ဘာမာကို၊ မေ-၁၅-၂၀၂၅ ရတီ(VOM) မာလီနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးကို မာလီစစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းဝေးပွဲတွေအားလုံးကို နိုင်ငံတော်ပိုင်နက်အတွင်း ဖျက်သိမ်းလိုက်တယ်လို့ သမ္မတအမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုဟာ ဒီမိုကရေစီစနစ်နဲ့ အရပ်သားအုပ်ချုပ်ရေးကို တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်းမာတဲ့ သဘောထားနဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာပိုင်တွေက ကတိကဝတ်ပြုထားပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် Assimi Goïta ဟာ နောက်ထပ်ငါးနှစ်ကြာ အာဏာကိုင်ဆွဲထားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အာဏာပိုင်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။ စစ်အစိုးက ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အတိုက်အခံခေါင်းဆောင်တွေက သပိတ်မှောက်ခဲ့ကြပေမယ့် အာဏာသိမ်းခေါင်းဆောင်ကတော့ ၂၀၃၀ ခုနှစ်ထိ…
Read MoreMonth: May 2025
နယ်ကလူတွေ ပခုက္ကူမြို့ပေါ်ကို အသွားအလာလုပ်ရင် ပကဖ အဖွဲ့တွေဆီ အကြောင်းကြားရမယ်
မေ ၁၅ ၊ ၂၀၂၅ SP (VOM) မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပြည်သူတွေကို အခုရက်ပိုင်း ပခုက္ကူမြို့ပေါ်ကို သွားလာခြင်း မပြုလုပ်ကြဖို့ သွားချင်ရင် သက်ဆိုင်ရာ မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေး) အဖွဲ့တွေကို အကြောင်းကြားရမယ်လို့ ကန့်သတ်တားမြစ်အမိန့်တွေ ထုတ်ပြန်ထားတဲ့အေကြာင်း ဒေသခံ ရွာသူ ရွာသားတွေဆီက သိရပါတယ်။ ” ဘယ်လို အကြောင်းကိစ္စမျိုးနဲ့ဖြစ်ဖြစ် ၊ ပခုက္ကူမြို့ပေါ်ကို သွားမယ်ဆိုရင် ရွာမှာရှိတဲ့ ပကဖ အဖွဲ့တွေဆီကို အကြောင်းကြားပြီမှ သွားရမယ်လို့ အမိန့်ထုတ်ထားတယ် ၊မြို့ကပြန်လာရင်လည်း ပြန်ရောက်တယ်ဆိုတဲ့အကြောင်း ပကဖ အဖွဲ့တွေဆီ အကြောင်းပြန်ရမယ် ” လို့ မြိုင်နယ် ဒေသခံ တယောက်က ပြောပါတယ် ။ ဒါ့အပြင် ပေါက်မြို့နယ်ဘက်က ကျေးရွာတွေဘက်မှာလည်း အလားတူ အမိန့်တွေထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ အဲ့ဒါကြောင့်…
Read Moreလှိုင်းဘွဲ့မြို့နယ် တိုက်ပွဲကြောင့် တာလယ်ကျေးရွာ ဒေသခံတွေ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်
မေ ၁၃ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ ဒေါနတောင်တန်း (အရှေ့ခြမ်း)၊ နော်တရာ တောင်ခြေမှာရှိတဲ့ တာလယ်ဗျူဟာစခန်းကို ရရှိဖို့ KNLA က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စခန်း မကျဖို့ နစကတပ်က လေကြောင်းပစ်ကူတွေ သုံးပြီး ခုခံနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲနဲ့အတူ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် တာလယ်ကျေးရွာ ဒေသခံတွေဟာ ရွာလုံးကျွတ် နီးပါး ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကစပြီး KNLA တပ်မဟာ (၇) ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တာလယ်ဗျူဟာစခန်းကို…
