သံတွဲမှာ AA နဲ့ နစကတပ် တိုက်ပွဲဖြစ်ပြီး အနီးနားကကျေးရွာတွေ ရွာလုံးကျွတ် စစ်ရှောင်နေရ

ရခိုင်၊ ဧပြီ ၂၄ – ၂၀၂၄GG (VOM)ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာနားမှာ AA နဲ့ နစက တပ်တွေအကြားတိုက်ပွဲကြောင့် ဒေသခံတွေရွာလုံးကျွတ်စစ်ဘေးရှောင်နေရသလို့ ကားတစီးလည်းပစ်ခတ်ခံရပြီး အရပ်တယောက်သေဆုံးမှုရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့် ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ကျေးရွာက ဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာကာ အနီးပတ်ဝန်းကျင်နဲ့သံတွဲမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တာ်လို့သိရပါတယ်။” ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာက သံတွဲနဲ့ဆို မိုင်၂၀လောက်ဝေးပေမယ့် တိုက်ပွဲဖြစ်နေတဲ့လက်နက်ကြီးသံပေါက်ကွဲသံ ၊လေယာဉ်တွေ အကုန်ကြားနေရတယ်။အဲ့ဘက်ကဒေသခံတွေလည်း စစ်ရှောင်နေရတယ်။သံတွဲမြို့ပေါ်လည်းရှိပေမယ့် စစ်ရှောင်စခန်းလိုဖွင့်ထားတာမရှိဘူး။သူတို့ဘာသာအဆင်ပြေသလို မိသားစုတွေဆီရှောင်ကြတဲ့ပုံမျိုးပဲ၊အခုမနက်ပိုင်းတော့ပစ်ခတ်သံသိပ်မကြားရဘူးငြိမ်နေတယ် ” လို့ သံတဲမို့ဒေသခံတယောက်ကပြောပြပါတယ်။အဆိုပါ ဒေါ်မြကျေးရွာနဲ့ ပုရစ်ရေကောက်ရွာမှာ ဧပြီလ ၂၂ ရက်နေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ဆိုပါတယ်။ဒါအပြင် တိုက်ပွဲဖြစ်ပွားနေစဉ် သံတွဲ- တောင်ကုတ်ကားလမ်း ရွှေလှေရွာ တံတားဦးဂိတ်နားမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းအမျိုးသားသေဆူံးကာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။“ကားတစီးပစ်ခံရတယ်၊ဒရိုင်ဘာတယောက်သေတယ်ဆိုပဲသိရတယ်၊တိုက်ပွဲကြားဖြတ်လို့ပစ်ခံရတယ်၊ကားရပ်ခိုင်းတာရပ်မပေးလို့ပစ်တယ်ပြောပေမယ့် ဘယ်ကပစ်တယ်ဆိုတာ အတိအကျသတင်းမရထားဘူး။ ကားကတော့တိုက်ပွဲ ဖြစ်တဲ့ရွာနားကနေဖြတ်သွားတာပေါ့ ”…

Read More

မြဝတီမှာ ဘဏ်အချို့ပြန်ဖွင့်ပေမယ့် ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ထားဆဲဖြစ်ပြီး အမှတ်-၁ တံတားကိုလည်း အကန့်အသတ်နဲ့သာဖွင့်

