ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၀ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၂၀ ကျပ်ဝယ်ဈေး – ၂၇၇၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၃၃ ကျပ်ဝယ်ဈေး – ၄၅.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၉၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြဝတီ ချစ်ကြည်ရေးတံတားအမှတ်၂ တိုက်ပွဲမှာ အရပ်သားထိခိုက်မှုရှိသလို ထိုင်းဘက်ပါလက်နက်ကြီးကျရောက်မှုတွေရှိနေ

မြဝတီ၊ ဧပြီ ၂၀ – ၂၀၂၄ GG (VOM) မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်၂ အနီး မြန်မာဘက်ခြမ်းမှာ တပ်စွဲထားတဲ့ ခလရ၂၇၅ တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား ညကတည်းက ပစ်ခတ်မှုတွေဖြစ်ပြီး ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ ” ည ၇ နာရီကျော်လောက်မှာ ဒရုန်းဗုံးနဲ့စတိုက်တယ်၊အဲ့ဒီနောက် ၁၁ လောက်ရောက်တော့ ထပ်ဖြစ်တယ်။ပြီးတော့ ငြိမ်သွားပြီး မနက်၄နာရီလောက်တည်းက တိုက်ပွဲ စဖြစ်နေတာခုထိပဲ၊ အခုလည်း လက်နက်ကြီးပစ်သံတချက် တချက် တော့ကြားနေရတုန်းပဲ၊RPG နဲ့ကိုထုတာလို့သိရတယ် ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။ အမှတ်၂တံတားအနီးတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေက RPG ၊ ဒရုန်းဗုံး ချတိုက်ခိုက်ခဲ့သလို နစကဘက်ကလည်း စစ်ကူအနေနဲ့ လေကြောင်း ပစ်ကူတိုက်ခတ်မှုတွေရှိခဲ့ကြောင်း တိုက်ပွဲကြောင့်…

Read More

This Day in History

Voice of Myanmar အမေရိကန်နိုင်ငံ လူဝီစီယားနားကမ်းရိုးတန်းမှ ၄၁ မိုင်အကွာ မက္ကဆီကိုပင်လယ်ကွေ့ရှိ Deepwater Horizon ရေနံတူးစင်တွင် ၂၀၁၀ ခုနှစ် ဧပြီ၂၀ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သမိုင်းတလျှောက်တွင် အကြီးမားဆုံး ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့သည်။

Read More

စလင်းမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ငါးယောက် အသတ်ခံရပြီးနောက် ၊ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်

ဧပြီ ၊ ၂၀ ၊ ၂၀၂၄ SP( VOM) ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်း မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်ထဲက ရပ် / ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ ဖြစ်စဥ်များပြားလာတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ စလင်းမြို့ခံ ပရဟိတသမားတယောက်က ” ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်း စလင်းနယ်ထဲမှာ အသတ်ခံရတဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ငါးယောက်ထက်မနည်းရှိတယ် ” လို့ပြောပါတယ်။ အဲလိုတွေကြောင် အုပ်ချုပ်ရေးမှူးတချို့ ထွက်စာတင်တာရှိလာကြောင်း မင်းဘူးခရိုင် ထွေ/ အုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ပြောပြတာက ” စလင်းမြို့နယ်မှာ အဲ့ဒီလို ရပ် / ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ အဖြစ်များလာတော့ ၊ မနေ့က အုပ်ချုပ်ရေးမှူး တချို့ နုတ်ထွက်စာတွေ…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၉- ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ဧပြီ- ၁၉- ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုး စျေးနှုန်းများဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံး စျေးနှုန်းများV2…