Read Moreငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမယ်
မေ – ၁၃ ၊ ၂၀၂၅GG (VOM) ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီနဲ့ ခရစ်ယာန်ကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုမှာဖြစ်ကြောင်း သက်ဆိုင်ရာ သာသနာရေးမှူးရုံးတွေက အသိပေးထားပြီး ပျက်စီးအဆောက်အဦးကို ဖြိုဖျက်ခွင့်နဲ့ ပြန်တည်ဆောက်ခွင့်ပြုပေးမှုအပိုင်း ကြန့်ကြာမှုရှိနေ တယ်လို့သိရပါတယ်။ လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဗလီအချို့ကို ဖြိုချခွင့် နဲ့ ပြန်တည်ဆောက်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်နဲ့ခရိုင်ကို စာတင်ထားပေမယ့် ခွင့်ပြုမိန့် ချပေးခြင်းမရှိတာကြောင့် ဖြိုချခြင်းလုပ်ငန်းလည်းမလုပ်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးအပိုင်းမှာအခက်ကြုံနေရတယ်လို့ ဗလီအချို့ဆီက သိရပါတယ်။ ” ဗလီပြန်ဖျက်ခွင့်ရော ပြန်တည်ဆောက်ခွင့်က ခုထိမကျသေးဘူး။စာတင်ထားတာကြာပြီ။ဆောက်လုပ်ဖို့ကအဆင်သင့်ဖြစ်နေပြီ။ခုက ဘာမှလုပ်မရဘူး။ကျောက်ဆည်မှာ ဘယ်ဗလီမှဖြိုတာမတွေ့ရသေးဘူး။ပြန်ဆောက်တာလည်းမတွေ့သေးဘူး။မြို့နယ်ရော ခရိုင်ရောစာတင်ထားတာပါ။အဆောက်အဦးကို မူလအရွယ်အစားတိုင်းပြန်ဆောက်ဖို့ဆိုပြီး အကြောင်းကြားစာတွေတော့ရောက်တဲ့နေရာရောက်နေကြပြီ။ မူလပုံစံအတိုင်း မပျက်ဆောက်ဆိုလည်းကျွန်တော်တို့က ပြန်ဆောက်မှာပါအစည်းဝေးထိုင်ထားတယ် ။ဗလီအကျယ်အဝန်းနဲ့လက်ရှိလူဦးရေက ပြေတယ်။မူအတိုင်းကိုပြန်ဆောက်ခွင့်ရရင်ပြေတယ်။ခုက ဖြိုခွင့်လည်းမရသေးဘူး။ပြန်ဆောက်ခွင့်လည်းစာမကျသေးဘူး။” လို့ ကျောက်ဆည်မြို့က ဗလီတခုမှ တာဝန်ရှိသူကပြောပါတယ်။ နောက်ပြီး အချို့သော ဗလီတွေက လက်ရှိများပြားလာတဲ့လူဦရေအရ အဆောက်အဦးကို…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၅)
ဆူးငှက် မန္တလေးသားများ တယ်ပြီးဒေသစွဲကြီးကြတယ်လို့ ပြောကြတယ်။ ဟုတ်ပါတယ်လို့ ဝန်ခံပါတယ်။ ဒေသစွဲကြီးပုံများ ကိုယ့်မန္တလေးသား အချင်းချင်းကိုပင် အပြောအဆို အသုံးအနှုန်းက ပြောရိုးပြောစဉ်နဲ့လွဲရင်ကို အတိမ်းအစောင်း မခံနိုင်ဘူး။ ဥပမာဆိုပါတော့ ကျွန်တော်က ၈၄လမ်းနှင့် ၃၃လမ်းထောင့် နဂါးဆေးလိပ်တိုက်လို့ ပြောရင် လူကြီးတွေက “မင့်နှယ်ကွယ် လက်ဆည်ကန် နဂါးတိုက်ဆို တမြို့လုံး သိနေတာ” လို့ ပြင်ပေးတယ်။ (အခုတော့ နဂါးဆေးလိပ် တိုက် လို့တောင် နောက်လူတွေ မသိကြတော့ဘူး၊ အောင်သပြေကော်ဇောတိုက်ဆိုမှ သိကြတော့တာ)။ ရေစက်ရုံကြီး မသိတော့ဘူး၊ ယိုးဒယားဈေးဂတ်တဲ မသိကြဘူး၊ ကျောက်ထိုးရုံကွေ့မသိတော့ဘူး၊ အုန်းဘေကာရီထောင့် မသိတော့ဘူး။ တခါ တနယ်တကျေးသား သာမက မန္တလေးသားကကိုပဲ ဘုရားကြီးကို “မဟာမြတ်မုနိ” လို့ ပြောရင်ရေးရင် လက်မခံဘူး၊ ဘုရားကြီး ဒါမှမဟုတ် မဟာမုနိလို့ အမှန်ပြောမှ လက်ခံတာ။ အတိအကျဆိုရင် “မဟာမုနိရုပ်ရှင်တော်မြတ်” ဆိုတာ…
