လားရှိုးမှာ ခိုးမှု၊ လုယက်မှုနဲ့ ဓါးပြမှုတွေ ခေါင်းထောင်လာပြန်

မေ ၁၃၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ မကြာသေးခင်ရက်တွေအတွင်း ခိုးမှု၊ လုယက်မှုနဲ့ဓါးပြမှုတွေ တကျော့ပြန်ခေါင်းထောင်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သူခိုး တယောက်ကို လက်ရ ဖမ်းဆီးမိခဲ့တယ်။ အခြားနှစ်ယောက်ကတော့ ကျောက်ခဲ၊ လေးခွတွေနဲ့ ခုခံ ထွက်ပြေး လွတ်မြောက်သွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက် ၉ နာရီခန့်က လားရှိုး၊ ရပ်ကွက် ၁ က နေအိမ် တအိမ်ကို လူ ၃ ယောက် ဖောက်ထွင်းဝင်ရောက်နေချိန် အိမ်နီးချင်း တယောက်က လှမ်းမြင်လိုက်တော့ သံချောင်းတီး အော်ဟစ်ပြီး အနီးနားက ဒေသခံတွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်တာ လို့ သူက ပြောပါတယ်။ “မနေ့ မေလ ၁၁ ရက်နေ့…

Read More

ဂန့်ဂေါနယ် လယ်မကျေးရွာကို နစကတပ်က ၀င်ရောက်စီးနင်း

မေ ၁၃၊၂၀၂၅ SP (VOM) မကွေးတိုင်း ဂန့်ဂေါမြို့နယ် ၊ဂန့်ဂေါ – မုံရွာ ကားလမ်းပိုင်းမှာရှိတဲ့ လယ်မကျေးရွာမှာရှိတဲ့ ယောဒေသ လက်နက်ကိုင်အဖွဲ့တဖွဲ့ကို မနေ့ မေလ ၁၂ ရက် မနက်ပိုင်းက နစကတပ်ကနေ ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၄ နာရီခွဲလောက်မှာ လယ်မရွာထဲကို နစက စစ်ကြောင်းတွေ၀င်ရောက်လာတယ် ၊ နောက်ပြီးရွာထဲက လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတယ် ၊တချို့လူငယ်တွေလည်း အသတ်ခံရတာတွေရှိတယ် ၊လူ ၁၀ ယောက်ကျော် အသတ်ခံရတယ် ၊ ရွာထဲမှာ လူငယ်တချို့လည်းပျောက်ဆုံးနေဆုံးနေဆဲဖြစ်တယ်” လို့ လယ်မရွာခံတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ လယ်မရွာမှာ PDF အဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ သတင်းအရ ရွာကို ၀င်ရောက်စီးနင်းပြီး နယ်မြေရှင်းလင်းခဲ့တာလို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။…

Read More

အိုင်စီစီမှာ အဖမ်းခံထားရပေမယ့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရ

မနီလာ၊ မေ-၁၃-၂၀၂၅ ရတီ (VOM) ဖိလစ်ပိုင်းမှ လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်စစ်ပွဲကြောင့် အိုင်စီစီမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဟောင်း ဒူတာတေးဟာ အမာခံနယ်မြေမြို့တော်မှာ မြို့တော်ဝန်အဖြစ် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒူတာတေးမိသားစုရဲ့ အမာခံနယ်မြေဖြစ်တဲ့ နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒူတာတေးရွေးချယ်ခံရကြောင်း အစောပိုင်းမဲရလဒ်တွေမှာ ဖော်ပြထားပြီး သူ့ရဲ့ သစ္စာရှိ လက်ထောက်နုဲ့ မူးယစ်စစ်ပွဲကို တာဝန်ယူဖူးတဲ့ ရဲချုပ်တို့ဟာ အထက်လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်မလာခင်က ဒူတာတေးဟာ တောင်ပိုင်းမြို့ကြီးဖြစ်တဲ့ ဒါဗာအိုမြို့ကို ဆယ်စုနှစ် နှစ်ခုကြာ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒူတာတေးနဲ့ မားကို့စ်မိသားစုရဲ့ နိုင်ငံရေးဩဇာအားပြိုင်မှုတွေ လွှမ်းမိုးနေတဲ့ လက်ရှိကြားဖြတ်ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တွေလည်း ထွက်ပေါ်နေပြီး ဒူတာတေးရဲ့ သမီးဖြစ်သူ ဒုတိယသမ္မတ ဆာရာဒူတာတေးရဲ့ နိုင်ငံရေးကံကြမ္မာကလည်း ဝေဝါးနေဆဲဖြစ်ပါတယ်။ သမ္မတ မားကို့စ်ဂျူနီယာနဲ့ ဒုသမ္မတ ဆရာဒူတာတေးတို့အကြား သမ္မတဟောင်း…

Read More

တူရကီ ကာ့ဒ်အဖွဲ့က လက်နက်စွန့်ပြီး အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာ

