အစ္စလာမ္မာဘတ်၊ မေ-၃-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကက်ရှ်မီးယားနယ်စပ်အနီးနေထိုင်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံပစ္စည်းတွေ စုဆောင်းသိုလှောင်ထားဖိုပ ပါကစ္စတန် တာဝန်ရှိသူတွေက ညွှန်ကြားလိုက်ပါတယ်။ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်အခြမ်း ပါဟယ်ဂမ်ဒေသမှာ ကမ္ဘာလှည့်ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ ပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။ ပါကစ္စတန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သံတမန်တွေ အပြန်အလှန်နှင်ထုတ်တာ၊ ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတာနဲ့ လေကြောင်းလိုင်းတွေ ပျံသန်းခွင့် ပိတ်ပင်တာအပါအဝင် လက်တုံ့ပြန်အစီအမံတွေ ချမှတ်ခဲ့ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ကက်ရှ်မီးယားဒေသကို နှစ်ဖက်ပိုင်းခြားထားတဲ့ စစ်ရေးထိန်းချုပ်မျဉ်း နယ်စပ်တလျှောက်မှာ ရှစ်ညဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ နယ်စပ် စစ်ရေးထိန်းချုပ်မျဉ်းတလျှောက် ဒေသ ၁၃ ခုရှိ ဒေသခံတွေအနေနဲ့ အစားအစာ၊…
Read MoreMonth: May 2025
အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၃)
ဆူးငှက် ၂၇လမ်းအတိုင်း ထွန်းလှဟော်တယ်က အရှေ့တက်တော့ လမ်းဘေးမှာ အရင် ရဲသိပ္ပံကျောင်း(အခု ကလေးအထူးကု ဆေးရုံဝင်း) ဘေးမှာ လမ်းပေါ် လူတွေထွက်နေကြတယ်။ တချို့က အထုပ်အပိုးတွေလည်းပါတယ်။ ၂၇လမ်းနဲ့ ၆၆လမ်းဆုံမှာတော့ ကားတွေ ဆိုင်ကယ်တွေ ရှုပ်လို့၊ အင်ဗြူးလင့်ကားတွေက ဥသြသံတညံညံနဲ့ တောင်ဘက်ထဲ အပြေးအလွှားမောင်းသွားကြပြန်ပြီ။ ကျွန်တော်က အိမ်ကို ထပ်ပြီး ဖုန်းခေါ်ကြည့်တော့ မရသေးဘူး။ ၂၇လမ်းအတိုင်း အရှေ့ဘက် ဆက်တက်တော့ ၆၄လမ်းထိပ်က အိုရီယမ်တယ်ဟောက်စ် ခန်းမကြီးက အပြင်ပန်းမှာ ကြိးကြီးမားမား အပျက်အစီးတော့ မတွေ့ရဘူး။ (ဒါပေမယ့် နောက်ရက်တွေမှာ အတွင်းပိုင် ပျက်စီးမှု အချို့ရှိတာ ပြုပြင်ရမှာမို့ ပွဲလမ်းတွေ လက်မခံနိုင်တော့တာ သူတို့ page က ကြေညာထားတာ တွေ့လိုက်ရပါတယ်)။ ၂၇လမ်းအတိုင်း ရှေ့ဆက်တော့ လမ်းဘေးဝဲယာက အဆောက်အအုံတွေ ကြီးကြီးမားမား အပျက်အစီးရှိကြပုံ မပေါ်ပေမယ့် ပေါ်တီကို ပြုတ်ကျတာ၊…
Read Moreအမေရိကန်စီးပွားရေး သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်း၊ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ထရန့်အပြစ်တင်
