တီဟီရန်၊ ဧပြီ-၁၉-၂၀၂၄မျိုးဆက်(VOM)အစ္စရေးက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ အီရန်နိုင်ငံထဲကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူနှစ်ယောက်ကို ကိုးကားပြီး စီဘီအက်စ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။အစ္စရေးရဲ့ ဒုံးကျည်ဟာ အီရန်အလယ်ပိုင်းက အစ္စဖာဟန် လေဆိပ်အနီးမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ရေးသားဖော်ပြထားပြီး လက်ရှိမှာတော့ အီရန်မြို့အများအပြားမှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံထားရပါတယ်။အစ္စရေးအစိုးရအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ သီတင်းပတ်ကုန်ပိုင်းက အီရန်က အစ္စရေးကို မကြုံစဖူး ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေ အစင်း ၃၀၀ ကျော်နဲ့နဲ့ တိုက်ခိုက်မှုမှုကို လက်တုံ့ပြန်မယ်လို့ နေတန်ယာဟုက အကြိမ်ကြိမ် ကတိပြုထားပြီးနောက် အခုလို တိုက်ခို်ကမှုထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်က အစ္စရေးကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ စီစဉ်နေပြီး အစ္စရေးကတော့ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ သူ့ရဲ့ မဟာမိတ်တွေကို…
Read MoreYear: 2024
KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ဆေးဖို့ခေါ်သွားပြီးနောက် နေအိမ် ပြန်မရောက်သေး
ဧပြီ ၁၉၊ ၂၀၂၄ Shy V (VOM) ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ဥက္ကဌဟောင်း ဆရာ Rev. Dr. ခလမ်ဆမ်ဆွန် နေအိမ် ပြန်မရောက်သေးကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။ “ဆရာ့ကို ပြန်လာ မပို့သေးဘူး။ ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) ခေါင်းဆောင်နဲ့အတူ ရိပ်သာ တခုမှာ ခေါ်နေနေတယ်တဲ့။ ဆရာ့ အမျိုးသမီးက နေအိမ် ပြန်ရောက်ပြီ။ ဘာမှ မဖြစ်ပါဘူး။ ဆရာ့ကို မေးမြန်း ယူစရာ ရှိနေသေးတယ်ဆိုလို့ ခေါ်သွားတာ မတွေ့သေးဘူးတဲ့ အဲဒီ လူကြီးတွေနဲ့။ အရမ်း အလုပ်များနေတယ် ထင်တယ်။ အချိန် စောင့်ရအုံးမယ့် လို့ပြောတယ်။” လို့ နီးစပ်သူ တယောက်က ပြောပါတယ်။ ဧပြီလ ၁၇ ရက်နေ့ည ၁၁ နာရီခွဲ ဝန်းကျင်မှာ ဆရာ Rev.…
Read Moreမြန်မာ့နိုင်ငံရေး အကျပ်အတည်း တရုတ်နဲ့ အာဆီယံ ပူးပေါင်းဖြေရှင်းဖို့လိုကြောင်း အကဲခတ်တွေ သုံးသပ်
ဟောင်ကောင်၊ ဧပြီ-၁၉-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ဇန်နဝါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြားဝင်စေ့စပ်နိုင်တဲ့ထိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ဩဇာရှိနေတာကြောင့် မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်နဲ့ အာဆီယံ ပူးပေါင်းပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံနဲပ ဒေသတွင်းအုပ်စုဖြစ်တဲ့ အာဆီယံအဖွဲ့ အထူးသဖြင့် ထိုင်းနိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ University of Hong Kong’s Centre on Contemporary China and the World မှ ဒေါက်တာဘရိုင်ယန်ဝေါင်းက ပြောပါတယ်။တရုတ်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် တဖက်သတ်ဆန်ဆန် မြန်မာ့ပြည်တွင်းရေးကို လွှမ်းမိုးပုံဖော်ဖို့ ကြိုးစားနေတာကို ရပ်တန့်ပြီး အာဆီယံအပါအဝင် တခြားပါဝင်သူတွေနဲ့ ပူးပေါင်းဖို့လိုတယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။တရုတ်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ စီးပွားရေး၊ ကုန်သွယ်မှုနဲ့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၉ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၀ ကျပ်ဝယ်ဈေး – ၅၁၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၁၃ ကျပ်ဝယ်ဈေး – ၄၅.၁၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၁၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၇၈ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၅၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၅၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုဂိုလာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး
နိုင်ရိုဘီ၊ ဧပြီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ နိုင်ငံအနောက်ပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း ကင်ညာ သမ္မတက ပြောပါတယ်။ ကင်ညာစစ်တပ်ရဲ့ စစ်ဦးချုပ်ဖြစ်တဲ့ အိုဂိုလာဟာ အခြားစစ်ဘက်အရာရှိ ၁၁ ယောက်နဲ့အတူ ရဟတ်ယာဉ် ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီး ဒီဖြစ်စဉ်အတွင်း လူနှစ်ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ မြို့တော်နိုင်ရိုဘီ အနောက်မြောက်ဘက် မိုင် ၂၅၀ အကွာ အယ်လ်ဂီယိုမာရက်ဝက်ခရိုင်မှာ ပျံတက်ပြီး များမကြာခင်ပျက်ကျခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကင်ညာလေတပ်က စေလွှတ်ထားပါတယ်။ ဒါဟာ နိုင်ငံအတွက် အလွန်ကြေကွဲဝမ်းနည်ဖွယ် ဖြစ်တယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ထုတ်ဖော်ပြောဆိုထားပြီး ကင်ညာလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ ကင်ညာလေတပ် တပ်မှူးနဲ့ ကြည်းတပ်ရဲ့ လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်မှာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ်ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကင်ညာနိုင်ငံမှာ ဒီနေ့ကစပြီး တိုင်တဝက်အလံများ…
Read MoreThis Day in History
Voice of Myanmarဂျာမနီလက်အောက်ရှိ ပိုလန်ဂျူးများ၏ ဝါဆောဂယ်တို အုံကြွမှုကြီးသည် ၁၉၄၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် စတင်ခဲ့ပြီး သီတင်းလေးပတ်အကြာ မေ ၁၆ ရက်တွင် နှိမ်နှင်းခံခဲ့ရသည်။
Read Moreစားဝတ်နေရေး ကျပ်တည်းမှုကို ထနောင်းခေါက် ခွာရောင်းပြီး ဖြေရှင်းနေသူတွေ
ဧပြီ-၁၉-၂၀၂၄ SN (VOM) ထနောင်းပင်ဆိုတာ အပူပိုင်းအညာဒေသရဲ့ အဖိုးတန်အပင်တမျိုးပါ။ “နွေ ထနောင်း ဆောင်း မန်ကျည်း မိုး ဇရပ်” ပါတဲ့။ နေပူတဲ့ အခါ ထနောင်းရိပ်က အေးမြပြီး ဆောင်းအေးချိန်မှာ မန်ကျည်းရိပ်က အနွေးဓါတ်ပေးတတ်တယ်လို့ မှတ်သားရပါတယ်။ နွေဦးပေါက်ကာလမှာ အခြားသော အပင်တွေက အရွက်ကင်းမဲ့နေတတ်ပေမယ့်လည်း ထနောင်းပင်တွေက စိမ်းစိုစို ရွက်နုသစ်တွေဝေနေလို့ မြင်ရသူရင်ကို အေးမြစေပါတယ်။ အဲ့ဒီ့လိုပဲ ဆောင်းချမ်းမြမြ ခါသမယမှာတော့ မန်းကျည်းပင်အုပ်အုပ်ဆိုင်းဆိုင်းက နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ အညာနဲ့ ထနောင်း၊ ထနောင်းနဲ့ အညာ က ခွဲခြားမရပါ။ ထနောင်းပင်ဟာ တခြားအပင်တွေနဲ့မတူဘဲ အဝေးကမြင်ရုံနဲ့ ထနောင်းပင်မှန်း သိသာစေတဲ့ ဂုဏ်အင်္ဂါရပ်ကို ပိုင်ဆိုင်ပါတယ်။ အဝါရောင်ပန်းခိုင်တွေက အပင်ထိပ်ဖျားပိုင်းမှာသာ ရှိတတ်တာမို့ ခူးဖို့မလွယ်ပါဘူး။ ထနောင်းပင်ဟာ အညာအရပ်ဒေသမှာ အလွန် တန်ဖိုးကြီးမားတဲ့ အပင်တပင် ဖြစ်ပါတယ်။ ထနောင်းပင်ရဲ့…
Read Moreလေဆိပ်တွေမှာ ရှော့တိုက်ဒုံးနဲ့ ဒရုန်းဗုံး အန္တရာယ်ခြိမ်းခြောက်မှု အဖြစ်များလာ
ဧပြီ ၊ ၁၉ ၊ ၂၀၂၄ SP( VOM) အခုရက်ပိုင်းအတွင်း လေဆိပ်တွေမှာ ရှော့တိုက်ဒုံး နဲ့ ဒရုန်းဗုံး ခြိမ်းခြောက်အန္တရာယ်တွေ အဖြစ်များလာတယ်လို့ လေဆိပ်လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” လေဆိပ်ဧရိယာထဲမှာ ရှော့တိုက်ဒုံးတွေ တွေ့ရတာရှိတယ် ၊ နောက်ပြီး လေဆိပ်တချို့ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်တွေရှိတယ် ” လို့ လေဆိပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ၊ နှစ်ဆန်းတရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာ ပေါက်ကွဲသံတခုကြားရတာကြောင့် လေဆိပ် လုံခြုံရေးအဖွဲ့တွေက လေဆိပ်ဝန်းကျင် နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ လေဆိပ်ဘက်ကို ပစ်ခတ်တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ( ၁၀၇ မမ) ခြောက်လုံးတွေ့ရတယ်လို့…
Read Moreမြစ်ကြီးနား အကျဉ်းထောင် ဆူပူမှု ဖြစ်ပြီး သေဆုံးသူ ဒဏ်ရာရသူတွေရှိနေတယ်လို့ သတင်းထွက်ပေါ်
ဧပြီ ၁၈၊ ၂၀၂၄Shy Vမြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဆူပူမှု ဖြစ်ပြီး ၄ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။“အကျဉ်းသားတွေ သပိတ်မှောက် ဆန္ဒပြကြတယ် ကြားတယ်။ အဲဒါကြောင့် ထောင်စောင့်လက်နက်ကိုင်တွေကပစ်ခတ်နှိမ့်နင်းလို့ ထိခိုက် ဒဏ်ရာရတာ ၁၂ ယောက်၊ သေဆုံးတာ ၄ ယောက်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တေယာက်က ပြောပါတယ်။အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်တာက လွတ်ငြိမ်းချမ်းသာခွင့် နာမည် စာရင်းပါပြီး မလွတ်မြောက်တဲ့ သူတွေ နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်လာတယ်လို့ ကြားပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။“သံဇကာတွေ တီးခေါက်ပြီးတော့ စတင်အော်လာတာ။ အဲဒါကြောင့် သေနတ်နဲ့ပစ်တာ။ သေတာတော့ ၄…
Read More