ဆူးငှက် မတ်လ ၂၈ရက်တဲ့။ ဒီရက်စွဲကို ကျွန်တော် မှတ်မှတ်ထင်ထင် ရှိနေတယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ ကာလ တလျှောက်လုံး ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ဖ.ဆ.ပ.လ အစိုးရတို့ကြား သဘောထားကွဲလွဲမှု အထွတ်အထိပ်ရောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်ကိုင်လမ်းစဉ် စတင်လိုက်တဲ့နေ့ပဲ။ ဒါနဲ့ တဆက်တည်း ၁၉၄၈ခုနှစ် မတ်လ ၂၈ရက်ကို ဂုဏ်ပြုပြီး ၄၈၂၈ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း သတိရနေတယ်။ ၂၀၂၀ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးမှသည် သည်ဘက် ရန်သူမျိုး ၅ပါးနဲ့ အထွေထွေဘယာဘေးတွေကြောင့် စာဖတ်တာ လူမှုကွန်ရက်သုံးတာနဲ့ တောင်တွေးမြောက်တွေး အလုပ်တွေပဲ လုပ်ဖြစ်ပြီး တယောက်ထဲနေဖြစ်တာများတယ်။ ဒါကြောင့် မတ်လ ၂၈ရက်ဆိုတာနဲ့ ဒီရက်စွဲနဲ့ ပတ်သက်တာတွေ ခေါင်းထဲ ပေါ်လာတော့တာပါပဲ။ ဒါပေမယ့် ဒီနေ့ (၂၀၂၅- မတ်လ) ၂၈ရက်နေ့မှာတော့ ပန်းချီပြခန်း တခန်းက သူတို့ ပြုလုပ်မယ့်…
Read MoreMonth: May 2025
ရုရှားနဲ့ မြောက်ကိုရီးယား နယ်စပ်တံတားတည်ဆောက်မှု စတင်
ပြုံးယမ်း၊ မေ-၁-၂၀၂၅ ရတီ(VOM) ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား နယ်စပ်မြစ်ကိုဖြတ်ပြီး ပထမဆုံး လမ်းတံတားကို စတင်တည်ဆောက်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တံတားအုတ်မြစ်ချအခမ်းအနားကို မနေ့ကပြုလုပ်ခဲ့ပြီး ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင်နဲ့ မြောက်ကိုရီးယားဝန်ကြီးချုပ် ပက်ခ်သေဆောင်တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တက်ရောက်ခဲ့ကြပြီး တံတားဟာ တူမန်မြစ်ကို ဖြတ်ပြီး ရုရှားအရှေ့ဖျားပိုင်းကို မြောက်ကိုရီးယားအရှေ့မြောက်ဒေသနဲ့ ဆက်သွယ်ပေးမှာပါ။ တံတားတည်ဆောင်မှုဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဆက်ဆံရေးကို ခိုင်မာစေရန်အတွက် မိမိတို့ရဲ့ ဘုံဆန္ဒကို ကိုယ်စားပြုကြောင်း ရုရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဒီတံတားကို နှစ်နိုင်ငံပြည်သူတွေအကြား ထာ၀ရ ချစ်ကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတဖြစ်တယ်လို့ မြောက်ကိုရီးယားကလည်း ဆိုပါတယ်။ တံတားဟာ အရှည် ၁ ကီလီုမီတာရှိပြီး တည်ဆောက်မှု ၁၈ လအတွင်း အပြီးသတ်နိုင်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ တူမန်မြစ်အောက်ပိုင်း ၁၇ ကီလိုမီတာမှာ တည်ဆောက်မှာဖြစ်ပြီး ဆိုဗီယက်ခေတ် ရထားလမ်းဟာင်းရှိပေမယ့် ကားတွေဖြတ်သန်းလို့ မရပါဘူး။…
Read Moreချင်းတွင်းမြစ်ကြောင်းမှာ ရွှေမျောဖောင်တွေ လုပ်ကိုင်သူ များပြားလာ
