ဆူးငှက် ကျွန်တော့် နှင့် ကျွန်တော့်အထက်က အစ်မဖြစ်သူ မခင်ဝင်း က အသက် ၉ နှစ်ကွာသည်။ သူက ငယ်ငယ်လေး ကတည်းက အက ဝါသနာပါသည်။ ထို့ကြောင့် အမေနှင့်အဖေက သူ့ကို အမေ့ဆီဖောက်သည် ဆရာမကြီး ဒေါ်သြဘာသောင်း က တဆင့် နန်းရှေ့ပန်တျာကျောင်းသို့ အပ်နှံလိုက်သည်။ ကျွန်တော့်အစ်မက ပန်တျာကျောင်း စတက်ကတည်းက ထူးချွန်ကျောင်းသူ ဖြစ်လို့ ဒေါ်သြဘာသောင်း၏ တပည့်ချစ် တစ်ဦး ဖြစ်ခဲ့၏။ သင်တန်းထဲက တပည့်တွေကြားမှာ ခင်ဝင်း မှ ခင်ဝင်းဖြစ်နေသည်။ ဧည့်သည်လာတိုင်း သူ့တပည့်မကို ထုတ်ကြွားရတာ အမော။ ထိုအကြောင်းကိုလည်း ဆရာမကြီး လူထုဒေါ်အမာက ၁၉၇၃ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “အငြိမ့်” ပထမတွဲက အက မင်းသမီး သြဘာသောင်း ဟူသော အခန်းတွင် ဤသို့ရေးသားခဲ့သည်။…
Read MoreDay: February 4, 2025
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ ရုရှား သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောဆိုထားပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဖို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ ပူတင်ကလည်း ထရန့်ရဲ့ သမ္မတဒုတိယသက်တမ်းအတွက် ဂုဏ်ပြုခဲ့ပြီး ယူကရိန်းအရေး ၊ စွမ်းအင်အရေးတို့ကို ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။ တွေ့ဆုံမှုမတိုင်ခင် ထရန့်နဲ့ ပူတင်တို့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးဖို့အတွက် အမေရိကန်နဲ့ ဆွေးနွေးနေတယ်ဆိုတာကိုတော့ ရုရှားအရာရှိတွေက ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီ ရက်သတ္တပတ်အတွေအတွင်းက ရုရှားအရာရှိတွေဟာ ဆော်ဒီအာရေဗျနဲ့ ယူအေအီးကို သွားရောက်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့ဟာ အမေရိကန်နဲ့ စစ်ရေး၊ လုံခြုံရေးဆိုင်ရာ နီးကပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့် အဲဒီနိုင်ငံတွေမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရေး…
Read Moreနိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်နေတဲ့ အီလွန်မတ်က ပြောပါတယ်။ တက်စ်လာနဲ့ စပေ့အိတ်စ် ကုမ္ပဏီတွေရဲ့ စီအီးအိုဖြစ်သူ အီလွန်မတ်ဟာ အမေရိကန်အစိုးရရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချရေးအဖွဲ့ကို ဦးဆောင်ဖို့ ဒေါ်နယ်ထရန့်က တာဝန်ပေးထားတာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတလောင်းဟောင်း Vivek Ramaswamy ၊ အထက်လွှတ်တော်အမတ် Joni Ernst တို့ပါဝင်တဲ့ စကားဝိုင်းတခုမှာ အီလွန်မတ်က အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီကို ပိတ်ပစ်ဖို့ လု်ပဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒီဌာနကို ပြုပြင်ပြောင်းလဲဖို့ထက် ကျော်လွန်နေပြီး ပိတ်ပစ်သင့်တယ်ဆိုတာ သမ္မတထရန့်က သဘောတူကြောင်း အီလွန်မတ်က ဆိုပါတယ်။ သူ့ဌာနက ကိုယ်စားလှယ်တွေကို USAID ရဲ့ အဆောက်အအုံကန့်သတ်နေရာတွေကို ဝင်ရောက်ခွင့် တားဆီးပြီးနောက် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဖယ်ရှားခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ မနေ့ကစပြီး…