Read Moreမန်တုံ နဲ့ မိုင်းငေါ့မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ သေဆုံး၊ ထိခိုက်မှုရှိ
မေ ၁၃၊ ၂၀၂၅ Shy V ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ မန်တုံနဲ့ မိုင်းငေါ့မှာ ဧပြီလ ၁၂ ရက်နေ့ ညပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ သေဆုံး၊ ထိခိုက်မှုရှိ ဒေသခံတွဆီက သိရပါတယ်။ “မန်တုံ အောင်ချမ်းသာ ရပ်ကွက်မှာ ယမန်နေ့ မေလ ၁၂ ရက် နေ့ည ၁၀ နာရီခွဲ ဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲလို့ တယောက် သေဆုံးသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နေအိမ်ပေါ်တည့်တည့်ကျတာဖြစ်ပြီး လူ တချို့ ထိချုက်ဒဏ်ရာရကာ နေအိမ် ၆ အိမ်လောက် လုံးဝ ရစရာ မရှိအောင် ပျက်စီးသွား တခြား ၁၀ အိမ်ကျော်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ “မနေ့ မေလ…
Read Moreတမူးနဲ့ ကလေးမြို့နယ်မှာ စက်သုံးဆီ တဂါလံကို ငါးသောင်းနီးပါး စျေးပေါက်နေ
မေ ၊ ၁၄ ၊၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်းက အိန္ဒိယနိုင်ငံနဲ့ နီးစပ်နေတဲ့ တမူးမြို့နယ်နဲ့ ကလေးမြို့နယ်တွေဘက်မှာ အခုတလောစက်သုံးဆီတွေ ပြတ်လပ်နေပါတယ်။ တမူးနယ်ဘက်မှာ စက်သုံးဆီ (ဓာတ်ဆီ)တဂါလံကို လေးသောင်းခွဲ ၊ ငါးသောင်းနီးပါး စျေးပေါက်နေတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။ ” တမူးနယ်မှာ ဆီကားတွေ မ၀င်ရောက်တာ ကြာပြီ ၊ မြန်မာနှစ်သစ်ကူးမတိုင်ခင်က ဆီကားတွေ ၀င်ရောက်နိုင်တာ အခုဆို နှစ်လပြည့်တော့မှာ ” လို့ တမူးဒေသခံတယောက်က ပြောပါတယ်။ ဆီဘောက်ဆာမောင်း ကားသမားတယောက် ပြောတာက ” တမူး – ကလေးကားလမ်းက အခုထိ ပြန်မပွင့်သေးဘူး ၊တမူးနယ်ထဲမှာ PDF တွေထိန်းချုပ်ထားတဲ့ ရွာတွေရှိသလို ၊ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွာတွေလည်း ရှိတယ် ၊ ထိန်းချုပ်နေရာတွေများတာကြောင့် ဆီကားတွေ မသွားရဲကြဘူး ” လို့ ပြောပါတယ်။…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၄)