အန်ကာရာ၊ မေ-၁၃-၂၀၂၅ ရတီ(VOM) တူရကီမှာ နှစ်ပေါင်း ၄၀ ကြာ လက်နက်ကိုင်ထကြွခဲ့တဲ့ ပီကေကေ ကာ့ဒ်အဖွဲ့ဟာ လက်နက်စွန့်ပြီး အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုဖျက်သိမ်းဖို့အတွက် အကျဉ်းကျခံနေရတဲ့ အဖွဲ့ခေါင်းဆောင် အဗ္ဗဒူလာအိုကလန်က ဖေဖော်ဝါရီလမှာ တောင်းဆိုလိုက်ပြီးနောက် ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ပီကေကေ အဖွဲ့ကတော့ သူတို့ရဲ့ တော်လှန်မှုဟာ တူရကီလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ ကာ့ဒ်တွေအတွက် နယ်မြေပိုင်ဆိုင်ရေးဖြစ်တယ်လို့ ပြောပါတယ်။ ပဋိပက္ခတွေအတွင်း လူပေါင်း လေးသောင်းလောက်သေဆုံးခဲ့ပါတယ်။ တူရကီ၊ အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်တို့က အကြမမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ပီကေကေ ကာ့ဒ်အဖွဲ့က သူတို့ရဲ့ သမိုင်းဝင်တာဝန်ပြီးမြောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်မှုကို အဆုံးသတ်မယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ကာ့ဒ်ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။ ပီကေကေအဖွဲ့ခေါင်းဆောင်ဟာ ၁၉၉၉ ခုနှစ်ကတည်းက အကျဉ်းစံနေရတာပါ။ နိုင်ငံရေးအရ အဖြေရှာဖို့နဲ့ အဖွဲ့ဖျက်သိမ်းရေးတို့ကို အဖွဲ့ခေါင်းဆောင် အိုကလန်က…

Read More

အိုးထိမ်းကွင်းရွာ လေကြောင်းတိုက်ခိုက်မှု နစကငြင်း

မေ ၁၃၊ ၂၀၂၅ Shy V (VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာမှာ မေလ ၁၂ ရက် ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ထိခိုက်သေဆုံးမှုတွေ ဖြစ်စဉ်မှာ နစက ဗုံးကြဲတိုက်ခိုက်မှု မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု မရှိကြောင်း နစက ဘက်က ငြင်းဆို ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ‘ဗုံးမှန်တဲ့ ငါတို့ကျောင်း၊ ဟော ဒီမှာ သွေးစွန်းနေတဲ့ ကလေးတွေရဲ့ အဝတ်တွေ၊ အခုလည်း အပေါ်မှာ ဝဲ နေတုန်းပဲ။ ကလေးတွေရဲ့ ပညာသင်ကြားမှု အတွက် ဘာဖြစ်လို့ ဒီလို လုပ်တာလဲ။” လို့ အဲဒီကျောင်းက ဆရာမ တယောက်က လူမှုကွန်ရက်မှာ ရုပ်သံတင်ထားပါတယ်။ ၂၀၂၅ ခုနှစ် မေလ ၁၂…

Read More

အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူကြပြီ

ဒေလီ၊ မေ-၁၀-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြည့်အ၀နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို လိုက်နာနေပေမယ့် အိန္ဒိယစစ်တပ်အနေနဲ့ သတိရှိရှိ နိုးနိုးကြားကြားနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် လိုအပ်တာတွေကို စတင်ပြင်ဆင်နေတယ်လို့ အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အမြဲတမ်းကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ အမေရိကန်က တညတာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ရလဒ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်း ပါဟယ်ဂမ်မှာ ခရီးသွား ၂၆ သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လက စစ်သွေးကြွတိုက်ခိုက်မှုအပြီး အိန္ဒိယစစ်တပ်ဟာ ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ဒုံးကျည်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုစတင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု ၊ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း…

Read More

သီပေါဘက်မှာ ကိုးကန့် MNDAA တွေ အင်အား ထပ်ဖြည့်လာ

မေ ၁၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဘက်မှာ မေလ ၉ ရက်နေ့ကစ ကိုးကန့် MNDAA တွေ အင်အား ထပ်ဖြည့်လာနေကြောင်း ေဒသခံတွေဆီက သိရပါတယ်။ “ယမန်နေ့ မေလ ၉ ရက်နေ့က ရှမ်းမြောက် သီပေါမြို့နယ်ဘက် ကိုးကန့် MNDAA တပ်ဖွဲ့တွေ စစ်အင်အား ဖြည့်တင်းလာတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ဘက်ကရော SSPP/SSA တပ်ဖွဲ့ ဘက်ကရော အင်အားဖြည့်တင်းနေတာသိရပေမယ့် အင်အား အရေအတွက်တော့ မသိရဘူးလို့ ဆိုပါတယ်။ “ကိုးကန့် ကားတွေကတော့ ဖြတ်တယ်။ စစ်အင်အားဖြည့်လား မဖြည့်လားတော့ မသိဘူး။ ပြန်ရှုပ်လာမယ်လို့ အသံထွက်နေတာ။ မသိပါဘူး။ လောလောဆယ်တော့ အေးဆေးပါပဲ။ SSPP/SSA တွေကတော့ ဟိုး အရင်ကတည်းက…