Read Moreကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်ကောက်ခံမှုကို ရက် ၃၀ ဆိုင်းငံ့လိုက်ပါတယ်။ နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ ဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အစီအမံတွေကို မြှင့်တင်ဖို့ သဘောတူခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်နဲ့ မက္ကဆီကို သမ္မတတို့က ပြောပါတယ်။ ဒါကြောင့် အခွန် ၂၅ ရာခိုင်နှုန်း စတင်ကောက်ခံမယ့် အစီအစဉ်ကို ရက် ၃၀ ကြာ ဆိုင်းငံ့ခဲ့တာလို့ ဆိုပါတယ်။ ကနေဒါဟာ နယ်စပ်တလျှောက်မှာ နည်းပညာနဲ့ ဝန်ထမ်းအသစ်တွေ ထပ်မံဖြန့်ကြက်ပြီး ရာဇဝတ်မှု၊ ဖန်တနိုင်းမူးယစ်ဆေးဝါး မှောင်လိုမှု၊ ငွေကြေးခဝါချမှုတို့ကို တိုက်ဖျက်ရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။ မက္ကဆီကိုကလည်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို…
Read Moreမြင်းခြံ တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ လူထိခိုက် သေဆုံးတွေလည်း ရှိ
ဖေဖော်ဝါရီ ၄ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက် ၈ မိုင်နီးပါးက တလုပ်မြို့ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေပြီး လူထိခိုက်၊ သေဆုံးမှုတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နစကဘက်က လက်နက်ကြီးရော၊ လေကြောင်းပစ်ကူတွေရော အဆက်မပြတ် အသုံးပြုနေတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကရော၊ ၂ ရက်နေ့ကရော လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်။ လူထိခိုက်၊ သေဆုံးမှုတွေ၊ နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်အထိ ငါးယောက် သေဆုံးကာ…
Read Moreဂွမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးအပါအဝင် သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၄ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းဗုံးသီး ပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေး ပါဝင်ပြီး နောက်ထပ်အသက် ၂၀ အရွက်မိန်းကလေးနဲ့ အသက်၄၀ အရွယ်အမျိုးသားတို့သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” တိုင်ကျိုးရွာ-အုန်းတောဘက်အခြမ်းမှာပါ။ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးငယ်ကျားတယောက်ဉမတယောက်နဲ့လူကြီးကျားတယောက် သေဆုံးခဲ့တယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။ သေဆုံးသူသုံးယောက်ကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပို့ဆောင်သဂြိုလ်ပေးခဲ့ပြ ထိခိုက်ဒဏ်ရာရရှိသူတွေကို လည်း ဆေးကုသဖို့အတွက်ပို့ဆောင်ကာ အကူအညီတွေပေးနေတယ်လို့သိရပါတယ်။ အရင်လ ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ် ကင်းပုံရွာမှာ စစ်ကျန်လက်နက်ကိုတွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၄ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နဲ့၁၇ ရက် နေ့ကလည်း…
Read Moreတရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသားတွေ ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံရတာ ပိုများလာ
ဖေဖော်ဝါရီ ၄၊ ၂၀၂၅ Shy V (VOM) တရုတ် နိုင်ငံသား ကျောင်းသူ၊ ကျောင်းသား တွေ မြန်မာဘက်က ငွေလိမ်ဂိုဏ်းတွေဆီ ရောင်း ခံရတာ ပိုများလာတာတွေ့ရတယ်လို့ ကျားဖြန့် ငွေလိမ် ကုမ္ပဏီကနေ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။ “အခု ခေါ်လာတဲ့လူတွေဆို ကလေး ငယ်ငယ်လေးတွေကြီးပဲ။ အသက် ဆယ်နှစ်ကျော်၊ တွေကြီးပဲ။ ကျောင်းသူ၊ ကျောင်သားတွေကိုပဲ လိမ်ခေါ်လာပြီးတော့ နေ့ရော ညပါ ရိုက်နှက် နှိပ်စက်နေတာ ဘယ်သူက ခံနိုင်မှာလဲ။ ပိုက်ဆံ မလိမ်နိုင်လို့လေ။” လို့ ဝ ထိန်းချုပ် နယ်မြေရှိ ငွေလိမ် ကုမ္ပဏီ တခုကနေ လွတ်မြောက်လာတဲ့ မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။ အသက်ကြီးပိုင်း သူတွေက သိကုန်တော့ ကျောင်းသား လူငယ်တွေကို တလ တရုတ်ငွေ သိန်းချီရမယ်ဆိုပြီး လိမ်လည်…
Read More