ဝါရှင်တန်၊ မေ-၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အစီအစဉ်တွေကြောင့် အမေရိကန်စီးပွားရေးဟာ ယခုနှစ်ပထမသုံးလအတွင်း မထင်မှတ်ဘဲ ကျဆင်းသွားပြီး ဒီလိုစီးပွားရေးကျဆင်းမှုဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကြောင့်လို့ ထရန့်က ပြောပါတယ်။ ဒါဟာ သုံးနှစ်တာကာလအတွင်း နိုင်ငံဂျီဒီပီကျဆင်းမှု ပထမဆုံး သုံးလပတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သုည ဒဿမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။ ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် အမေရိကန်မှာ ရင်းနှီးမြုပ်နှံမှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။ “ စီးပွားရေးကျဆင်းမှုက ဘိုင်ဒင်လို့ ပြောရမှာပဲ၊ ထရန့်မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ဇန်နဝါရီလကမှ အစိုးရဖြစ်လာတယ်။ ဒါတွေဟာ သုံးလတကြိမ် ကိန်းဂဏန်းတွေဖြစ်ပြီး ဘိုင်ဒင်လု်ပခဲ့တာတွေကို ဆန့်ကျင်တယ် ” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဂျီဒီပီရဲ့ သုံးပုံနှစ်ပုံကျော်ရှိတဲ့ စားသုံးသူ အသုံးစရိတ်ဟာ ၁ ဒဿမ ၈…
Read Moreမိုးရာသီမှာ ကွင်းလမ်းတွေ သွားလာမရလို့ မန္တလေး – မြစ်ကြီးနားလမ်း ကုန်စည်စီးဆင်းမှု အခက်ကြုံနိုင်
မေ ၁၊ ၂၀၂၅ Shy V (VOM) မန္တလေး – မြစ်ကြီးနား လမ်းဟာ မိုးရွာရင် သယ်ယူပို့ဆောင်နိုင်ရန် အဆင်မပြေနိုင်ကြောင်း ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခုတော့ သွားလို့ လာလို့ ရသေးတယ်။ မိုးမရွာလို့ ရှိရင်တော့ ကွင်းလမ်းလည်း သွားလို့ရတယ်။ မိုးရွာရင်တော့ ကွင်းလမ်းတော့ မလွယ် တော့ဘူး။” လို့ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။ လက်ရှိဝောာ့ ကုန်နဲ့ သွားရင် တခေါက်ကို ၁၅ ရက် ကနေ ၂၀ ရက်လောက် အထိ ကြာတယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းနဲ့ ရွှေဘို ကြားက အုန်းတောဂိတ်နဲ့ ရွာသာကြီးဂိတ်မှာတော့ ဂိတ်ကြေးတွေ အဆမတန် ကောက်ခံနေတာရှိတယ်လို့ ကုန်သည် တယောက်က ပြောပါတယ်။ “အခု ဆိုးတာက အုန်းတောဂိတ်ရယ်၊ ရွာသာကြီးဂိတ်ရယ်။…
Read Moreစမ်းချောင်းမှာ မီးစက်ကထွက်တဲ့ မီးခိုးငွေ့ကိုရှုမိပြီး တိုက်ခန်းအတွင်းမှာ မိသားစုလေးယောက် အသက်ရှုကြပ်သေဆုံးခဲ့
မေ – ၁ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ ရွှေလောင်းလမ်းထဲက တိုက်ခန်းလေးလွှာမှာ မိသားစုလိုက် အသက်ရှုရပ် သေဆုံးပြီး ပုပ်ပွနေတဲ့ရုပ်အလောင်း လေးလောင်းကို ဒီနေ့ မေ ၁ ရက်မှာ တာဝန်ရှိသူတွေက စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။ အဆိုပါ တိုက်ခန်းလေးလွှာရှိအခန်းကနေ အပုပ်နံ့တွေထွက်ရှိနေတာကြောင့် ရပ်ကွက်နေထိုင်သူတွေက သက်ဆိုင်ရာအာဏာပိုင်တွေကိုအကြောင်းကြားခဲ့ပြီးနောက် တိုက်ခန်းတံခါးကိုဖျက်ပြီး ဝင်ရောက်ကြည့်ရှုရာမှ တိုက်ခန်းအတွင်း အသက်ရှုရပ်ပြီးသေဆုံးကာ ပုပ်ပွနေတဲ့ အလောင်းလေးလောင်းကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ “လူသစ်တွေပါ။သူတို့မိသားတိုက်ကပါ။ လူလေး ယောက်နဲ့ ခွေးတ ကောင် အခန်းထဲမှာ ပုပ်ပွသေဆုံးနေတယ်။ မီးစက်ရဲ့ မီးခိုးနံ့ကြောင့်လို့သိရတယ်။။လူသစ်တွေပါ။သူတို့မိသားစုကဖြူဖြူသန့်သန့်လူရည်သန့်လေးတွေပါ။ မီးစက်နိုးပြီး အဲယားကွန်းနဲ့ အိပ်တာ ။ နောက်ဖေးခန်းက မီးစက်မီးခိုးကို ပြန်ရှူမိပြီး သေကြတာပါ။သိတဲ့အချိန်မှာ လှုပ်လို့မရတော့ဘူးထင်ပါတယ်။ ကလေးအပေါ်မှာ အဖေက ထပ်ရက်ကြီး ကုန်းထရင်း သေဆုံးနေတာပါ။”…
Read Moreမိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေ
မေ ၂- ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကစပြီး နစကတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ထိုးစစ် အရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လက်နက်ကိုင်တပ်တွေက မိုးဗြဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက သိမ်းထားတာ။ ဒါပေမယ့် မြို့ပြင်က ခြေမြန်တပ်ရင်း (ခမရ – ၄၂၂) ကိုတော့ ခုထိ မသိမ်းနိုင်သေးဘူး။ အဲဒီတပ် ကျန်နေတာရှိတယ်။ အခု အဲဒီ ခမရ – ၄၂၂ က လူအင်အားရော၊ လက်နက်အင်အားရော…
Read Moreပဲခူးတိုင်းထဲမှာ ရွာ ၄၀ ထက်မနည်း စစ်ရှောင်နေရ၊နေအိမ်မီးလောင်မှုနဲ့ လူသေဆုံးမှုတွေပါရှိနေ
မေ – ၂ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်းထဲက ရွှေကျင်မြို့ နယ်၊ဝေါမြို့နယ် ၊ မင်းလှမြို့နယ် ၊ ပေါက်ခေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၄၀ ကျော်ထက်မနည်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးစစ်ရှောင်နေကြရတယ်လို့သိရပါတယ်။ တိုက်ပွဲကြောင့် ရွှေကျင်မြို့နယ်နဲ့ဝေါမြို့နယ်တွေထဲက ကွမ်းဆိပ်၊ ညောင်ခြေထောက်ကျေးရွာတွေ၊ သူရဲသမိန်၊လက်ပံ၊စက်စု၊ဆင်ရွာ၊ဂျိုးလေး၊ဒုံစရစ်၊စလူချောင်း ၊ဥတိုရွာ စတဲ့ ကျေးရွာအချို့ကပြည်သူတွေဟာ ဧပြီ ၂၃ ရက်နေ့ကတည်းက ဒီကနေ့အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ ” တိုက်ပွဲက ရွှေကျင်နဲ့ဝေါ အစပ်က ကျေးရွာတွေမှာတိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးတွေရော လေကြောင်းပစ်ခတ်မှုရှိတော့ ရွာကလူတွေ စစ်ရှောင်ကြရတယ်။ ကွင်းဆိပ်မှာစဖြစ်တဲ့ အရင်ရက်ထဲကရှောင်နေကြတာ။တဖြည်းဖြည်းပိုများလာတာပေါ့။” လို့ ဝေါဒေသခံကပြောပါတယ်။ အလားတူ ပဲခူးအနောက်ခြမ်းက မင်းလှမြို့နယ် ထဲမှာဆိုရင်လည်း ကျွဲမကိုင်း၊ ငမိုးရိပ်၊ ကျောင်းရွာ၊ စမ်းဘုတ်၊ စမ်းကြီး၊ ဇရစ်မြောင်၊ သရော်ကုန်း၊ ဆားချောင်း၊ ထောက်ကြန့်၊…
Read Moreမန္တလေးမှာ အငြိမ်းစား ပါမောက္ခကို လုယက်သတ်ဖြတ်ခဲ့သူ ဖမ်းဆီးရမိ