မြဝတီ ၊ ဧပြီ ၂၄ – ၂၀၂၄ GG (VOM) မြဝတီမြို့ မှာ တိုက်ပွဲငြိမ်သွားတာဟာ ဒီနေ့ဧပြီလ ၂၄ ရက်အထိဆိုရင် လေးရက်ကြာရှိပြီဖြစ်ပေမယ့် အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်မဖွင့်သေးသလို အမှတ်၁ ချစ်ကြည်ရေးတံတားကနေပြီး မြဝတီမှမဲဆောက် ဝင်ရောက်ခွင့်လည်းကန့်သတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ဝင်ခွင့်ကို တပတ်ကဒ်နဲ့သွားသူတွေကို ခုချိန်ထိ သွားလာခွင့်ပိတ်ထားတာဖြစ်သလို အမှတ်၂ချစ်ကြည်ရေးတံတားလည်းပိတ်ထားလို့ ထိုင်းမြန်မာ နယ်သပ်ကုန်သွယ်ရေး လည်ူရပ်တန့်နေဆဲ ဖြစ်ပါတယ်။ ” တံတား၂ကလည်းခုထိမဖွင့်သေးဘူး။တံတား၂ဘက်ကိုတော့သွားလို့ရနေပြီ၊ တံတား၁ကလည်း ၇ ရက်သက်တမ်းစာရွက်နဲ့ကိုမဲတောက်ဝင်ခွင့်မပေးသေးဘူး။စာအုပ်အနီသမားတွေပဲ ဝင်လို့ရနေတယ်။မြဝတီမှာတော့ တိုက်ပွဲမရှိတော့လို့ စစ်ရှောင်တွေလည်းပြန်လာကြတာများတယ်။ မြို့ကလဲပုံမှန်လိုသွားလာမှုရှိနေတယ်။ အရင်ကသွားမရတဲ့ မြေနီကုန်းဘက်လည်းသွားလာလို့ရလို့ ကားတွေသွားနေကြပြီ၊အဲ့ဒီလမ်းကခလရ၂၇၅ ရှိတဲ့ဘက်ပါ ” လို့ မြို့ခံ တယောက်ကလက်ရှိအခြေအနေကိုပြောပြပါတယ်။ ထိုင်း မြန်မာ နယ်စပ်ချစ်ကြည်ရေးတံတားတွေပိတ်ထားပေမယ့် မြဝတီမြို့မှာတော့ လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ်အချို့ပြန်လည်ဖွင့်လှစ်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရားလည်း…

Read More

တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမား တရားဝင်စေလွှတ်ဖို့ ဆွေးနွေး ညှိနှိုင်းနေ

ဧပြီ ၂၄ – ၂၀၂၄SN (VOM)အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အေဂျင်စီအသိုင်းဝိုင်းဆီက သိရပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံကို မူဆယ်မှတဆင့် ယာယီဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ ရက်သတ္တပတ်ခန့် နေထိုင်ကာ သွားရောက် အလုပ် လုပ်ကိုင်နေကြတာဖြစ်ပြီး အခြေခံလစာ ကျပ်သိန်းဝန်းကျင် ရရှိနေကာ တရားဝင်လမ်းကြောင်းနဲ့ သွားရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။“တရုတ်ဘက်ကတော့ အထည်ချုပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ တရားဝင် ခေါ်ယူချင်တယ်လို့ပြောတယ်။ ဆွေးနွေးတာကတော့ မတ်လကတည်းက ဆွေးနွေးနေတာပေါ့။ အလုပ် လုပ်ရမှာက တရုတ်ပြည်မကြီးထဲမှာတော့ မဟုတ်ဘူး။ ယူနန်ပြည်နယ်အောက်၊ တယ်ဟုန်ပြည်နယ်ထဲက စီးပွားရေးဇုန်မှာ လုပ်ရမှာ။ အဲဒီ့မာ စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ရှိတယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့အတွက် တရုတ်အစိုးရက Work Visa…

Read More

မိုးမောက်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ဆယ်ဇင်းက ခမရ – ၁၁၆ ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်း

၂၄၊ ၂၀၂၄Shy V(VOM)ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ စစ်တပ် နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။“မိုးမောက် ခါနန် နဲ့ ဝဝမ်ဘက် ချနေပြီ။ ဒီမနက်က စစ်တပ်ရှိတဲ့ဘက် ဟိုဘက်အဖွဲ့က ထုထည့်လိုက်လို့ စစ်တပ်ဘက်ရ လက်နက်ကြီးေတွထုနေတယ်။ စစ်သားတွေက မိုးမောက်မြို့မှာ ပြည့်နေပြီ။ ဘုရားကျောင်းတွေမှာရောပဲ။ မနေ့က မနေ့က မနက်တော့ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့ အဖွဲ့က မိုးမောက်မြို့ထိပ်က ဟိုဘက် အဖွဲ့တွေကို ပစ်တာ။ အဲကနေ တိုက်ပွဲ ပြင်းထန်လာတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ဒေသခံ တချို့တော့ အနေ့က နှစ်ဖက် တပ်ရဲ့ကြား စစ်ပမြပြင်မှာ ပိတ်မိနေခဲ့တယ်လို့ ဒေသခံ အမျိုးသမီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၄ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၀၀ ကျပ်ဝယ်ဈေး – ၃၈၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၃၀ ကျပ်ဝယ်ဈေး – ၂၇၈၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၃၂ ကျပ်ဝယ်ဈေး – ၄၁၄၄ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၅.၈၂ ကျပ်ဝယ်ဈေး – ၁၀၃.၆၂ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၀၉ ကျပ်ဝယ်ဈေး – ၇၉၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၄ ကျပ်ဝယ်ဈေး – ၅၁၄ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၁၈ ကျပ်ဝယ်ဈေး – ၂၄.၆၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၇၈ ကျပ်ဝယ်ဈေး – ၄၅.၈၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၃ ကျပ်ဝယ်ဈေး – ၂.၇၇ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၈၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၄၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေပါဝင်တဲ့ နိုင်ငံခြားအကူအညီဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြုပြီ

ဝါရှင်တန်၊ ဧပြီ-၂၄-၂၀၂၄မျိုးဆက်(VOM)ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေအပါအဝင် အမေရိကန်အစိုးရရဲ့ ဒေါ်လာ၉၅ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားအကူအညီအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။သမ္မတဂျိုးဘိုင်ဒင်ဟာ ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် ဧပြီ ၂၅ ရက်မှာလက်မှတ်ထိုးဖို့ မျှော်လင့်ရပြီး ပြီးခဲ့တဲ့ စနေနေ့က အတည်ပြုခဲ့တဲ့ ဥပဒေကို မနေ့ကညပိုင်းမှာ ထောက်ခံခဲ့တာဖြစ်ပါတယ်။အထက်လွှတ်တော်ဟာ ဒီဥပဒေကို ၇၉ မဲ ၁၈ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလီယံပါဝင်ပြီး အကူအညီတွေကို ရက်အနည်းငယ်အတွင်း စတင်ပေးပို့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။အလားတူအကူအညီပေးရေး ဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ယူကရိန်းအတွက် စစ်ရေးအကူညီအသစ်ထပ်ပေးမှာကိုတော့ အထက်လွှတ်တော်မှာ ကန့်ကွက်တားဆီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေမှာတော့ ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်တာအပါအဝင် တရုတ်ကုမ္ပဏီ ဘိုက်ဒန့်အနေနဲ့ လူကြိုက်များတဲ့ ဆိုရှယ်ပလက်ဖောင်းဖြစ်တဲ့ TikTok…

Read More

This Day in History

Voice of Myanmarမြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်နေပြီး ဗုံးအဆင့် ပလူတိုနီယမ်များ ပြုလုပ်နေကြောင်း ၂၀၀၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် အမေရိကန်သံတမန်များအား တရားဝင်အသိပေးခဲ့သည်။

Read More

လျှပ်စစ်မီးနဲ့ နွေအပူ

ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄SN (VOM)မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့…

Read More

မြဝတီတိုက်ပွဲ ငြိမ်သွားလို့ နေရပ်ပြန်လာသူတွေ တပတ်ကဒ် သက်တမ်းကျော်ပါက ဒဏ်ကြေးဆောင်ရသလို ရွှေထည်သယ်လာရင် ဘတ်နှစ်သောင်း ဒဏ်ရိုက်ခံရ

မြဝတီ ၊ ဧပြီ ၂၃ – ၂၀၂၄ GG (VOM ) မြဝတီ မြို့မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့်ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို စစ်ရှောင်သွားသူအများစု နေရပ်ပြန်လာရာမှာ တပတ်ကဒ်ကိုင်ဆောင်သူတွေ ရက်ကျော်ကြေးအဖြစ် တရက်ကို ဘတ်၁၀၀ မှ၅၀၀ ဒဏ်ကြေး ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တပတ်ကဒ်သက်တမ်းရက်ကျော်ကြေးအပြင် ရွှေထည်ပစ္စည်းကို ထုတ်ပိုးယူဆောင် လာမှုကိုပါ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ အထိ ဒဏ်ရိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ ” တံတားထိပ် ထိုင်းကာစတန်တွေက ရွှေထုပ်တွေ့ရင် ဘတ်နှစ်သောင်း ဒဏ်ဆောင်ဖို့ဆိုပြီး တောင်းတယ်၊ ထိုင်းစကားတတ်လို့ ပြောဆိုဖြေရှင်းနိုင်ရင် ဘတ်နှစ်ထောင်ကနေ ဘတ် ငါးထောင်လောက်နဲ့ ဖြေရှင်းလို့ရကြတယ်၊ ထိုင်းစကားမတတ် ဖြေရှင်းမတတ်ရင်တော့ ဘတ် တသောင်းခွဲကနေ ဘတ် နှစ်သောင်း အထိ ပေးရတယ်၊ တံတားဖြတ်စာရွက် သက်တမ်းကျော်ရင်လည်း လူကတရက်ကို ဘတ် ၁၀၀…

Read More
VOM News

FREE
VIEW