Read More

ချောင်းဦးနယ်က အလှူပွဲ လေကြောင်းတိုက်ခိုက်ခံရ သုံးယောက် သေဆုံး ၊ ငါးယောက် ဒဏ်ရာရ

မေ ၁၁ ၊ ၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ မေလ ၁၀ရက်က ကျင်းပပြုလုပ်တဲ့ ရှင်ပြုနားသ အလှူပွဲတခုမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးသူတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ သုံးပန်လှရွာခံတယောက်က ” အလှူပွဲက အကြီးအကျယ်ပြုလုပ်တဲ့ ပွဲမျိုးမဟုတ်ဘူး ၊ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်တဲ့ အလှူပွဲမျိုးဖြစ်တယ် မနေ့က၊ အလှူမဏ္ဍပ်၀င်မယ့် ရက်ဖြစ်တယ် ၊အဲ့ဒါ မနေ့က ၁၂ နာရီ၀န်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတယ် ၊မောင်ရှင်လောင်း တယောက်အပါအ၀င် အလှူဒါယကာနဲ့ အမျိုးသား သုံးေယာက် ထိခိုက် သေဆုံးတယ် ၊ဒါ့အပြင် အလှူဒါယာကာမနဲ့ သူ့သမီး နားသပါတဲ့ ကောင်မလေးက ဒဏ်ရာရတယ် ” လို့ ပြောပါတယ် ။ အဲ့ဒါကြောင့် ဒီကနေ့မှာကျရောက်မယ့် အလှူပွဲရက်ဟာ ပျက်သွားတယ်လို့ သိရပါတယ် ။…

Read More

အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၁)

ဆူးငှက် “ အရှေ့လားသော် တာနားရွာငယ်၊ အောင်ပင်လယ်တည့်၊ အနောက်လားသော် ရုပ်ပွားရွှေစင် မုနိရှင်တည့်၊ တောင်သို့လားသော် တံတားသာဟန် တောင်သမန်တည့်၊ မြောက်သို့လားသော် နွမ်းပါးယွင်းယို ရွှေနန်းအိုတည့်၊ သိပ္ပံမြေအား ဗဟိုထား၍ ငါကားတုံ့ခေါက် ထောင့်တိုင်းရောက်သည် စိတ်နောက် ကိုယ်ပါခဲ့သည်လေး ရွှေမန်းယခင်ရှေး” တဲ့။ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီက ဥပစာကောလိပ်၊ ယူနီဗာစီတီကောလိပ်၊ မန္တလေးတက္ကသိုလ်တည်းဟူသော သိပ္ပံမြေကို ဗဟိုပြုပြီး မန္တလေးရဲ့ အရပ်၄မျက်နှာကို ဒီလိုရေးဖွဲ့ခဲ့ပါတယ်။ ကျွန်တော်က ငလျင်လှုပ်ပြီး နောက်ရက် မန္တလေးကို ရနိုင်သလောက် လှည့်ပတ်ကြည့်ရှုရင်း ဒီကဗျာကို သတိရနေပါတယ်။ ဟိုအရှေ့အောင်ပင်လယ်မှသည် အနောက် မြစ်ဆိပ်၊ ဟိုတောင်ဘက် တောင်သမန်မှသည် မြောက်ဘက် မန္တလေးတောင်၊ သည်ကြား ရောက်ခဲ့ မြင်ခဲ့ရသမျှ ငလျင်ဒဏ်ကြောင့်ပုံကျ ပြိုလဲ တိမ်းစောင်း ယိမ်းယိုင်နေသည့် အဆောက်အအုံတွေချည်း တွေ့မြင်နေရတယ်။ ဆရာဇော်ဂျီ ဗဟိုပြုခဲ့တဲ့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးလည်း…

Read More

မေ ၁၅ ရက်မှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင် အဆိုပြု

မော်စကို၊ မေ-၁၁-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးရေးအတွက် ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပြီး နှစ်ဖက်ဆွေးနွေးမှုတွေကို မေ ၁၅ ရက်မှာ နှောင့်နှေးမှုမရှိ စတင်သင့်တယ်လို့ ပြောပါတယ်။ ပဋိပက္ခတွေရဲ့ မူလဇစ်မြစ်ကို ဖယ်ရှားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ဖို့ လေးနက်တဲ့ ဆွေးနွေးပွဲတွေကို ရှာဖွေနေတယ်လို့ ကရင်မလင်နန်းတော်ကနေ ပြီးခဲ့တဲ့ညက ပြောတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပူတင်က ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ပြင်သစ်သမ္မတ မက်ခရိုအပါအင် ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းကို သွားရောက်ခဲ့ပြီး ခြွင်းချက်မရှိ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ရုရှားကို တိုက်တွန်းပြီးနောက် ပူတင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။ ရုရှားအနေနဲ့ ဒါကိုစဉ်းစားမှာဖြစ်ပေမယ့် ရုရှားအပေါ်ဖိအားပေးမှုတွေကတော့ အလုပ်မဖြစ်ဘူးလို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်စကော့ဗ်က ပြောပါတယ်။ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးအသစ်ရရှိနိုင်ဖို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ…

Read More
VOM News

FREE
VIEW