ဆူးငှက် သင်္ကြန်အတက်နေ့ (၁၆-၄-၂၅) နေ့က ကျွန်တော်တို့ စစ်ကိုင်းဘက် သွားကြတယ်။ ကျွန်တော်တို့ဆိုတာ တရားလွှတ်တော်ရှေ့နေကြီး ဦးထွန်းအောင်ကျော်၊ ကိုဇူးဇူးမော်(လူထုစာအုပ်တိုက်) နဲ့ ကျွန်တော်တို့ ၃ယောက်ပါ။ ကိုဇူးဇူးမော်က သူ့ကားနဲ့ အိမ်တိုင်ရာရောက် လာခေါ် ပြန်ပို့၊ လက်ဖက်ရည်လည်းတိုက် ဆိုတော့ သူ့စပွန်ဆာလို့ ပြောရမှာပေါ့။ စစ်ကိုင်းကို အဓိက သွားဖြစ်တာက ငလျင်ဒဏ်ကြောင့် ခြေကျိုး လက်ကျိုးရုံမက အိပ်ရာထဲ ဘုံးဘုံးလဲကာ သေမလားရှင်မလား မသိရတဲ့ အသက် ၉၁နှစ်အရွယ် အဘိုးအိုကြီး တဦးကို လူမမာသွားမေးကြတာပါ။ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ဒီအဘိုးကြီး အသက် ၁၈နှစ်က ခြေ၂ချောင်း အချိုးးခံရပြီး အိပ်ရာထဲ ၃၈နှစ်ကြာ လဲနေတုန်းက သူမှီတယ်တဲ့။ နောက် ကျိုးတဲ့ ခြေချောင်းတွေ ပြန်လည်ကုသပြီး နေကောင်းကျန်းမာသွားလို့ ပွဲကျင်းပတော့ သက ၇နှစ်သားမို့ ကောင်းကောင်းမှတ်မိသတဲ့။ ဒီတော့ ဦးထွန်းအောင်ကျော်က…
Read Moreလားရှိုးတိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပန်းတချို့ကို MNDAA ပြန်လွှတ်ပေး
မေ ၁၂၊ ၂၀၂၅ Shy V (VOM) လားရှိုးသိမ်း တိုက်ပွဲတုန်းက ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း တချို့ အခု ရက်ပိုင်း ပြန်လွှတ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ လားရှိုး ကုတင် ၁၀၀ ဆေးရုံ၊ မဆရ – ၁၀ (စစ်မြေပြင်ဆေးတပ်ရင်း)၊ တကရ – ၇၀၀၅ (တင့်ကားတပ်ရင်း)၊ ဝတရ – ၁ (ဝန်တင်တပ်ရင်း)၊ ဆသရ ခွဲ – ၁၀၁ (ဆက်သွယ်ရေးတပ်ခွဲ)၊ စခတ – ၁၁ (စစ်အခြေခံလေ့ကျင့်ရေးတပ်)၊ နမ္မတူ ရဲစခန်း၊ လောက်ကိုင်ရဲစခန်း တွေက အရာရှိတွေနဲ့ ခလရ – ၆၉ က အငြိမ်းစား အပါအဝင် စုစုပေါင်း ၄၂ ယောက် ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီ…
Read Moreအမေရိကန်နဲ့ တရုတ်တို့ ရက် (၉၀) ကြာ အခွန်လျှော့ကောက်ဖို့ သဘောတူကြပြီ
ဝါရှင်တန်၊ မေ-၁၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ချရေး ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံသွင်းကုန်တွေအပေါ် ရက်ပေါင်း ၉၀ ကြာ အခွန်လျှော့ဖို့ သဘောတူလိုက်ကြပါတယ်။ မေ ၁၄ ရက်မှစတင်ပြီး နှစ်ဖက်စလုံး.က အခွန်စည်းကြပ်မှုတွေကို ၁၁၅ ရာခိုင်နှုန်းထိသာ လျှော့ချထားရှိဖို့ သဘေားခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။ သဘောတူညီချက်အရ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၃၀ ရာခိုင်နှုန်းနဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တရုတ်နိုင်ငံက အခွန် ၁၀ ရာခိုင်နှုန်း လျှော့ချမှာလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းတို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုသဘောတူလိုက်တာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ယန္တရားတခုကိုလည်း ထူထောင်ဖို့ သဘောတူခဲ့ပါတယ်။ အနာဂတ်ဆွေးနွေးပွဲတွေကို အမေရိကန် သို့မဟုတ် တရုတ်နိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပြီး အပြန်အလှန် ဆက်သွယ်မှု…
Read More