္ဒပြတာတွေရပ်ဖို့နဲ့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အစိုးရရဲ့ တိုက်တွန်းချက်ကို ဆန္ဒပြဆရာဝန်တွေက ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ပယ်ချလိုက်ပါတယ်။ ဩဂုတ် ၉ ရက်က အသက် ၃၁ နှစ်အရွယ် ဆရာဝန်တယောက် ကိုလ်ကတ္တားရှိဆေးရုံမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးနောက် နိုင်ငံတဝန်းမှာ ဆရာဝန်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေတာ တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးရုံက စေတနာ့ဝန်ထမ်း တယောက်ကို ရဲတပ်ဖွဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်တွေက အရေးပေါ်မဟုတ်တဲ့လူနာတွေကို ကုသမှုတွေရပ်ဆိုင်းပြီး သပိတ်မှောက်နေကြပါတယ်။ အိန္ဒိယအစိုးရကတော့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေချမှတ်ရေး ကော်မတီတရပ်ဖွဲ့စည်းဖို့နဲ့ ဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ တိုက်တွန်းနေပါတယ်။ ၂၀၁၂ ခုနှစ်ကလည်း ဒေလီမှာမောင်းနှင်နေတဲ့ ဘတ်စ်ကားတစင်းပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူတယောက်ကို အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်အပြီး…

Read More
VOM News

FREE
VIEW