မေ ၁၊ ၂၀၂၅ SP (VOM) စစ်ကိုင်းတိုင်း ၊ချင်းတွင်းမြစ်ကြောင်းတလျောက်မှာ ရွှေေမျာဖောင်လုပ်ကိုင်သူတွေ တနေ့တခြား များပြားလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ချင်တွင်းမြစ်ကြောင်းထဲမှာ ရွှေတူးဖော် ထုတ်လုပ်သူတွေ များပြားလာတယ် ၊မုံရွာခရိုင် ဘုတလင်မြို့နယ် လေးမြေရွာ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းနားရောက်သည်အထိ မြစ်ကြောင်းတလျောက်မှာ ရွှေတူးဖော် လုပ်ကိုင်သူတွေများလာတယ် ၊ ကနီ ၊မင်းကင်း ၊ ကလေး၀ မော်လိုက် ၊ဖောင်းပြင် ရွှေပြည်အေး ဟုမ္မလင်း စတဲ့နေရာ တော်တော်များများနေရာတွေမှာ မြစ်ကြောင်းထဲနဲ့ မြစ်ကြောင်း ၀န်းကျင်တွေမှာ ရွှေတူးဖော်နေသူတွေ များလာတယ် ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ချင်းတွင်းမြစ်ကြောင်းထဲမှာ အရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက အခုလို ရွှေတူးဖော်သူတွေ များလာတာကြောင့် မြစ်လယ်ခေါင်မှာ ဧရာမ သဲသောင်ကြီးတွေ ဖြစ်ထွန်းလာပြီး ရေလမ်းကြောင်းတွေ ပျက်စီးကာ…
Read MoreSSPP နဲ့ MNDAA တို့အကြား နှစ်ရက် ဆက်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားမည်
မေ ၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြိုနယ်နဲ့ သီပေါမြို့နယ် အစပ်တွေမှာ SSPP နဲ့ MNDAA တို့အကြား နှစ်ရက် ဆက်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီ ထိတွေတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက် ဗဟိုအဆင့် တွေ့ဆုံ ဖြေရှင်းသွားမှာဖြစ်ကြောင်း ဒေသခံတွေနဲ့ SSPP ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ “သေနတ် ပစ်သံတွေ ကြားတယ်။ ဘယ်မှာ ဘယ်လို ဖြစ်တာ မသိလိုက်ဘူး။ အရင်ရက်က MNDAA တပ်ဖွဲ့တွေ ကားနှစ်စီးနဲ့ ဝင်လာတာ တွေ့လိုက်တယ်” လို့ နမ္မရွာ အနီး ရွာသစ်က ေဒသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နမ္မတူနဲ့ အနီး တဝိုက်က ရှမ်းရွာတွေပဲ ရှိတာ ဖြစ်ပြီး အရင်ကတည်းက SSPP…
Read Moreစွမ်းအင်နဲ့ ဓါတ်သတ္တုဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ထိုး
ဝါရှင်တန်၊ မေ-၁-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းရဲ့ စွမ်းအင်နဲ့ ဓါတ်သတ္တုအရင်းအမြစ်တွေကို ပူးတွဲအသုံးချရေး သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်တို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ရုရှားနဲ့ စစ်ပွဲအပြီးမှာ ယူကရိန်းစီးပွားရေး နာလန်ထူစေဖို့ ပြန်လည်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေထူထောင်ဖို့ကိုလည်း ယူကရိန်းနဲ့ အမေရိကန်တို့ သဘောတူခဲ့ပါတယ်။ ယူကရိန်းမှာ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို နှစ်ဖက်စလုံးက ကတိကဝတ်ပြုထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။ ယူကရိန်းကတော့ ဒီသဘောတူညီချက်ဟာ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေရယူရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ ယူကရိန်းမှာ ဂရပ်ဖိုက်၊ တိုက်တေနီယံနဲ့ လစ်သီယမ်လို အရေးပါတဲ့ ဓါတ်သတ္တုအများအပြားရှိတယ်လို့ ယုံကြည်ရပါတယ်။ ရှားပါးသတ္တုတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ စက်မှုအခြေခံအဆောက်အအုံတွေမှာ အရေးပါတာကြောင့် လိုအပ်ချက်မြင့်မားနေပါတယ်။ ကမ္ဘာမြေရှားသတ္တုတွေရဲ့ ၉၀ ရာခိုင်နှုန်းစျေးကွက်ရှိနေတဲ့ တရုတ်နဲ့အမေရိကန်တို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေချိန်မှာ ယူကရိန်းနဲ့ အမေရိကန်တို့…
Read More