Read More

ထိုင်းကို MOU လုပ်သားစေလွှတ်မှု လေကြောင်းကနေ ပြောင်းလဲစေလွှတ်တော့မယ်

ရန်ကုန် ၊ ဧပြီ ၁၉ -၂၀၂၄ GG (VOM) မြဝတီ – မဲဆောက်လမ်းကြောင်းကနေ ထိုင်းကို MOU စနစ်မြန်မာလုပ်သားစေလွှတ်မှု ခက်ခဲလာတာကြောင့် လေကြောင်းကနေသာ MOU လုပ်သား တရားဝင်ပို့ဆောင်သွားတော့မှာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက သိရပါတယ်။ MOU လုပ်သားတွေကို ခုလဧပြီလ ၂၉ ရက်နေ့ကစပြီး ရန်ကုန်ကနေ – ဒွန်းမောင်း လေကြောင်းခရီး စေလွှတ်မှာဖြစ်ပြီး အဲ့ဒီ လေဆိပ်ကမှ တဆင့် လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ကာ သက်ဆိုင်ရာလုပ်ငန်းခွင်တွေကိုသွားရောက်နိင်မှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ လေကြောင်းကနေပို့ဖို့အတွက် မြန်မာလုပ်သား တစ်ထောင်ကျော်လောက်ရှိထားပြီး ကနဦးအနေနဲ့ တစ်ရက်ကို အလုပ်သမား တစ်ရာကျော်ကိုစတင်စေလွှတ်မှာဖြစ်ပါတယ်။ ” ဟုတ်တယ် အခုလေကြောင်းကနေပဲတရားဝင်လွှတ်ရမယ်၊ဆိုတော့ လေယာဥ်လက်မှတိယ်ခအပိုထပ်ကုန်တယ်ဆိုပေမယ့် အချိန်ကုန်သက်သာပြီး အလုပ်တွင်ကျယ်တာပေါ့။မဟုတ်ရင် ခုကပြည်တွင်းက အခြေအနေကလည်း ဘယ်အချိန်ဘာဖြစ်မယ်မသိတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး၊အခု လေကြောင်းကတော့ ငွေပိုကုန်ပေမယ့် အဆင်ပြေတယ်၊ကော့သောင်းကပို့ရတာလဲစရိတ်ကကုန်တာပဲဆိုတော့ အခုလေကြောင်းကုန်ကျမှုနဲ့သိပ်မထူးပါဘူး၊ ” လို့…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ စတင်

ဒေလီ ၊ ဧပြီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ အကြီးဆုံးရွေးကောက်ပွဲအဖြစ် သတ်မှတ်ရတဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်မှာ စတင်ကျင်းပနေပြီး ဆန္ဒမဲပေးသူတွေဟာ မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။ ရွေကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ သန်း ၉၇၀ ရှိနေပြီး သတ္တမအဆင့်နဲ့ နောက်ဆုံးအဆင့် မဲပေးခြင်းကို ဇွန် ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အာဏာရ ဘီဂျေပီပါတီမှ ဝန်ကြီးချုပ်မိုဒီဟာ တတိယသက်တမ်း ပြန်လည်ရွေးချယ်ခံရဖို့ ကြိုးပမ်းနေပါတယ်။ မိုဒီအစိုးလက်ထက်မှာ အိန္ဒိယနိုင်ငံရဲ့ ဂျီဒီပီဟာ ကမ္ဘာ့ပဉ္စမမြောက်အဆင့်ထိ တိုးလာပြီး ၂၀၂၇ ခုနှစ်အစောပိုင်းမှာ တတိယအဆင့်ထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း အာဏာရ ဘီဂျေပီပါတီက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံတွေကမူ မိုဒီအစိုရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာမှာ မညီမျှမှုများရှိနေကြောင်း စွပ်စွဲထားပြီး အစိုးရက လူငယ်များအတွက် လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခြင်းမရှိလို့ ဆိုပါတယ်။ အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီကို…

Read More

မကွေးတိုင်းမှာ ဘုန်းကြီးတွေ ပစ်သတ်ခံရမှု အဖြစ်များလာ

ဧပြီ ၊ ၁၉ ၊ ၂၀၂၄SP ( VOM)အခုရက်ပိုင်းအတွင်း မကွေးတိုင်းမှာ ဘုန်းကြီးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” မနေ့က (ဧပြီ ၁၈ ရက်) မနက်ပိုင်း ၊ ၁၀ နာရီဝန်းကျင်မှာ မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ ထောက် ကြံ့ကွင်းကျေးရွာသုသာန်မှာ ဒေသခံတွေရဲ့ ပင့်ဖိတ်ချက်အရ ဘုန်းကြီး လေးပါး ကြွရောက်တော်မူပြီး သုဿန်မှာ နှစ်သစ်ကူး မေတ္တာဆုတောင်း အမျှဝေပွဲ ပြူလုပ်တယ် ၊ ဆုတောင်းပွဲပြုလုပ်နေချိန် အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ ရောက်လာပြီး ဘုန်းကြီးတွေကို ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် ၊ ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော်…

Read More
VOM News

FREE
VIEW