မေ ၂ ၊၂၀၂၅ SP(VOM) ပြီခဲ့တဲ့ ဧပြီ ၂၅ ရက်က မန္တလေး မဟာအောင်မြေ မြို့နယ်မှာနေထိုင်တဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က မနေ့ မေ ၁ရက်မှာ ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။ ” အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေး ကို သတ်ဖြတ် လုယက် ထွက်ပြေးသွားသူကို မနေ့က မနက်ပိုင်းမှာ ရှမ်းပြည်နယ် ဟဲဟိုးမြို့မှာ ဖမ်းဆီးရမိတယ် ၊သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်တယ် ” လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူမှာ စိုင်းထွန်းနော (ခ)ကိုစိုင်း အသက် ၂၅ နှစ် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့၀င်…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၂)
ဆူးငှက် ငလျင်က အတော်ပြင်းတယ်။ ပန်းချီပြခန်းထဲ ထိုင်နေတုန်း ငလျင်စလှုပ်တယ် သိသိချင်း ခဏနဲ့ ပြီးသွားမယ် ထင်တာကိုး။ ဒါကြောင့် တော်တော်နဲ့ မထဖြစ်ဘူး။ ဘယ်ဟုတ်မလဲ ခါရမ်းနေအောင် အကြာကြီးလှုပ်မှ ရှေ့ကလမ်းပေါ် ပြေးထွက်ခဲ့ကြတာ။ ကိုညီညီနိုင်က ကျွန်တော့်ကို အတော်စိုးရိမ် နေတယ်။ ဆရာ ရလား၊ အဆင်ပြေလားလို့ လက်ကိုတွဲထားပြီးမေးတယ်၊ ကျွန်တော့် လက်မောင်း တဖက်ကို သက်သက်ငြိမ်းက ကိုင်ထားပြီး ဆရာ မထနဲ့ဦး၊ မထနဲ့ဦးလို့ တွင်တွင်ပြော တယ်။ မစူစံက အတော်ကြောက်နေတယ်။ သူ့ကို လှမ်းပြီးအားပေးစကား ပြောလိုက်ရတယ်။ သူက အရင်ရက် ကတည်းက သူ့စီစဉ်တဲ့ပြပွဲအတွက် စိတ်မောလူမောဖြစ်နေခဲ့တာ။ ကိုကျော်ခိုင်က အနောက်ဖက် ဦးလှည့်ထားတဲ့ သူ့ကားကို နောက်ဆုတ်မောင်းလာပြီး ဆရာ ကားပေါ် တက်တော့ ဆရာ့ကို ပြန်လိုက်ပို့မယ်ဆရာ လို့ လှမ်းပြောလို့ ကားပေါ် ခပ်သွက်သွက်ပဲ…
Read Moreအလှမ်းဝေးနေဆဲ အလုပ်သမား အခွင့်အရေး
မေ ၁ – ၂၀၂၅ SN (VOM) နှစ်စဉ်နှစ်တိုင်း မေလ ၁ ရက်နေ့မှာ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) ကို ကျင်းပလေ့ရှိကြပါတယ်။ မေဒေးနေ့ဟာ အလုပ်သမားထုကြီးရဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရတဲ့ သမိုင်းဝင် နေ့တနေ့ဆိုရင်လည်း မမှားပါဘူး။ ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့ဟာ (၁၃၅) ကြိမ်မြောက် မေဒေးနေ့ ဖြစ်ပါတယ်။ မေဒေးနေ့ကို ၁၈၉၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှစပြီး ကမ္ဘာ့နိုင်ငံများစွာမှာ ကမ္ဘာ့အလုပ်သမားတွေကို လုပ်အားတန်ဖိုး မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို ပြည့်ဝစွာ ခံစားရသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုတွေ ပေါ်ပေါက်လာအောင် တပ်လှန့်လိုက်သောနေ့၊ ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းမှာ နေ့ထူးနေ့မြတ်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ နေ့တနေ့အဖြစ် ဂုဏ်ပြု ကျင်းပကြပါတယ်။ မေဒေးနေ့ဟာ ၁၈၈၆…
Read More